Monday, 25 July 2011

မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အစီရင်ခံစာ

"မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ဖျက်စီးနေသူများ ကို ပြတ်ပြတ်သားသား ရှုံ့ချကြ၊ ဆန့်ကျင်ကြ"

သဘာဝပတ်ဝန်းကျင် ထိမ်းသိန်း ကာကွယ်စောင့်ရှောက်မှု မှာ လေးနက်မှု မရှိဘူး၊ ထိခိုက်မှုကို လျော့ချရန် စနစ်တကျပြုလုပ်မှုမရှိဘူးလို့ မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်း ကာကွယ်စောင့်ရှောက်မှု လုပ်ကိုင်နေတဲ့ အဖွဲ့ က စာမျက်နှာ ၁၀၀ ကျော် ရေးသားထားတဲ့ အစီခံစာ ကို (အပြည့်စုံကြည့်ရန် ခေါင်းစဉ်ကိုနှိပ်ပါ)
ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ယင်းအဖွဲ့ကြီးက သဘာဝပတ်ဝန်းကျင် ထိမ်းသိန်း ကာကွယ်စောင့်ရှောက်မှု တွေမှာ ပြည်တွင်း ဥပဒေတွေ၊ မူဝါဒ ရှိနေသော်လည်း၊ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဟန့်တားထားမှု၊ တင်းကျပ်သည့် တားမြစ်ချက်တွေရှိနေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိန်း ကာကွယ်စောင့်ရှောက်မှု ဆိုင် ရာ ဆုံးဖြတ်ချက်တွေ မှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ မရှိဖြစ်နေခဲ့ရတယ်လို့ ဖော်ပြထားတယ်။
သစ်ကုမ္ပဏီ တွေ ဖျက်စီးခဲ့တဲ့ မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်

ဒါအပြင့် နိုင်ငံရေး ပဋိပက္ခ တွေရှိနေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု တွေမှာ တရားဥပဒေ၊စံနှုန်းစံထားတွေ၊ စီမံအုပ်ချုပ်မှုတွေမှာ အားနည်းနေပြီး၊ ထိရောက်စွာ တားစီးမှု မလုပ်နိုင်ခြင်းကြောင့် ပိုမိုဆိုးဝါးသည့် အခြေအနေသို့ တွန်းပို့ပေးနေကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ သစ်ထုတ်လုပ် ရောင်းချမှုများကို အချိန်ကာလအားဖြင့် ကြာမြင့်လာပြီ ဖြစ်သဖြင့် သစ်တောရင်းမြစ်တွေ ပျက်စီးနေခြင်း၊ ကျောက်မျက်၊ သဘာဝဓာတ်ငွေ့ အပါအ၀င် သဘာဝသံယာဇာတတွေ အလျင်တလို ထုတ်ဖော်တူးယူ နေမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးဆုံးရှုံး နေခြင်း၊ ရေကာတာများ တည်ဆောက်နေမှုတွေကြောင့် ရေခန်းးခြောက်မှု၊မြေပြိုမှု၊ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာကြောင်း ထည့်သွင်းဖော်ပြထားတယ်။ လေဒဏ်၊ မိုးဒဏ်နဲ့ ပင်လယ်ဒီရေတွေကို ဟန့်တားနိုင်ဖို့ ဒီရေတောတွေ ကိုလည်း ထိန်းသိမ်း မှုမရှိ၊ သစ်တောတွေကို လည်း ထိမ်းသိမ်းမှု မရှိခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများရှိနေကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံသို့ နေ့စဉ် တင်ပို့နေသော မြန်မာပြည်မြောက်ပိုင်းက ကျွန်းသစ်များ

မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများရှိနေသဖြင့် ရာသီဥတုပြောင်းလဲ လာကာ ငလျင်လှုပ်မှု၊ မုန်တိုင်းတိုက်ခိုက်မှု၊ ရေလွှမ်းမိုးနေမှု၊ မိုးခေါင်မှု စတဲ့ သဘာဝ ဘေးအန္တာရယ် တွေကို ခံစားနေရကြောင်း ဖော်ပြပါရှိသည်။
-WFWW-

5 comments :

Anonymous said...

None of INTERNATIONAL LONG TERM ECONOMIC FOUNDATION (That is for good living standard of 60 millions of citizens) cannot be established by the Government of Military Gangsters for 49 years since 1962.

