Thursday, 16 June 2011

ရဲဘော် အဟိ တခန်းရပ် ပြဇတ်

ရေဘူး ပေါက်တာမလိုချင်ဘူး ရေတွင်းပါတာလိုခင်တယ်

ပါဝင်သူများ .. ဗိုလ်မှူး - စိန်လက်စွပ် (တပ်ရင်းမှူး)၊ ရဲဘော် ပဲလှော်၊ ရဲဘော် တောငှက်ပျော၊ ရဲဘော အူဝဲ တပ်ရေး ဗိုလ်ကီး သောက်ရမ်းဗိုလ်ကီး လက်တန်း။
နေရာ .. ခမရ -  ၂ ပိုင်း ၁ ပိုင်း တပ်စခန်းတနေရာ။ ဗိုလ်မှူး စိန်လက်စွပ် တပ်စစ်ဆေးနေသည်။
(အပြည့်အစုံဖတ်လိုပါက ခေါင်းစဉ်ကို နှိပ်ပါ )

ဗိုလ်မှူးစိန်လက်စွပ် ... ရဲဘော်တို့  ရှေတန်းထွက်မယ်။ ငတ်မယ် ပြတ်မယ်ဘယ်ဆောင်ပုဒ်အတိုင်း တိုက်ကြမလဲ။
 
ရဲဘော်များ-  (သံပိုင်ဖြင့်) ရေဘူးပါက်တာမလိုခင်ဘူး။ ရေပါတာလိုခင်တယ် ဆောင်ပုဒ်နဲတိုက်ကြပါမယ်။ ဗိုလ်မှူး

ဗိုလ်မှူး စိန်လက်စွပ် ... အေးဟုတ်ပီ”  “ရဲဘော်ပဲလှော်၊ မင်းရေဗူး ဘယ်မှာလဲ

ရဲဘော်ပဲလှော် … “ကျနော့် မိန်းမ ရောင်းစားလိုက်ပါတယ် ဗိုလ်မှူး

(ဗိုလ်မှူး  အလွန်ဒေါသထွက်သည်။  ရဲဘော် ပဲလှောက်ကို တပ်မတော်ကို ဖိုခွဲရန်ကြံစည်မှုဖြင့် ဖမ်းဆီးလိုက်သည်။ တပ်ကို ဆက်လက်စစ်ဆေးသည်)

ဗိုလ်မှူး စိန်လက်စွပ် … “ရဲဘော် အူဝဲ .. ဒို့ တပ်မတော်ဆောင်ပုဒ်ကို ရွတ်စမ်း

ရဲဘော်အူဝဲ … “နိုဘူးပေါက်တာ မလိုခင်ဘူး။ နိုပါတာ လိုခင်တယ် ဗိုလ်မှူး

ဗိုလ်မှူးစိန်လက်စွပ် (ဒေါသထွက်စွာဖြင့်) ဘာကွ၊ မင်းနောက်တာလား

ရဲဘော်အူဝဲ … “အနှော်က နို့ နကြတ်ေိုပါ  ဗိုလ်မှူး

ဗိုလ်မှူး စိန်လက်စွပ် … “အေး ဒါဖြင့်ပီးရော

ဗိုလ်မှူး စိန်လက်စွပ် … (ရဲဘော် တောငှက်ပျော် က်ကို ကြည့်လိုက်ရင်း )။ မင်းရေဘူးမှာလဲ ရေမပါပါလားကွ

ရဲဘော် တောငှက်ပျော ...  ချောင်းတွေ ရေခန်းကုန်လိုပါ  ဗိုလ်မှူး

ဗိုလ်မှူး စိန်လက်စွပ် (စိတ်ပျက်စွာဖြင့်) “ ဒါဆို ငါတိုဘာဆက်လုပ်မလဲ

တပ်ထောက်ဗိုလ်ကီး ဗိုလ်သောက်ရမ်း  -  ဆောင်ပုဒ်ပြောင်းတိုက်ရင် ကောင်းမယ် ဗိုလ်မှူး

ဗိုလ်မှူး စိန်လက်စွပ် ... ဘယ်လို ပြောင်းမလဲ

ဗိုလ်ကီးသောက်ရမ်း ...  “ရေဘူးပျောက် တာမလိုခင်ဘူး။  ရေသန်ဘူး ပါရင်  ဖြစ်တယ်လိုဆောင်ပုဒ်ကို ပြောင်းသင့် ပါတယ်

ဗိုလ်မှူး စိန်လက်စွပ် … “ရေသန်ဘူးက ဈေးကီးတယ် မကိုက်ဘူး

ဗိုလ်ကီး လက်တန်း … “ဒါဆိုရင် ရေဘူးပျောက်တာမလိုခင်ဘူး ရေတွင်းပါရင် ဖြစ်တယ်”   
ဒီနားက ရွာမှာ ရေတွင်းတတွင်းတွေ့ထားတယ် ဗိုလ်မှူး

ဗိုလ်မှူး စိန်လက်စွပ် …“ကောင်းတယ်။ (ခန်ငြားသော အသံဖြင့်) ငါတိုတပ်မတော်ဆောင်ပုဒ်အသစ်က ဘာလဲဟေ့

ခမရ ၂ ပိုင်း၁ ပိုင်း ရဲဘော်များ(သံပိုင်)
ရေဘူးပေါက်တာ မလိုခင်ဘူး။ ရေတွင်းပါတာ လိုခင်တယ်

ဗိုလ်
မှူး စိန်လက်စွပ် … “ရေတွင်းသယ်ဖိုပေါတာဆွဲတော့ဟေ့

ကားလိတ်ချ

သကြားမင်းကီး (King Sugar the Great)

No comments :