Thursday, 2 June 2011

ဂျွန်မက်ကိန်း မြန်မာ့အရေးကို ဆက်ကူညီမယ်၊ ဆက်တိုက်ဖို့  အားပေး။

ဂျွန်မက်ကိန်းဟာ ဒီနေ့ နေ့လည် မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့တယ်။ လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ကိုကျော်သူ၊ မဖြူဖြူသင်းနှင့် မကြာသေးခင်ကမှ လွတ်မြောက်လာတဲ့ ကိုဇေယျာသော်တို့ 
နဲ့ တွေ့ဆုံခဲ့တယ်။ သူက မြန်မာအရေးကို ဆက်လက်ကူညီမယ်။ ဆက်လက် တိုက်ပွဲဝင်ကြဖို့ကိုလည်း အားပေးစကားပြောကြားသွားပါတယ်။

မက်ကိန်း က ကြံ့ဖွတ် အစိုးရ ဒုတိယ သမတ နဲ့ တွေ ခဲ့တယ်။တွေ့ ဆုံမှု တနာရီကျော်ကြာမြင့်ပြီး မက်ကိန်းက စီးပွားရေးပိတ်စို့ မှု ဘာကြောင့်လုပ်ရတာ။ စီးပွားရေးပိတ်စို့ မှု ဖွင့်စေချင်ရင်ကြံ့ဖွတ်အစိုးရက မင်းကိုနိင်နဲ့ နိင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့   ဈေးကွက်ဆိုင်ရာမှုဝါဒများကို ပြုပြင်ဖို့  စစ်အုပ်စု တစုထဲက သွင်းကုန် ပို့ ကုန်တွေကိုလက်ဝါးကြီးအုပ်လုပ်ကိုင်နေတာမျိုး မဖြစ်သင့်ပဲ နိင်ငံသားတိုင်း တူညီတဲ့အခွင့်အလန်းတွေ ရှိဖို့  ၊ စီးပွားရေးအရ နိင်ငံသားတိုင်းတူညီတဲ့အခွင့်အလန်းတွေ အညီအမျှမရှိပဲ စီးပွားရေးပိတ်စို့ မှုကို ရုတ်သိမ်းဖို့ ခက်ပါကြောင်း မြန်မာနိင်ငံက နိင်ငံရေးအခြေအနေမပြေလည်မှုများကြောင့် ထိုင်းနိင်ငံမှာ  ဒုက္ခသည်တွေ ပိုများလာကြောင်း ပြန်လည် ခေါ်ယူဖို့ လိုကြောင်း မိမိတို့ ဆွေးနွေးချက်တွေဟာ
မြန်မာ ပြည်ဖွင့်ဖြိုးတိုးတက်ရေးကို အဓိက လိုလားမှုရှိနေကြောင်း  ၊အမေရိကန်နဲ့ မြန်မာ အဆင်ပြေမှု ရဲ့ အကျိးကို တပ်မတော်သားတွေကိုယ်တိုင်လည်း ခံစား နိင်မှာဖြစ်ကြောင်း အဆင့်မြင့်သတင်တန်းများ
နိင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့ တွေမှာပါ မြန်မာ တပ်မတော်သားများလဲ ပါဝင်ထမ်းဆောင်ခွင့် ရှိလာမှာဖြစ်ကြောင်း တပ်မတော်သားတွေအနေနဲ့  နိင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့ ဝင်တိုင်းရရှိနိင်တဲ့ လစာနဲ့ ပင်စင်တွေကိုပင်ခံစားနိင်ခွင့်ရှိပါကြောင်း  ၊ အမေရိကန်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို
အာဏာလွဲဖို့ ပြောနေတာမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုအာဏာလွဲဖို့ ပြောနေတာမဟုတ်ပါကြောင်း။
 လက်ရှိအစိုးရအသစ်အနေနဲ့ ပြောင်းလဲမှု ကို ပြသပြီး တရုပ်နဲ့ အမေရိကန် တို့ နဲ့ တွဲပြီးနိင်ငံတကာရေးတွေမှာ သိက္ခာရှိရှိ လက်တွဲဆောင်ရွက်နိင်ပါကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မက်ကိန်းလာတဲ့အတွက်  စိတ်လှုပ်ရှားနေတဲ့ လူတွေက  ဒေါ်စုအိမ်ရှေ့ ကိုသွားကြပါတယ်။

3 comments :

Anonymous said...

မက်ကိန်းပြောသွားတာတွေ အကုန်လုံး ဘယ်လိုလုပ်သိတာလဲ ကိုမိုးသီး.. သိချင်လို့ပါ။ တချို့အချက်တွေက ခင်ဗျားဆိုဒ်မှာ တင်နေကြ စာသားလေးတွေ ဖြစ်နေလို့ပါ။ ဥပမာ စစ်သားတွေကို နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့ လစာပေးမှာတို့..ဘာအခွင့်အရေးတွေ ရှိလာမှာတို့....အဲဒါတွေ ရှင်းရှင်းလင်းလင်းလေးသိချင်လို့ပါ

Anonymous said...

မက်ကိန်းနဲ့ ဒုသမတ ၂ယောက်ထဲ အခန်းတံခါးပိတ်ပြီးတွေ့ ကြတယ်လို့ ထင်လား ။brain wash လုပ်ခံထားရမှန်းသိပ်သိသာတာဘဲ ။

Anonymous said...

brain wash လုပ်ခံထားရတာမဟုတ်ဘူးဟေ့.. မိုးသီးဘလော့မှာ တင်တာတွေ ကလေးကလား အရမ်းဆန်နေလို့ကွ..