Saturday, 25 June 2011

ရဲဘော် မသေ - သေသော် အ သု ဘ


ဒီနေ့ တပ်မတော်ဗိုလ်ချုပ်တွေက မြန်မာ ပြည်လူထုကို ကောင်းကောင်း ကိုင်နိင်နေပြီလို့ ယူဆကြတယ်။ 
အတိုက်အခံတွေကိုလဲထိမ်းထားနိင်ပြီလို့ ယူဆကြတယ်။ ဒီတော့ သူတို့ ကိုခြိမ်းခြောက်နိင်တာဟာ တပ်ထဲကပဲဖြစ်တယ်လို့  တွက်ဆမိပုံရတယ်။ ဒီတော့ တပ်မတော် က အလားအလာရှိတဲ့ လူငယ် ဗိုလ်မှုးတွေ၊ မှုးကြီးတွေကို စနစ်တကျဖြိုခွဲနေတယ်။ အရပ်ဖက်ကိုနည်းမျိုးစုံနဲ့ ပို့ နေတယ်။  တပ်မတော်ကို တဖြေးဖြေးနဲ့  လျော့ချနေပုံရတယ်။ သူတို့  ရဲ့ လုံခြုံရေးအတွက်ခါးပိုက်ဆောင်တပ်တွေကိုတော့ နည်းနည်းနဲ့ ပိုကောင်းတဲ့ လက်နက်တွေတပ်ပေးထားတယ်။ 

အခွင့်အရေးတွေကိုကောင်းကောင်းပေးထားတယ်။ တောထဲတောင်ထဲမှာ မိုင်းထိမှာ၊ ငှက်ဖျားထိမှာလဲမပူရဘူး။  ဘယ်လောက်အခြေအနေဆိုးလဲဆိုရင် ကြပ်ပြေးက အပြင်စီးတာဝန်ကြတဲ့ရဲဘော်တွေဆိုရင် ကင်းသာစောင့်နေရတာ လက်နက်တောင် ပေးမထားဘူးလို့ သိရပါတယ်။  တပ်ကလဲ တကယ်ကိုရီစရာကောင်းနေတယ်။ အရင်က တပ်ရင်းတခု ဖွဲ့ စည်းပုံက ၇၇၇ ယောက် အခုတော့ ရှိလှ ၆၀ ကနေ ၁၂၀ လောက်ပဲရှိတော့ တယ်။ 
 မင်းပြေးရင် ငါ့ကိုလက်တို့ ပါ။ ဘာအစီအစဉ်ရှိလဲ ဆိုတာလေးတွေက ကင်းစောင့်ရင်း - ရေချိုးရင်း - ချီးတွန်းရင်း တယောက်တယောက် ဆွေးနွေးထားတာလေးတွေပါ။  ( ကျနော်လဲ တပ်ပြေးတယောက်ပါ။ရှက်စရာမလိုပါဘူး။ အောင်ဝင်းတပ်ပြေးလို့  ထည့်ပါ။ မရှက်ပါဘူး။ ခုတော့ ထိုင်းနိင်ငံမှာရာဘာခြစ်နေပါတယ်။ )  တပ်ထဲမှာ အနစ် ၂၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တပ်ထဲအကြောင်းကို ကျနော်ထက်ပိုပြောနိင်တဲ့သူတွေရှိပါတယ်။

အရင်က တပ်မတော်သားတွေက ရဲဘော်မသေ - သေသော်ငရဲမလားဆိုတဲ့ ဆောင်ပုဒ်ကို ဟုတ်သော်ရှိမဟုတ်သော်ရှိယုံကြသေးတယ်။ ခုတော့ ကျနော်တို့ တပ်ထဲမှာ ရဲဘော်မသေ- သေသော်အသုဘ လို့  ဟာသ လုပ်နေတယ်။


ဒု- တပ်ကြပ် အောင်ဝင်း   (ခမရ -၃၉၁)  
တပ်ပြေး-  ထိုင်းနိင်ငံ 

5 comments :

Anonymous said...

ဆောင်ပုဒ်အမှန်က ရဲသော်မသေ ပါ၊ ရဲဘော်မသေမဟုတ်ပါ။

Anonymous said...

သေမှတော အသုဘ ဖြစ်ပြီးပေါ့..သေပြီး အသုဘ မဖြစ် တာဘယ်သူရှိလဲ.. ဖြစ်ရမှာက ရဲသော်သေ..သေရင် ငရဲသွား..

Anonymous said...

ရဲသော် မသေ၊ သေသော် မရှု မလှး))

Anonymous said...

ရဲသော် မသေ သေသော်ငရဲ မလား ပါဗျာ ..တလွှဲတွေ .. သေချာမသိရင်လည်း မရေးပါနဲ့..ကျေးဇူးတင်ပါတယ်

Anonymous said...

ငရဲလားမလားဆိုတာသိနေရအောင်...တမလွန်ခရီးကို လိုက်ပို့ဖူးလို့လား..