Tuesday, 14 June 2011

လက်နက်ကိုင်ခုခံတော်လှန်ရေးတပ်ဖွဲ့များအတွက် လတ်တလော တပွဲချင်းနည်းဗျူဟာ


ရန်သူ ကြံ့ဖွတ် လက်ကိုင်တုတ် ကြေးစားစစ်တပ် အား လူမျိုးပေါင်းစုံ ပြည်သူလူထုနှင့်တကွ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများမှထိရောက်အောင်မြင်စွာတိုက်ပွဲဆင်နိုင်ရန် အတွက်တပွဲချင်းအနိုင်ရမည့် နည်းဗျူဟာရှိရပါမည်။ထိုသို့ တပွဲချင်း အနိုင်ရမည့်နည်းဗျူဟာသည်ကား
 အခြားမဟုတ်။အလစ်အငိုက်တေ့ဖြုတ်ခြင်းသာဖြစ်တော့၏။ရန်သူ ထမင်းချက်ချိန်၊ ရန်သူ အိပ်ချိန်၊
ရန်သူ စစ်ကြောင်းထွက်ချိန်၊ ထိုကာလသုံးပါးလုံးကိုမိမိရရ ရန်သူ၏ အရိပ်လို လိုက်၍ ကပ်လိုက်ခွာလိုက်
ပစ်ခတ်သုတ်သင်ရမည်။          အပြည့်အစုံသို့ 



ရန်သူ၏ ခြေမြန် ခြေလျှင် တပ်ရင်းတို့ လှုပ်ရှား စစ်ကြောင်းများ ၊ နယ်မြေစိုးမိုးရေး စစ်ဆင်ရေးစစ်ကြောင်းများအားပိုင်ပိုင်နိုင်နိုင်သေနတ်တစ်ကမ်း အထိပေးဝင်ရမည်ဖြစ်၏။ ရန်သူ၏ ပစ်ကူလက်နက်ကြီးတပ်ခွဲ ၊ အမြောက်တပ် ၊ စသည်တို့ ကိုလည်း တပြိုင်နက်ထဲ တိုက်ခိုက်နိုင်ရမည်ဖြစ်၏။ စစ်၏သဘောသည် လက်နက်လူသူသာသည့်တပ်ဖွဲ့ ထက် ၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်၍ ပေါ့ပါးလျှင်မြန်ထိရောက်သော အဖွဲ့ ငယ်ကလေးများ ဖြန့် ခွဲ၍ ပျောက်ကြား လက်ဖြောင့်ပစ်ခြင်း၊ ဖြန့် ခွဲထားသော အဖွဲ့ငယ်ကလေးများ ပြန်စု၍ သော်လည်း ပင်မ တပ်ခွဲတစ်ခွဲစာ ၊ တပ်ရင်းတစ်ရင်းစာက တိုက်ပွဲလတ်များ ဖန်တီးတိုက်ခိုက်ခြင်းဖြင့်သော်လည်းကောင်း ရင်ဆိုင်ပွဲကြီးတိုက်စရာမလိုပဲ ရန်သူကိုထိထိရောက်ရောက်ခြေမှုန်းတိုက်ခိုက်နိုင်၏။

ရန်သူသည်လက်နက်ကြီးများကို ပေါပေါသီသီသုံးကာ ပစ်အားဖြင့်ဖိ၍ ခြေလျှင် ၊ ခြေမြန်စစ်ကြောင်းက တက်ရောက်နယ်မြေသိမ်းသည့် တိုက်ဟန်ဖြင့် တိုက်သည်ကိုအားသန်သည့်အင်အားစုဖြစ်၏။ လက်နက်ကြီးတကမ်းမှ လက်နက်ကြီးဖြင့် အထုမခံပဲ လက်နက်ကြီးပစ်ရာကို ထိထိရောက်ရောက်ခြေမှုန်းနိုင်ရန် အာပီဂျီ တစ်လက်ပါ သုံးယောက် တစ်ဖွဲ့ သို့ မဟုတ်လေးယောက်တဖွဲ့ အဖွဲ့ ငယ်ကလေးများ သုံးလေးခုလွှတ်ကာ လက်နက်ကြီးအဖွဲ့ ကိုနှောက်ယှက်တိုက်ခိုက်နိုင်ရမည်။ အမြှောက်တပ်အားမိမိဖက်မှ တိုက်ပွဲဆင်နေချိန်တွင် ရန်သူ၏ ဖြန့် ကျဲ လာသော ခြေလျှင်၊ ခြေမြန်စစ်ကြောင်းများအား အနီးကပ် တိုက်ခိုက်ရမည်ဖြစ်သလို ရန်သူ၏ နောက်ကျောထောက်ပို့ လမ်းကြောင်းများအား လည်း ဖျက်ဆီးရမည်ဖြစ်သည်။

