Friday, 10 June 2011

ပြည်သူ့ တဦးရဲ့ ရင်ဖွင့်သံ


ကိုမိုးသီး ခင်ဗျား  ဒေါ်လာဈေးကျခြင်းနောက်ကွယ် ဆိုတဲ့ ဆောင်းပါးကိုကျနော်ဖတ်ရပါတယ်။ သိပ်ကြိုက်ပါတယ်။ အထူးသဖြင့်ရန်ကုန် ကမြေဈေးက နယူယောက် မီလီယံနာရပ်ကွက်ဖြစ်တဲ့ မက်ဟက်တန် က မြေကွက်ထက် ဈေးကြီးနေတဲ့အချက်ကိုပါ။ 

ကျနော်က တောင်ဥက္ကလာ သားပါ။ ကျနော်တို့ နေခဲ့တဲ့ဝေဇယံတာ လမ်းမ က အိမ်တွေဆိုရင် ကျပ်သိန်းပေါင်း ၄၈၀ ရှိတယ်။တချို့ အိမ်တွေဆိုရင် ကျပ်ငွေ သိန်းပေါင်း ၁၂၀၀ လောက်ပေါက်နေတယ်လို့ ပြောပါတယ်။ ဒီအိမ်တွေက ကျနော်နေတဲ့ ကနေဒါက အိမ်ထက်ဈေးကြီးနေပါတယ်။ ကနေဒါမှာကျနော် အိမ်က ဒေါ်လာ ၃ သိန်း ကျော်ပဲရှိပါတယ်။ လူတွေက ကြံဖွတ်အစိုးရကို အယုံအကြည်မရှိကြတော့ အိမ်ဈေးတွေကိုမြင့်တင်ထားရာက အိမ်ဈေးတွေဟာအဆမတန် မြင့်တက်လာတာဖြစ်ပါတယ်။ ဒီလိုမြင့်တက်လာပေမဲ့ အိမ်တွေကိုအစုအလိုက်အပြုံလိုက် ၀ယ်တဲ့သူတွေက လိုက်ဝယ်နေပါတယ်။ အထူးသဖြင့်ဗိုလ်ချုပ်တွေနဲ သူတို့ ရဲ့ ခရိုနီတွေဖြစ်ပါတယ်။ သူတို့ ကငွေမဲတွေကိုလျောဖွတ်နေကြတာပါ။ ဒီအတိုင်းဆက်သွားရင်တော့ 
လူတွေကိုအိမ်ပေါ်ကနေ မောင်းချနေသလိုဖြစ်လာပါတော့မယ်။ ဆင်းရဲချမ်းသာကွဟ မှုက သိပ်ကိုကြီးလာပါပြီခင်ဗျား။  

- ဥက္ကလာမောင် -

2 comments :

kaung said...

ဥက္ကလာသားရေ
မြေဈေးတွေက အခုပေါက်ဈေးတွေထက် အများကြီးလျှော့နေတယ်..
ဝေဇန္တယာလမ်းမ မပြောနဲ့  ဝေဇန္တယာလမ်းမက ထပ်ပြီးဝင်ရတဲ့ လမ်းမတခုမှာတောင် ပြီးခဲ့တဲ့ တလကျော်ကျော်ကတင် RC နှစ်ထပ်တိုက်တလုံး သိန်း ၂၈၀၀ နဲ့  အရောင်းအ၀ယ်ဖြစ်သွားတယ်။
ဝေဇန္တယာလမ်းမှာ ပေ၄၀X ပေ ၆၀ အကွက်ကို အနည်းဆုံး ၂၅၀၀ အထက်မှာရှိတယ်။ ငွေကြာရံထဲမှာတောင် ၂၀၀၀ အထက်ကြီးပဲ။

Anonymous said...

It will be like US housing bubble. Prices go up and up and many people thought what a good investment to by a house and sell later.

They will never get the return of their investment and bubble will burst.