ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ဖလူးကျေးရွာ အနီးအနားက စိုက်ခင်းတွေမှာ အလုပ်လုပ်မယ့် အလုပ်သမားတွေကို ကြိုတင်စာရင်းပေးရမယ်။ မပေးဘဲ စိုက်ခင်းထဲမှာ အလုပ်လုပ်တာတွေ့ရင် ဖမ်းမယ်လို့ ကြံ့ဖွတ်အစိုးရ စစ်တပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၄ က ရွာလူကြီးတွေကို ဆင့်ခေါ်ပြီး အမိန့်ထုတ်ထား ပါတယ်။ သူတို့ ကြံ့ဖွတ်တပ်ကို တောထဲက အဖွဲ့ လာပစ်တာတို့ ဘာတို့ဆိုရင် ရွာကို အရေးယူမယ် လျော်ကြေးတောင်းစရာရှိ တောင်းမယ်လို့လဲ ပြောဆိုသွားတယ်လို့ ဖလူးရွာတဝိုက် သောင်ရင်းမြစ်ဘေး တလျောက်မှာ ပြောင်းတို့ ကြံတို့ စိုက်ပျိုးရေးတွေမှာ အလုပ်သွားရောက် လုပ်ကိုင်နေသူ တချို့ပြောပြချက်အရ သိရပါတယ်။
Sunday, 12 June 2011
Subscribe to:
Post Comments
(
Atom
)
2 comments :
နိုင်ငံတစ်ခုရဲ့ စစ်တပ် ဆိုတာ နိုင်ငံတစ်ခုလုံးက ပြည်သူတွေအတွက်ဖွဲ့စည်းထားတဲ့ တပ်မတော်တစ်ခုပါ။ပြည်သူတွေပိုင်တဲ့ တပ်မတော်တစ်ခုပါ။
ပါတီတစ်ခုတည်းက ပိုင်တဲ့ စစ်တပ်မဟုတ်ပါဘူး။ဘယ်နိုင်ငံမဆို တပ်မတော်က တပ်မတော်ပါပဲ ဘယ်ပါတီက အနိုင်ရလို့ အဲဒီ့ပါတီရဲ့ အမည်နဲ့ အဲဒီ့ပါတီတပ်ဆိုပြီး ခေါ်တာ ဘယ်နိုင်ငံမှာမရှိပါဘူး။ဒီမိုကရက်ပါတီက နိုင်လို့ ဒီမိုကရက်အစိုးရတပ် ဆိုပြီးမရှိသလို မြန်မာနိုင်ငံမှာလည်း ကြံ့ခိုင်ရေးပါတီကအများစုနိုင်ပေမယ့်လည်း ကြံ့ခိုင်ရေးတပ်ဆိုပြီး သုံးနှုံးတာဟာ ဘာရည်ရွယ်ချက်လဲ တပ်မတော်ကို နာမည်ဖျက်နေတာလား?
တပ်မတော်ဆိုတာ ဘယ်ပါတီတွေတတ်တတ် တပ်မတော်က တပ်မတော်ပဲ။ဘယ်ပါတီရဲ့တပ်မှမဟုတ်ဘူး။
ကြံ့ဖွတ်အစိုးရတပ်ဆိုပြီးရေးနေတဲ့ စကားလုံးတွေကိုပြောင်းပါ။
စိန်ပန်းမြေ
တပ်မတော် ကလည်း ကြံ့ဖွတ် အစိုးရခိုင်းတိုင်း မလုပ်နဲ့ လေ။ ဘုန်းကြီးတွေကို ပစ်သတ်ဆိုရင် လည်းသတ်မှာပဲ။ လက်ရှိအနေအထားအရ တပ်မတော်က ကြံ့ဖွတ်ရဲ့  ခိုင်းစရာ ကျွန်တွေလိုဖြစ်နေတာကိုး။ ပြည်သူတွေဘက်ကရပ် တည်ပေးပါလား ပြည်သူတွေကို စာနာပေး ပါလား။ အဲလိုဆိုရင်တော့  ပြည့်သူတွေချစ်တဲ့  တပ်မတော် ဖြစ်လာမှာပေါ့ ။ ပြည်သူ့ တပ် မတော်ဖြစ်လာ မှာပေါ့ ။
Post a Comment