ကျောင်းနဲ့ အိမ်တွေ မှာ လက်ပိုက်တာ ကိုသင့်ကလေးကို မသင်ပေး ပါနှင့်။ ဒါဟာယျဉ်ကျေးမှုမဟုတ်ပါ။ ဒါဟာ ကျွန်ဖြစ်အောင်လေ့ကျင့်ပေးနေမှုသာဖြစ်ပါတယ်။ - မိုးသီးဇွန် -
Don’t train your children to fold their arms at home nor at school. This is not
culture, but only a practice to subject them to slavery later only. Moethee Zun
Wednesday, 13 July 2011
Subscribe to:
Post Comments
(
Atom
)
21 comments :
ကိုမိုးသီး
ဆရာကြီး သခင် ဘသောင်း နဲ့ ဗိုချုပ် အောင်ဆန်း တို့ (တို့ဗမာ အစည်းအရုံး က)ချမတ်ခဲ့တဲ့ သက်မှတ်ချက် ကို မသိတာလား၊ မဖတ်မိတာလား။
တို့ဗမာ အစည်းအရုံး က ကိုလိုနီ English တွေကို လက်အုပ် ချီ တာကို တိုက်ဖြက်ခဲ့တယ်။ သို့သော် ဆရာသမား မိဘ လူကြီး တွေ ရှေ့ မှာ တော့ လက်ပိုက် ရမယ် ဒါမှ
ယဉ်ကျေး တယ်။ လက်နောက်ပြစ် ရင်ရိုင်းတယ် စိုပီးသတ်မှတ်ခဲ့တာဗျ။
ခင်ဗျား ကျမှ လက်ပိုက် တာ "ကျွန်ဖြစ်အောင်လေ့ကျင့်ပေးနေမှု၊ဒါဟာယျဉ်ကျေးမှုမဟုတ်ပါ။" ဆိုတော့ တော်တော်လွဲနေပီ။ ခင်ဗျား ဆရာကြီး ဦးအောင်သင်း ရဲ့ဟောပြော ပွဲ၊
တို့ အခုရှိသေးတဲ့ တို့ဗမာ အစည်းအရုံးဝင် သခင်ကြီး တွေ ကိုမေး ပီးမှ ပြောပါ။ စိတ်ထင်ရာ ရှောက်ပြော တာ လူကြီး တယောက် ရဲ့ စရိုက် မဟုတ်ဘူး။
အစကတည်းကမှားနေတဲ့ကိစ္စ ကြီးဖြစ်တယ်။
လက်ပိုက်ခေါင်းငုံ့ ရတယ်ဆိုတာ submissive စိတ်ဓါတ်ကို ရိုက်သွင်းလိုက်တာနဲ့တူတူပဲ ။
သခင်ဘသောင်းတို့  ဗိုလ်ချုပ်အောင်ဆန်းတို့  သေချာ analytically အဲဒီသက်ရောက်မှုကိုမတွေးခဲ့လို့ ဖြစ်မယ် အပေါ်ကလူ အပြော အရ ဆိုရင် ။ ဦးအောင်သင်းက controversial figure တစ်ခုပါ ။ သူ ခု မှပြောတာတွေကို ဖတ်ပြီး နားထောင်ပြီး သိပ်ထင်မထားပါနဲ့ ။
ကိုမိုးသီး ဆက်ပြောပါ အဲဒါမျိုးတွေ။
ဆရာကြီး ဦးအောင်သင်း controversial figure လို့ ပြောတော့ သူ့ အကြောင်း ကိုကောသေသေခြာခြာ သိပါသလား။
သူဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်သူ့ရဲဘော် တယောက်ဖြစ် ခဲ့တယ်၊ သူ့အဖေက တောင်တွင်းကြီးက တို့ဗမာ အစည်းအရုံး ဝင်သခင်၊ သူ့အကိုက သခင် ဘသောင်း၊ သူ့ဆရာ အရင်းက့  ဗိုလ်ချုပ်အောင်ဆန်းအကို ဦးအောင်သန်း ၊ ထားပါတော့။ အပေါ်ကလူ ပြောသလို "သခင်ဘသောင်းတို့  ဗိုလ်ချုပ်အောင်ဆန်းတို့  သေချာ analytically အဲဒီသက်ရောက်မှုကိုမတွေးခဲ့လို့ ဖြစ်မယ် " လို့ဘာကြောင့် ပြောရတာလဲ။ မိတ်ဆွေ ပြောသလိုဆို ကျနော်တို့ ခေါင်းဆောင်တွေ အမျိုးသားခေါင်းဆောင်တွေ ဟာ မိတ်ဆွေ တို့ လောက်တောင် မစဉ်းစားတတ် တဲ့ သူတွေပေါ့၊ ဖြစ်ကတက်စန်း လုပ်တတ် တဲ့ သူတွေပေါ့။ အောချ လောက်ပါပေတယ်ဗျာ။
နောက်တခုထက် ပြောလိုက်ဦး မယ် "လက်ပိုက်ခေါင်းငုံ့ ရတယ်ဆိုတာ " ဗမာ့ ယဉ်ကျေး မူအရ ယဉ်ကျေး တာကိုပြပို့ သင်တာ။ ကြောက် အောင် သင်တာမဟုတ်ဘူး။
ပီးတော့ လက်ပိုက်ပီး စကား ပြောတယ်ဆိုတာ ရိုသေတဲ့ အနေနဲ့ ပဲ အားလုံးယူစတယ်။ ကြောက်လို့ လက်ပိုက် တယ်ဆိုတာ မရှိဘူး။ ကြောက် ရင် လူ၊လူ ခြင်း ထိုင်ရှိခိုး တာပဲရှိတယ်။
ညီအကို နောင်ရင်း
သွေးခြင်း များရေ~~~~~~~~
လွတ်လပ်ရေး အစစ် အမှန်
ရရှိရေး
နောင်ရိုးတိုက်ပွဲ ဝင်ရန်
ကိုသာ ပဓာန ထားကြ ပါရန်
ရိုသေစွါ အကြံ ပြုပါ၏
နောင်ခါ လွတ်လပ်ရေး ရရှိ ပြီးကာမှ
ဆက်လက်ဆွေးနွေးကြ ပါ ဟု
လွန်တာရှိက တောင်းပန်ပါ၏
***YAMA MIN***
***YIN LAW WAN***
နောင်တော် တို့ ကျနော် ရေးတာကျနော် တာဝင်ယူပါတယ်။ အခုက ကျနော်တို့တိုင်းပြည် လွတ်လပ် ရေးရှိပါတယ်။ ဒီမိုကရေစီ တာမရှိတာပါ။ အာဏာရှင် တွေဘိုကျနေတာပါ။
အာဏာရှင် တွေကို တိုက် ထုတ်ပို့နဲ့ ဒီမိုကရေစီ ရပို့ ကြိုး စားတယ် ဆိုတာ ပိုမှန်ကန်သင့်တော်မယ်ထင်ပါတယ်။
ဗမာ့ယဉ်ကျေးမှုဆိုတာကိုက ပဒေသရာဇ်အစဉ်အလာနဲ့ ဟိန္ဒူ အယူဝါဒ
ထွန်းကားတဲ့ ဒွေးရောယှက်တင်ဖြစ်မှုတွေပြည့်နှက်နေတဲ့ ကျင့်သုံးပြုမူမှု
တွေများခဲ့သလို ပိုများနေဆဲဖြစ်ပါတယ်။
သခင်ဘသောင်းတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ က လက်ပိုက်ရမယ် ခေါင်းငုံ့ရမယ်လို့  တို့ ဗမာအစည်းအရုံးမှာ လူမှုဆက်ဆံရေးလမ်းညွှန်ပြုမူမှုများဆိုပြီး မသတ်မှတ်ခဲ့ပါဘူး ။
မိတ်ဆွေဆွဲသုံးခဲ့လို့  သာ ဆိုပြီး "သခင်ဘသောင်းတို့  ဗိုလ်ချုပ်အောင်ဆန်းတို့  သေချာ analytically အဲဒီသက်ရောက်မှုကိုမတွေးခဲ့လို့ ဖြစ်မယ် အပေါ်ကလူ အပြော အရ ဆိုရင် ။" ကျနော်ကရေးခဲ့ပါတယ်။
