သန်းရွှေနဲ့ အပေါင်းအပါတွေ ဦးစော ကိုသခန်းစာယူပြီး မကြံအပ်မစီအပ်တာတွေ အချိန်မှီပြင်ဆင်နိင်ဖို့ ပါ။ ဦးစောနဲ့ သန်းရွှေတို့ဟာ ဘာသာရေးကို အာဏာတည်မြဲရေးအတွက် လောဘဇောတိုက်ပုံခြင်းတူကြပုံကို ဦးစောရဲ့နောက်ဆုံး ဖြောင့်ချက်မှာ
ခုလို ဖေါ်ပြထားပါတယ်။ -
“ကျုပ်မှာ အာဏာရှိတဲ့အချိန်တုန်းကလည်း ဘာသာရေးကို အလေးအနက်မပြုမိဘူး။ ဘာသာရေးဟာ ကျုပ်အတွက် ဟန်ပြအဆောင်အယောင်တခုလောက်သာ ရှိခဲ့တယ်။ ကျုပ်ဆန္ဒမှာရှိတာက ကျုပ်အာဏာတည်မြဲရေး၊ ကြီးပွားရေးနဲ့ တိုင်းပြည်ကို ကျုပ်ကြိုက် တဲ့ပုံစံသွင်းချင်တာပဲ ကျုပ်မှာအဓိကဖြစ်ခဲ့တယ်။ အဲဒီအချိန်ကသာ ခုတွေ့ရတဲ့ တရား တော်ကို တွေ့လျှင်အခုလည်း ဖြစ်မယ် မထင်မိဘူး” ဟု ဖွင့်အံ့ခဲ့ဘူးသည်။ ဤမျှသာမကသေး ဦးစော တွင် ကြီးမားသော အစွဲအလမ်းကြီးတခုကြောင့် သူ့တွင် စိတ်အထိခိုက်ဆုံး ဖြစ်ခဲ့ရသေးသည်။
“ဒီတုန်းက ကျုပ်ဟာနန်းရင်းဝန်ကြီးဘဝနဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ်။ ဒီအချိန်က ရွှေဘိုနယ်မှာ အတော်ထင်ရှား ကျော်ကြားနေတဲ့ အလောင်းဘုရား ဦးအောင်ဇေယျ ကိုးကွယ်ခဲ့တဲ့ သင်္ကန်းနက်ဘုရား မတ်ရပ်ဆင်းတုတော်ဟာ အတော်တန်ခိုးကြီးတယ်၊ ဆုတောင်းပြည့်တယ်၊ လိုတရတယ်၊ ရန်ကို အောင်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် ဒီဘု ရားကို မရအရ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်။ ဒါပေမယ့် ကိုးကွယ်လိုလို့၊ ကြည်ညိုသဒ္ဒါ နဲ့ ပင့်ခဲ့တာမဟုတ်ဘူး။
ကျုပ်အကျိုးအတွက်ကြည့်ပြီး ယူခဲ့တာပဲ။ ဒီတော့ ဆင်းတုတော် ကိုသာမန်မျှသာ ကိုးကွယ်မှုအဆင့်တွင်မဟုတ်ဘဲ ကျုပ်ရဲ့ အဆောင်သဘောမျိုးပဲထား ခဲ့မိပါတယ်။ အဲဒါ ကျုပ်ရဲ့ မဟာအမှားကြီးပါပဲ။ နောက်မှ သိရတာက အဲဒီ ဆင်းတုတော် ကြီးဟာ တန်းခိုးကြီးသလောက် အလွန်ခိုက်တယ်ဆိုတတာသိရတော့ နောက်ကျသွား ပြီ။ ဒီတော့ ကျုပ်ဟာ အင်္ဂလိပ်အကျုဉ်းသမားဖြစ်လိုက်၊ သေနတ်ခြေင်းပစ်ခံလိုက်နဲ့ နောက်ဆုံး ခုအခြေအထိ ဖြစ်ခဲ့တာပဲ။ နောက်ကျုပ် ဒီထဲရောက်မှ အဲဒီဆင်းတုတော်ကြီး ကို ရွှေတိဂုံစေတီတော်စနေထောင့်မှာ ကျောင်းဆောင်တခုနဲ့ လှူဒါန်းလိုက်ရတယ်” ဟု ဝမ်းနည်းစွာ ပြောခဲ့သည်။ ၎င်း ဘုရားအား ဦးစောကို သရဏဂုံတင်စဉ်မှ ရေစက်ချသွား ခဲ့သည်။၁
၁- ''သန်းဝင်းလှိုင်၊ ဂဋ္ဌုန် ဦးစောရဲ့ နောက်ဆုံးနေများ။ စာ-၂၂၀-၂၂၁၊ အင်ကြင်းစာပေ၊အမှတ် ၂၃-လိပ်ကန်လမ်း၊ပုဇွန်တောင်၊ရန်ကုန်မြို့ ၊ ၂၀၀၉ ခုနစ်- ပ-အကြိမ် ။)''
2 comments :
အပြည့်အဝ မှန်ကန်ပါ၏
THANKS SO MUCH TO
*******WE FIGHT WE WIN*******
FOR YOU POST THIS TRUE WORDS WHICH CAME FROM HIS HEART AT THE LAST MOMENT OF ဘဝသံသရာတဒင်္ဂ ရဲ့ 
လောဘ ဒေါသ မောဟ
မိုက်နောင်တ
ကာယကံရှင်၏ဖွင့်ဟဝန်ခံခြင်းအား
တရားအမြင်ဖြင့် ရှုမြင်သုံးသပ်ကြပါရန်
သံဝေဂ နဲ့ ဝေး
ငါကောင်းစားရေးလုပ်ဆောင်ခြင်းမျှမက
ံ
မြတ်စွါဖုရားရှင်တော်မြတ်၏
သားတော်ရဟန်းတော် အပေါင်းအား
ကာယကံ ဝစီကံ မနောကံ မြောက်သတ်ဖြတ်
ညှုင်းပန်း နှိပ်စက်သူ လူယုတ်မာ
တသိုက် အား
တရားသောနည်းဖြင့်
တွန်းလှန်ကြပါစို့ 
***YAMA MIN***
***YINN LAW WAN***
အပြည့်အဝ မှန်ကန်ပါ၏
THANKS SO MUCH TO
*******WE FIGHT WE WIN*******
FOR YOU POST THIS TRUE WORDS WHICH CAME FROM HIS HEART AT THE LAST MOMENT OF ဘဝသံသရာတဒင်္ဂ ရဲ့ 
လောဘ ဒေါသ မောဟ
မိုက်နောင်တ
ကာယကံရှင်၏ဖွင့်ဟဝန်ခံခြင်းအား
တရားအမြင်ဖြင့် ရှုမြင်သုံးသပ်ကြပါရန်
သံဝေဂ နဲ့ ဝေး
ငါကောင်းစားရေးလုပ်ဆောင်ခြင်းမျှမက
ံ
မြတ်စွါဖုရားရှင်တော်မြတ်၏
သားတော်ရဟန်းတော် အပေါင်းအား
ကာယကံ ဝစီကံ မနောကံ မြောက်သတ်ဖြတ်
ညှုင်းပန်း နှိပ်စက်သူ လူယုတ်မာ
တသိုက် အား
တရားသောနည်းဖြင့်
တွန်းလှန်ကြပါစို့ 
***YAMA MIN***
***YINN LAW WAN***
Post a Comment