Wednesday, 13 July 2011

နိုင်ငံတကာရှိ မြန်မာသံအမှူထမ်းများ သိန်းစိန်ရုပ်သေး အစိုးရ ကို လုံးဝ အယုံအကြည်မရှိတော့

ဝါရှင်တန်ဒီစီ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်

-WFWW-

ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးက နောက်ထပ် မြန်မာသံတမန်တဦး ဦးစိုးအောင် ဟာ အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ သံရုံး ပထမအတွင်းဝန် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်။

ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးက ပထမ အတွင်းဝန် ဦးစိုးအောင်ကို ၂၄ နာရီအတွင်း သိန်းစိန် စစ်အစိုးရ က စစ်တပ်က အရာရှိတဦးနဲ့အတူ နေပြည်တော်ကို ပြန်ရမယ်ဆိုပြီး ဇူလိုင် ၁၂ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက အမိန့်ထုတ်ခဲ့တဲ့အပြင် သူ့ရဲ့ သံတမန် နိုင်ငံကူး လက်မှတ်တွေကိုလည်း သံရုံးက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဝါရှင်တန် မြန်မာသံရုံးက သံအရာရှိတွေ အနေနဲ့ အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းခဲ့ကြပေမဲ့ မြန်မာ စစ်အစိုးရ ဘက်က နိုင်ငံတကာ လိုလားတဲ့ အပြောင်းအလဲမျိုးတွေ လုပ်မလာတဲ့ အပေါ်မှာလည်း မြန်မာ သံအရာရှိတွေဘက်က စိတ်ပျက်ကြရတယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီး ဦးကျော်ဝင်းက ပြီးခဲ့တဲ့ အပတ်က ပြောပြခဲ့ပါတယ်။

ဘာကြောင့် သိန်းစိန်ရုပ်သေး အစိုးရ ကို အယုံအကြည်မရှိကြတော့လဲ?

၁) စစ်အစိုးရ ရဲ့ ဖြုတ်ထုတ်၊ထောင်ချ၊ ချောင်ထိုး တက်တဲ့ လမ်းစဉ်ကို သံတမန်များ အကြားသိရှိနေခြင်း၊
၂) အရည်အချင်းမရှိသော်လည်း၊ စစ်အစိုးရ အလိုကျ ဟောင်နေသူများနှင့်  စစ်အုပ်စုခေါင်းဆောင်များရဲ့ မိသားစုဝင်တွေ ကိုသာ ရာထူးတိုးပေးနေခြင်း၊
၃) ၀ဏ္ဏမောင်လွှင်ဟာ စစ်အစိုးရ အလိုကျ ဟောင်နေသောကြောင့် အတွေ့ အကြုံနုသော်လည်း နိုင်ငံခြားရေးဝန်ကြီးအဆင့်သို့ ရာထူးတိုးပေးခံခဲ့ရမှုအပေါ် နိုင်ငံတကာ မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မြန်မာသံတမန်များအကြား ကျေနပ်မှုမရှိခြင်း၊
၎) ရာထူးတက်သွားတဲ့ ၀ဏ္ဏမောင်လွှင် ဟာ အမိန့်နာခံလာအောင် ၀ါရင့်သံတမန်တွေ ကို ဖယ်ရှားဖို့ ကြိုးစားနေခြင်း။
၅) ရွှေမန်း၊ တင်အောင်မြင့်ဦး၊ သိန်းစိန်ရုပ်သေးအစိုးရ ကို လုံးဝ ယုံကြည်မှု မရှိတော့ခြင်း။
၆) အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဆောင်ပေးနေကြတဲ့ မြန်မာ သံတမန်များ ၏ ကျိုးပမ်းဆောင်ရွက်မှုများ ကို အရေးတယူမလုပ်ပဲ၊ လစ်လျူမှုပြုလုပ်ခဲ့ခြင်း ကြောင့် နိုင်ငံတကာရောက် မြန်မာအသိုင်းအ၀န်း အကြား၌ သူတို့၏ ဂုဏ်သိက္ခာကျဆင်းလာခြင်း၊
၇) နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်း အကြား ဂုဏ်သိက္ခာ မရရှိတော့ခြင်း။
၈) စစ်အုပ်စုအတွင်း ဂိုဏ်းဖွဲ့ ခြစားနေမှု ကို လုံးဝ လက်မခံနိုင်တော့ခြင်း  တို့ကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာရောက် မြန်မာသံတမန်အသိုင်းအ၀ိုင်းက ပြောဆိုနေကြကြောင်း ကြားသိရပါသည်။

7 comments :

Anonymous said...