ဆရာကြီးဦးအောင်သင်းကို controversial figure တစ်ခုဖြစ်တယ်လို့ ပြောရခြင်းဟာ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီခေတ်နဲ့
အဲဒီခေတ်မတိုင်ခင်က သူ့ ရဲ့ ဆောင်းပါးတွေကို ရှု မ၀ ဦးကျော်တို့ မောင်ဆွေတင့်တို့ ရဲ့ ရှုမ၀က စလို့ 
Magazines တော်တော်များများမှာသူရေးခဲ့တာတွေကိုပြန်ဖတ်စေလိုပါတယ်။
controversial figure ဆိုတာနဲ့ pseudo-academic ဆိုတာကွာပါတယ်။
နောက်ပြီး heredity က လူတစ်ယောက်ဘာဆိုတာနဲ့ အများကြီး သက်ဆိုင်လှတာမဟုတ်ပါဘူး ။
ခင်ဗျားဖော်ပြသွားတဲ့ ဆရာကြီးဦးအောင်သင်းရဲ့ဆရာအရင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုကြီး ဦးအောင်သန်း က ပြောခဲ့ဖူးတယ် ။ သူ နဲ့စာရင် သူ့ ညီကဘာကြောင့် တာသွားထိရောက်တယ်ဆိုတဲ့ကိစ္စကိုမေးခဲ့တာပါ ။ ဘာပြောခဲ့လဲဆိုတော့
"ဟ ...အောင်ဆန်းမှာက တပ်ရှိတယ်ကွ" တဲ့။
ပြန် ဆွေးနွေးရရင် ဆရာကြီး ဦးအောင်သင်း တို့ သခင်ဘသောင်းတို့  ဗိုလ်ချုပ်အောင်ဆန်းတို့ ကို လေးစားပါတယ်။ ဒါပေမယ့် မိတ်ဆွေရဲ့ဆွေးနွေးချက်မှာပါတဲ့  " မိတ်ဆွေပြောသလိုဆို ကျနော်တို့ ခေါင်းဆောင်တွေ အမျိုးသားခေါင်းဆောင်တွေဟာ မိတ်ဆွေတို့ လောက်တောင် မစဉ်းစားတတ်တဲ့သူတွေပေါ့ ဖြစ်ကတတ်ဆန်း လုပ်တတ်တဲ့သူတွေပေါ့ ၊ အောချလောက်ပါပေတယ်ဗျာ" ဆိုတဲ့ကိစ္စပါ။
ကျနော်တို့ တိုင်းပြည်ဖြစ်ပျက်နေရတဲ့ဖြတ်သန်းနေရတဲ့ (မလိုအပ်ပဲ မဖြစ်သင့်ပဲ) လွတ်လပ်ရေးပြီးကတည်းက ယနေ့ ထိ ဖြစ်စဉ်တွေနဲ့
ယိုယွင်းမှုတွေကို ပဲပြန်ကြည့်ပါ ။
လွတ်လပ်ရေးတိုက်ပွဲဝင်ခေါင်းဆောင်ကြီးတွေဖြစ်လို့ ကိစ္စတိုင်းဟာ ထာဝရမှန်ကန်နေမယ်လို့ ယူဆရင်တော့မိတ်ဆွေ
ဟာတော်တော့် ကို naive
ဖြစ်တာပဲလို့  သုံးသပ်ပါရစေ ။ ခိုင်မာတဲ့ foundation တစ်ခုကို မချနိုင်သမျှ
အဲဒီ foundation ပေါ်မှာမှ sets of rules တွေအတိုင်းမလိုက်နာ မဆောင်ရွက်နိုင်သမျှ ၊ အဲသလို sets of rules တွေပေါ်မှာလိုက်နာပြီး ဆောင်ရွက်နေပေမယ့်လဲ timely evaluation တွေ မလုပ်နိုင်သမျှ ကတော့ ကျတော်တို့ လူမျိုးတွေ ထိုင်းသွားတရားမ၀င် ကျွန်ခံလိုက် ၊ နည်းနည်း passport ဖိုးနဲ့ပညာကလေး ရင်းနှီးမြှုပ်နှံနိုင်သူတွေက တရားဝင် တခြားနိုင်ငံတွေမှာသွားပြီး ကိုယ့် ညာဏအား ကာယအားကလေးကို ရောင်းလိုက်နဲ့ပဲ ကျုပ်တို့ တိုင်းပြည် ချွတ်ချွံကျသထက်ကျ အမျိုးသားဂုဏ်သိက္ခာနဲ့ morality ကျသထက်ကျပြီးရင်း လူသားသမိုင်းမှာ
