ယနေ့  ၂၀၁၁ ခုနှစ် ဇွန်လ ၂၆ ရက် တနင်္ဂနွေနေ့  ညနေ ၅း၃၀နာရီမှ ညနေ ၉း၃၀နာရီ အထိ
ဒီမိုကရေစီမဟာမိတ်များအဖွဲ့ ချုပ်(ဂျပန်) ဖွဲ့ စည်းတည်ထောင်ခြင်း ၆ နှစ်ပြည့်(၂၀၀၅ ခုနှစ် ဇွန်လ ၁၂ ရက် တွင်စတင်ဖွဲ့ စည်း) အခမ်းအ နားနှင့် ပထမအကြိမ်ညီလာခံကို Consumer center ,Takadanobaba, Tokyo တွင် ကျင်းပ ခဲ့ပါသည်။ ဒမဖ (ဂျပန်) အဖွဲ့ ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား တွင် ဥက္ကဋ္ဌ ရဲဘော် မိုးသီးဇွန် မှ ပေးပို့ သော သ၀ဏ် လွှာကို အလုပ်အမှုဆောင် မလဲ့လဲ့ဝင်းကိုမှ
ဖတ်ကြားခဲ့ပြီး ညီလာခံပထမပိုင်း သဘာပတိများအဖြစ် ကိုကျော်ကျော်နိုင်၊ ဒေါ်ဝါ၀ါနှင့် ကိုစိုးနိုင်တို့  မှ ဆောင်ရွက်ခဲ့ကြပါသည်။ ညီလာခံဒုတိယပိုင်း သဘာပတိများအဖြစ် ကိုကိုအောင်၊ ကိုမြတ်စိုးနှင့် ကိုသန့် စင် တို့ မှ ဆောင်ရွက်ခဲကြပြီး အခမ်းအနားမှုးများအဖြစ် မခိုင်ကြည်ဝင်း၊ ကိုရဲနောင်ဦးနှင့် ကိုအောင်နိုင်ကျော် တို့ မှ ပူးတွဲတာဝန်ယူခဲ့ကြပါသည်။
အခမ်းအနားတွင်အဖွဲ့ ဝင်များမှရင်းနှီးပွင့်လင်းစွာဆွေးနွေးမှုများ အကြံပြုချက်များ ပြုလုပ်ခဲ့ကြပြီးမေးမြန်း
ချက်များကို တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ကြပါသည်။အဖွဲ့ စည်းမျဉ်းစည်းကမ်းများကိုလည်းတက်
ရောက်လာကြသောအဖွဲ့ ဝင်များ အကြံပြုဆွေးနွေးချက် တောင်းဆိုချက်များအရ ပြန်လည်ပြင်ဆင်ဖြည့်စွက်
ခဲ့ကြပါသည်။ထို့ အတူအဖွဲ့ ရှေ့ လုပ်ငန်းစဉ်များကိုလည်းအဖွဲ့ မူဝါဒများနှင့်အညီ ချမှတ်ခဲ့ကြပါသည်။
အမိမြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ လူ့ အခွင့်အရေးများနှင့် ငြိမ်းချမ်းရေးရ ရှိရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် လူထုအစိုးရတရပ် ပေါ်ပေါက်ရေး တို့ အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ညီလာခံတက်ရောက်လာသော အဖွဲ့ ဝင်များမှ တညီတညွတ်ထဲ ဆုံးဖြတ်ချက်ချခဲ့ကြ ပါသည်။
အခမ်းအနားတွင် ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများကို ကိုမောင်မောင်သန်း၊ ကိုသိန်းသန်း၊ ကိုကျော်ဝဏ္ဍ၊
ကိုထိုက်ကျော် တို့ နှင့်အတူ ကိုနောင်မင်းသိန်း နှင့် ကိုတိုးခန့်ကျော် တို့မှလည်း ပါဝင်ကူညီ၍ မှတ်တမ်းတင်
ပေးခဲ့ကြပါသည်။

post by Ko Ko Aung
1 comment :
shi ka ta ka nai mon da zo!!!!!
so re zo re de !!!!!
o kai ri masho!!!!!!!!!!!
ko no yaro mya mya win , maung pann mwe , ba nya &etc ~~~~~~!!!!!!
I GUESS ALL OF YOU ARE LIVING HELL!!!!!
SHAME ON YOU & ASK YOUR SELF !!!!!!!
*YIN LAW WAN*
Post a Comment