ကြိုဆိုပါတယ် ဦးစိုးအောင် ။

ဦးစိုးအောင်လို ဦးကျော်ဝင်းလို ဗိုလ်မှူးအောင်လင်းထွတ် တို့  စိုင်းသိန်းဝင်းတို့ လို လူကောင်းများဆက်လက်၍ အရှိန်အဟုန်နှင့် ပြည်သူလူထုဖက်မှရပ်တည်လာမည်ဟု ယုံကြည် ကြိုဆိုပါသည်။

ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတစ်ဦး

kooo said...

ဒီလူတွေက ဒုက္ခတွေ့တော့မယ်ဆိုမှ စစ်အစိုးရမကောင်း
ကြောင်းပြောပြီး သူတော်ကောင်းဟန်ဆောင်နေကြတဲ့သူ
တွေမို့ လေးစားရမဲ့ပုဂိုလ်တွေတော့ မဟုတ်ပါဘူး။
အရင်အချိန်တုန်းကတော့ ဒီအစိုးရကို လက်မခံနိုင်တဲ့
အတွက် နှုတ်ထွက်ပါတယ်ဆိုတဲ့လူမျိုးတွေ မဟုတ်တာ
သေချာပါတယ်။ NLD က ဦးတင်ဦး လိုပါပဲ။ အဲဒီလိုမျိုးထဲကမှကိုစိုင်းသိန်းဝင်းကတော့
စာထဲမှာတောင် ထည့်မရေးသင့် တဲ့လူမျိုးပါပဲ။
သူ့ရဲ့ လူမှုရေးဖေါက်ပြန်မှုတွေကြောင့် နိုင်ငံရေးဘ၀က စုတ်ပြတ်သွားပါပြီ။

Anonymous said...

All Embassy Staffs,

Burmese who working in overseas find out that you all are miss-using millions dollars of office moneys(that is country money).

Without record/lists,you collected
in-come tax from Burmese Nationals for many years.

Anonymous said...

US and Western Countries,

We Burmese advice you that do not allow Embassy Staffs to enter your countries.

Those Staffs miss-use up million dollars of country money for many years.

On the other hand, they can not make anything Burma to be developed.

Thousands of Burmese week by week dying due to very very poor lving standard and Current Government killing their own nations.

Anonymous said...

အမေရိကန်နိုင်ငံရောက် သံတမန်တွေပဲ နိုင်ငံရေး ခိုလှုံခွင့်တောင်းနေကြတာပါလား...
ဒါဆို အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသံရုံးက ၀င်ငွေမကောင်းလို့လား မသိဘူး... တခြားနိုင်ငံက မြန်မာသံရုံးတွေက ဒီလောက်အခြေအနေမဆိုးကြဘူးထင်တယ်... စကားမစပ် အခုနိုင်ငံရေးခိုလှုံတဲ့ ပုဂ္ဂိုလ်တွေကို တခုမေးချင်တာက တရုတ်၊ မလေး၊ စင်္ကာပူ၊ ရုရှား၊ ဘန်ကောက်တို့လို နိုင်ငံတွေမှာသာ တာဝန်ကျခဲ့မယ်ဆိုရင် အခုလိုလုပ်ရပ်မျိုး လုပ်ရဲပါ့မလားဆိုတာပဲ ... ဦးကျော်ဝင်းတို့ ဦးစိုးအောင်တို့ အမေရိကန်နိုင်ငံက မြန်မာသံရုံးမှာ ဘယ်လိုမျိုးနာမည်ထွက်ခဲ့သလဲဆိုတာ စုံစမ်းကြည့်လိုက်အုန်း ... ဒီလူတွေ ဘက်ပြောင်းလာလို့လဲ ခင်ဗျားတို့ နိုင်ငံရေးမှာ ပါဝင်လာမယ် မထင်နဲ့ ... သူ့ကိုယ်ကျိုးအတွက် သူလုပ်တာ ... ဘာမှ ကြိုဆိုစရာမရှိဘူး...

Anonymous said...

Hi Ko Moethee,

Pls do not allow to refuge and migrate to them for escaping their personal reasons.You should consider for 88 generations who were staying in government jail.

All of the embassy staff nature are like this and not natural.

You already know that they never help our national people in oversea. Then always take the millions dollars for tax and this is not recorded for legally. We hate all embassy staff.

Pls consider for public feedback.

Thanks a lot.

Anonymous said...

လေးစားစရာ မရှိပါ။ သူတို့ကိုယ် သူတို့တောင်လေးစားနိုင် ကြရဲ့လား .. ငပွေး တွေဖြစ် နေဦးမယ် ..