မက်ကိန်းက ကြံ့ဖွတ်အစိုးရ ဒုတိယ သမတ နဲ့ တွေ ခဲ့တယ်။ တွေ့ဆုံမှု တနာရီကျော် ကြာမြင့်ပြီး မက်ကိန်း က စီးပွားရေးပိတ်ဆို့မှု ဘာကြောင့်လုပ်ရတာ။ စီးပွားရေးပိတ်ဆို့မှု ဖွင့်စေချင်ရင်ကြံ့ဖွတ်အစိုးရက မင်းကိုနိင်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလွတ်ပေးဖို့ ကျန်းမာရေးဆိုင်ရာ ကူညီမှုတွေကို မိမိတိုအစိုးရမှ တိုက်ရိုက်ကူညီမှုများ ပြုလုပ်ပေးရန် ဆန္ဒရှိပါကြောင်း။
ဈေးကွက်ဆိုင်ရာ မူဝါဒများကို ပြုပြင်ဖို့ စစ်အုပ်စုတ စုထဲက သွင်းကုန် ပို့ကုန်တွေကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေတာမျိုး မဖြစ်သင့်ဘဲ နိုင်ငံသားတိုင်း တူညီတဲ့အခွင့်အလန်းတွေရှိဖို့၊ စီးပွားရေးအရ နိုင်ငံ သားတိုင်းတူညီတဲ့ အခွင့်အလန်းတွေ အညီအမျှမရှိဘဲ စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းဖို့ ခက်ပါကြောင်း မြန်မာနိုင်ငံ က နိုင်ငံရေး အခြေအနေ မပြေလည်မှုများကြောင့် ထိုင်းနိင်ငံမှာ ဒုက္ခသည်တွေ ပိုများလာကြောင်း ပြန်လည်ခေါ်ယူဖို့ လိုကြောင်း မိမိတို့ဆွေးနွေးချက်တွေဟာ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက လိုလားမှု ရှိနေကြောင်း၊ အမေရိကန် နဲ့ မြန်မာ အဆင်ပြေမှုရဲ့ အကျိုးကို တပ်မတော်သားတွေကိုယ်တိုင်လည်း ခံစားနိုင်မှာဖြစ်ကြောင်း အဆင့်မြင့်သင်တန်း များ နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေမှာပါ မြန်မာ့ တပ်မတော်သားများလည်း ပါဝင်ထမ်းဆောင်ခွင့် ရှိလာမှာဖြစ် ကြောင်း တပ်မတော်သားတွေအနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တိုင်း ရရှိနိင်တဲ့ လစာနဲ့ ပင်စင်တွေကိုပင် ခံစားနိုင်ခွင့်ရှိပါကြောင်း၊ အမေရိကန်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
အာဏာလွဲဖို့ ပြောနေတာ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည် ကို အာဏာလွဲဖို့ ပြောနေတာမဟုတ်ပါကြောင်း။
လက်ရှိအစိုးရအသစ်အနေနဲ့ ပြောင်းလဲမှုကို ပြသပြီး တရုပ်နဲ့ အမေရိကန် တို့နဲ့ တွဲပြီး နိုင်ငံတကာရေးတွေမှာ သိက္ခာရှိရှိ လက်တွဲဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးမှု တနာရီကျော် ကြာမြင့်ခဲ့တယ်။
ကြံ့ဖွတ်အစိုးရ ဒုသမတမှာ ၂ ခါပဲ ပြန်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရတယ်။ ဘာမှပြန်လဲ မဆွေးနွေးနိုင်ဘူးလို့ သိရပါတယ်။ နိင်ငံခြားရေး ၀န်ကြီး ၀ဏမောင်က ဘာသာပြန်ပေးတယ်လို့သိရတယ်။
4 comments :
ဒုသမတက ၂ ယောက်ရှိတယ်လေ ဘယ်တယောက်လဲ
ထူးမူခားနား..ပတ်ပျိုး..ယိုးဒယား..ပါဘဲေူပာင်းချင်ရင်ပြောင်းရတာကြာပေါ့..
ခေါင်းစဉ်မှာ နာမည်တပ်ထားတာတောင် ဘယ်တယောက်လဲ မေးတဲ့ သူကရှိသေးတယ်
အေးဗျာ..တော်တော်ရီရတဲ့သူဘဲ..မျက်စိမူန်လို့နေမှာပါ..
Post a Comment