Thursday, 28 July 2011

ရဲအုပ်စိုးသန်း ကို တရားဥပဒေရှေ့ မှောက်ကို ပို့ ဆောင်ဖို့ လိုတယ်

မန္တလေး မူးယစ်ရဲအုပ်က ငွေပေးပြီး လူသတ်ခိုင်း
by ရွှေအောင်
မန္တ
လေးမြို့ ၈၈ လမ်း ၂၃ လမ်းနဲ့ ၂၄ လမ်းကြား သီရိမာလာ ရပ်ကွက်ရုံးရှေမှာ ဇူလိုင် ၁၉ ရက်နေည ၆ နာရီခွဲလောက် က အမျိုးသမီးတဦးကို အမျိုးသားတဦးက ဓားနဲထိုးသတ်ခဲ့ပါတယ်။ အမျိုးသမီးရဲ့ အော်သံကြောင့် ရပ်ကွက်က ဝိုင်းဝန်းဖမ်းမ်းမိခဲ့ပြီး အဲ့ဒီလူရဲ့ ထွက်ဆိုချက်အရ မန္တလေးမြို့ မြောက်ပိုင်းခရိုင် မူးယစ်အထူးရဲတပ်ဖွဲက ရဲအုပ် သန်းစိုးက...
(အပြည့်အစုံအတွက် ခေါင်းစဉ်ကိုနှိပ်ပါ) 
ငွေ ဆယ်သိန်းပေး သတ်ခိုင်းတာ ဖြစ်ကြောင်း ဖြောင့်ချက်ပေးတယ်လိုမျက်မြင်တဦးက ပြောပြပါတယ်။
အသတ်ခံရတဲ့ အမျိုးသမီးဟာ ရဲအုပ်သန်းစိုးရဲ့ မယားပြိင်ဖြစ်ပြီး မန္တလေးမှာ ကွာရှင်းစရိတ် လာတောင်းတုန်း အခုလိုအ သတ်ခံရတာ ဖြစ်ကြောင်း မျက်မြင်က ပြောပါတယ်။
သူ့ကလေးနဲအဲဒီကောင်မလေးကို ပိုက်ဆံမထောက်လိုအဲဒီကောင်မလေးက ဗန်းမော်ကနေ မန္တလေးကို လာပြီး အဲဒီ မူးယစ်အရာရှိ စိုးသန်း ဆီမှာ ပိုက်ဆံတောင်းတဲ့အခါမှာ စိုးသန်းက မပေးဘဲနဲ့ ကျောက်သပိတ်ဘက်က လူသတ်သမားကို ငှားပြီး သတ်လိုက်တယ်။ အဲဒီ ကောင်မလေးလည်း ဓားနဲထိုးသတ်တာ သေသွားတယ်။ ထိုးသတ်လိုက်တဲ့ တရားခံကိုမိပြီး စစ်လိက်တော့ မန္တလေး မြောက်ပိုင်းခရိုင် အထူးမူးယစ် ရဲအုပ် စိုးသန်းက ၁၀ သိန်းပေးပြီး သတ်ခိုင်းတယ်လို့ အစစ်ခံတယ်။ တရားသူကြီးတွေ ဘာတွေနဲ့ ဖြောင့်ချက် ယူတဲ့အခါမှာ အဲဒီအတိုင်း ပြောတဲ့အတွက် အမှတ် ၅ ရဲစခန်းမှာ အဲဒီ စိုးသန်းကို ဖမ်းထားတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူ အမှတ် ၅ ရဲစခန်းကို ဆက်သွယ်မေးကြည့်တော့ တာဝန်မှူးက စစ်ဆေးဖော်ထုတ်ဆဲဖြစ် တာကိုသာ ဖြေဆိုပြီးသေးစိတ်မဖြေပါဘူး
ကျနော်တို့က အခုက ဘာမှန်းမသိသေးဘူး။ စစ်ဆေးတုန်းပဲ ရှိသေးတဲ့အတွက် ကျနော်တိုက အတည်ပြလိုမရသေးဘူးခင်ဗျ။
သူ့ကို ဘာနဲဖမ်းထားတယ် ဆိုတာရော ပြောလိုမရဘူးလား ဆရာ။
အဲဒါတော့ တိုင်းကိုလှမ်းပြောလိုက်နော် တိုင်းလှမ်းမေးလိုက်။
ရဲနဲနီးစပ်သူတွေအဆိုအရ အသတ်ခံရသူအမျိုးသမီးဟာ အရင်က ရဲမေတဦး ဖြစ်ပြီး ရဲအုပ်သန်းစိုးနဲကိုယ်ဝန်ရှိတာကြောင့် ရဲတပ်ဖွဲက ထုတ်ပယ်ခံထားရတာလိုလည်း ပြောပါတယ်။ ရဲအုပ်သန်းစိုးဟာ ဘားအံ မူးယစ်တပ်ဖွဲကနေ မန္တလေးမှာ တာဝန်ကျတာ သုံးနှစ်လောက်ရှိပြီဖြစ်ပြီး ဒီအမျိုးသမီးနဲ့ မန္တလေးမှာပဲ တွေ့ခဲ့ကြတာလိုဆိုပါတယ်။
ကွာရှင်းစရိတ်အဖြစ် အမျိုးသမီးက သိန်း၂၀၀ တောင်းပြီး ရဲအုပ်သန်းစိုးက သိန်း ၅၀ ပေးဖိုညှိရာမှာ အဆင်မပြေဖြစ်လို့ အခုလို လူငှားသတ်ခိုင်းလိုက်တာလိုလည်း ဆိုပါတယ်။ ဒီအချက်အလက်တွေကို အတည်ပြနိုင်ဖို့ မန္တလေးတိုင်း ရဲတပ်ဖွဲကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

1 comment :

Anonymous said...

ဟ ကိုယ့်လူတို့ ရဲ့ 
ရဲမှူးကြီးဝင်းနိုင်ကို သန်းရွှေ၊တို့ မိသားစုသတ်တာ
ဘယ်သူမှ မပြောရဲဘဲ။
အငန့်  စိုးသန်းလောက်တော့။
ရီတာပေါ့။