Tuesday, 28 June 2011

အထက်ဗမာ လူငယ်များနဲ့  ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံပြီ

ဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည်က ဒီချုပ်အဖွဲ့ ဝင် လူငယ် ၁၀၀ ခန့် နဲ့ မနေ့ က  တွေ့ ဆုံဆွေးနွေးခဲ့တယ်။ တွေဆုံမှုကို ရန်ကုန်က ဒီချုပ်ရုံးက မှာကျင်းပခဲ့တယ်။ ကချင်၊ရှမ်းနဲ့  ကရင်လူငယ်များပါပါဝင်ကြတယ်လို့  သိရတယ်။ 

လူငယ်တွေကို ကွန်ယက်တွေကို တည်ဆောက်ဖို့  ၊ ပုံမှန်ဆက်သွယ်ရေးကို တည်ဆောက်ကြဖို့  ဒေါ်စုကတိုက်တွန်းခဲ့ပါတယ်။ လူငယ်များက  လူထု စားစရာမရှိတော့တဲ့အခြေအနေ နဲ့ စစ်အုပ်စုရဲ မတရားဖိနိပ်မှုများကို လူထုကသည်းခံနိင်မှုမရှိတော့တဲ့အခြေအနေများကိုဆွေးနွေးကြတယ်။
မနက်ဖန် မှာ အောက်ဗမာပြည်က လူငယ်များ နဲ့ ဒီနေ့ တွေ့  ဆုံမှာဖြစ်ပါတယ်။

1 comment :

Anonymous said...

လူငယ်တွေနဲ့  ဆွေးနွေးတဲ့အထဲမှာ မီဒီယာတွေမှာ တက်နေတဲ့ ကွန်မန့် တွေမှာ ရေးနေတဲ့ အဓိက အကြောင်းအရာတခု ဖေါ်ပြဖို့ ကျန်ခဲ့ပါတယ်။

အကြမ်းဖက်လှုပ်ရှားမှု နည်းလမ်းကို ဒေါ်စု လက်မခံနိုင်တဲ့ အကြောင်းအရာဖြစ်ပါတယ်။

သာမန်ပြည်သူတွေ နိင်ငံရေးသမားတွေ ဘက်စုံထောင့်စုံ ဝေဖန်ဆွေးနွေး ငြင်းခုန်သင့်ပါတယ်။

dkt