အင်အားသုံးဆယ်ရှိသော တပ်စုတစ်ခုအား သုံးယောက်တစ်ဖွဲ့  အဖွဲ့ ငယ်ဆယ်ဖွဲ့ အဖြစ် ဆယ်နေရာဖြန့် ကာ တိုက်ခိုက်နိုင်ခြင်း၊ အလျှင်အမြန် နာရီပိုင်းအတွင်း တပ်စုတစ်စုအဖြစ်ပြန်လည်စုစည်းနိုင်ခြင်းရှိနိုင်သည့် ချိတ်ဆက်မှုသည်အဓိကအရေးကြီးသည့် အချက်ထဲမှတစ်ခုဖြစ်ပါသည်။

တောကြိုအုံကြားတွင် ခံတိုက်နေခြင်းသည်မည်သည့်အခါမှစစ်ရေးရည်မှန်းချက် ပေါက်မြောက်အောင်မြင်အောင် မစွမ်းဆောင်နိုင်ပါ။ မြို့ ကိုရေရှည်သိမ်းထားရန်မလိုပါ။ သို့ သော် မြို့ သိမ်းနယ်သိမ်းတိုက်ပွဲအထိ တိုက်ရန်မရည်ရွယ်လျှင် ၊ အစီအစဉ်မရှိလျှင်မူလက်နက်ကိုင်၍ နိုင်ငံရေး မျှော်မှန်းချက် အောင်မြင်ရန် မကြိုးစားပါနှင့် ၊ သင့် မုတ်ဆိတ်သာ ညောင်မြစ်လောက်ရှည်လာပါလိမ့်မည်၊ သင်တို့ အနေနှင့်ကျွန်းပင်အောက်က ခွာနိုင်မည်မဟုတ်ပါ။

ထို့ အတူ ငါ့တိုက်တာမဟုတ်သေးဘူး ၊ ကရင်နဲ့ဖြစ်နေတာ ငါအနေသာကြီး ၊ ကချင်နဲ့ဖြစ်နေတာ ငါတို့ ဝ လဲမထိသေးဘူးဟု နှာစေးပြိုင်ပွဲကျင်းပနေလျှင်မူ သင်တို့ အနေနှင့် ခေါင်းကလေးငုံ့ ၊ သေနတ်ကလေးလွယ်ကာ နယ်ခြားစောင့် အဖြစ် ပြည်သူလူထုကို ကြံ့ဖွတ်အစိုးရနှင့် အတူ ဟန်ချက်ညီညီ နှိပ်စက်ယုံသာ ကျန်ပေတော့မည်။ သင်တို့ ကြံ့ဖွတ်အစိုးရအလိုကျ ကိုယ့်ပြည်သူ ကိုယ် နှိပ်စက်ရန်သေနတ်ကိုင်ခြင်းလော။
သင်တို့ ပြည်သူလူထု၏ ဘ၀ များကို ရဲရဲတင်းတင်း မြှင့်တင်လိုရင်းဆန္ဒအမှန်ရှိပါက ၊ ကြံ့ဖွတ် လက်ကိုင်တုတ် ကြေးစားစစ်တပ်အား စောင့်စားခုခံခြင်းမဟုတ်ပဲ ရှာဖွေတိုက်ခိုက်ခြင်းဖြင့်သက်သေပြရန်သာကျန်တော့၏။

တပြည်လုံး သေနတ် သံမထွက်နိုင်လျှင် ၊ တပြည်လုံး လက်နက်ကိုင်အင်အားစုများ စစ်ရေးအရ ထိထိရောက်ရောက် မပူးပေါင်းနိုင်လျှင် သင်တို့ အားလုံးခွေးသေကောင် ဠင်းတဆွဲ၊ ကြွက်ကိုက်သလို လုံးပါးပါးပါလိမ့်မည်။

4 comments :

Anonymous said...

ko moe thee, pls stop talking n do something that can be a help of all ethnics group n ppl in myanmar..dont u shame talking nonsense. if i were u i will deactivate this account.

Anonymous said...

Well, sound very good. I just want to know that what did you do in this situation? Just talking!

Anonymous said...

ဒီကောင်တွေကြောင့် absdf မြောက်ပိုင်း ဒုက္ခရောက်ခဲ့ ရတာကိုမမေ့ပါနဲ့...KNU ကိုပဲ ပံ့ပိုးကြပါ..

Anonymous said...

"ko moe thee, pls stop talking n do something that can be a help of all ethnics group n ppl in myanmar..dont u shame talking nonsense. if i were u i will deactivate this account."

If this is nonsense, stop reading and go somewhere else.