They can make only for the benefits /good of their family, relatives and gang partners.

Also they miss-use up millions dollars of money.

ALL THE MONEY (RECEIVED BY EXPORT) GOES INTO THEIR POCKET.

Anonymous said...

It is a result of the economic sanction against Military Gangsters! Live with that.

Anonymous said...

Chinese are not only going to engulf the Economy but also whole Burma, and these stoned-headed local guys are still pretending as some what related with them.IF SO, WHY DON'T THEY GO,STAY THERE. Holding the chopstick without knowing how to used.SHAME ON YOU. Do not for get that Chinese are taking everything,not only from Burma but also almost from Africa, Europe even from USA.
BETTER CHANGE BEFORE ITS TOO LATE!

Anonymous said...

in africa ,,, yes , it is true!!!!!!!!!!!
they are now holding african citizenship!!!!!!

I DO NOT KNOW THEY HAD PLAN TO RUIN COUNTRY OR NOT BUT NOW THEY ARE SO RICH !!!!!!

&CHECK OUT !!!!!!!!!!!!!!
WHO OWN MANILA INTERNATIONAL AIRPORT ??????

IN TAIWAN & HONG KONG (macau)
THERE ARE MANY
ဗမာပြန် တရုတ်များ
(CONNECTION OF လောစစ်ဟန်&ခွန်ဆာ)

they are still dealing for smuggling!!!!!!!!!!!!!!!!!!

MILITARY GANGSTERS HAVE BOTH CONNECTION!!!!!!!!!!!!!!
CHINA MAINLAND&TAIWAN(CIA)
SO,they do not need to worry anyone!!!!!
အလုံးစုံသောနိုင်ငံများ ကို
ဖာသည်မ လိုဆက်ဆံပြီး
ပြည်သူလူထုကိုကျွန်လိုဆက်ဆံနေသော
military gangsters,


they only worry & affraid is

ပြည်သူလူထုများနှင့်တိုင်းရင်းသားများ
စည်းလုံးညီညွတ်ခြင်း အင်အား!!!!!!!!!

Anonymous said...

ကိုမိုးသီး
ကျနော်တခုလောက် အကြံပေးချင်တယ်။ နိုင်ငံရေးနဲ့
သက်ဆိုင်တဲ့ blogspot.com တွေကို co.cc ဒိုမိန်း
ကို ပြောင်းကြပါလား။ ဒါမှ ပြည်တွင်းက သာမာန်အင်
တာနက်ယူဇာလူငယ်တွေ စာဖတ်လို့ ရမှာဗျ။ အဓိကက
အခုလို အသိညာဏ်ပွင့်စေတဲ့စာတွေကို ပြည်တွင်းက လူ
ငယ်တွေ လွယ်လွယ်ကူကူ ဖတ်လို့ရမှ ဂျီတော့နဲ့တင်
အချိန်ကုန်နေတဲ့လူငယ်တွေကို အလင်းပြရာ ရောက်မယ်
ထင်တယ်ဗျ။ အခုတော့ ပြည်တွင်းမှာ လူငယ်တွေ ဖြစ်နေကြတာက သူတို့မှာ အင်တာနက်ဆိုင်သာ သွားနေရတယ်။ ဘာမှလဲ ဖတ်စရာဝက်စာမျက်နှာဖွင့်မရတော့ ဂျီတော့မှာ အာပလာပြောပြီး အချိန်ကုန်၊ ငွေကုန်ရတာများတယ်ဗျာ။ ဒီတော့ ဒီလိုဆိုက်တွေကို ပြည်တွင်းကလူတွေ ဖတ်လို့ရအောင် လုပ်ပေးပါ။ ကိုဒီမိုဝေယံဆိုက်တော့ ဖတ်လို့ရနေပြီ။ ပြည်ပမှာက ဒါတွေဖတ်ပြီးရင် လေကန်တာက လွဲပြီး လက်တွေ့ထိရောက်တာ သိပ်မတွေ့ဘူးဗျ။ လူထုအုံကြွမှုလိုချင်ရင် နိုင်ငံရေးစာပေတွေကို ပြည်တွင်းက လူတွေဆီ ပို့ပေးနိုင်ရမယ်။ ကျေးဇူးတင်ပါတယ်။