ပျောက်ဆုံးသွားတဲ့ လူမျိုး တစ်ခုအဖြစ် မှတ်တမ်းတင်ခံရယုံပဲရှိပါလိမ့်မယ်။
ဂျပန် တို့ တောင်ကိုးရီးယားတို့ မပြောပါနဲ့ ။ အရှေ့ တောင်အာရှနိုင်ငံတွေထဲက အိမ်နီးနားချင်း ထိုင်းနိုင်ငံလိုနိုင်ငံရဲ့ အခြေအနေ နဲ့လူမှုဘ၀တွေကိုတောင် ကျနော်တို့ မှီလို့ လား ။ လက်ပိုက် ခေါင်းငုံ့ ရတယ်ဆိုတဲ့ကိစ္စဟာ အကြီးကြီးမဟုတ်ပါဘူး ။ ဒါပေမယ့် psychological effect ကို ပြန် စေ့ငု သုံးသပ်ပါ ။ ဒီကိစ္စနဲ့ပါတ်သက်လို့ ကိုမိုးသီး တင်ပြသွားတဲ့အပေါ်မှာ အဲဒီ psychological effect တစ်ခုထဲကို မြင်ပြီး ကျနော်က ရေးသင့်တယ် လို့ ပြောခဲ့သလို မိတ်ဆွေက ဗိုလ်ချုပ်တို့ လို သခင်ဘသောင်းတို့ လို ဦးအောင်သင်းတို့ လိုလူတွေနာမည်တွေနဲ့ ဖိလာခဲ့လို့ ကျနော်ကလဲ ပြန်ပြီး ပြောရခြင်းဖြစ်ပါတယ်။ အယူအဆကိုအယူအဆနဲ့ပြန်ဆွေးနွေးတာမျိုးက ၀မ်းသာစရာပါ ။ အယူအဆကို abstract ဖြစ်လွန်းတဲ့ နည်းနာတွေနဲ့ နာမည်အကြီးကြီးတွေကို အားယူပြီး တွန်းချင်တာကတော့ သိပ်မဟုတ်လှပါဘူး ခင်ဗျား ။
ကျေးဇူးတင်ပါတယ်။
၃၈ဖြာ မင်္ဂလာ တရားတော်အရ
တတ်နိုင် သမျှ ကျိုးစား
ကြင့်ကြံ ပွါးများ နေထိုင် ခဲ့ရာ
ံ့ပြည် ဗမာ အား
မြေကြီး၏ ကျေးဇူး ကို
သိတတ်ခြင်းအားဖြင့်
နောက်ဆုံးတိုက်ပွဲ
(နောင်ရိုးတိုက်ပွဲ)
အတွက်
မိမိ၏စွမ်းအားရှိသမျှ
ကြိုတင်ပြင်ဆင်ထားကြပါရန်
ဆုတောင်းတိုက်တွန်း
လိုက်ရပါ၏
***YAMA MIN***
***YINN LAW WAN***
အကုန်လုံး အူချာပေါက်တွေချည်းပဲ... ကိုမိုးသီးကစ။ လက်မပိုက်ချင်ရင် ဗမာနိုင်ငံသားမလုပ်နဲ့တော့...။ ဘယ်နားသွားသေသေ။ ကိုယ်အထင်ကြီးတဲ့ နိုင်ငံတွေမှာ နိုင်ငံသားခံယူပြီး အရိုးထုတ်ပေတော့။
ဘယ့်နှယ်ဗျာ... ကိုယ့်ဘိုးဘွားဘီဘင် အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ ကိုယ့်အမျိုးသားရေး လက္ခဏာနဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းတာ၊ စောင့်ရှောက်တာ၊ လိုက်နာတာ၊ ကျင့်ကြံတာ ဘာတခုမှ မရှိဘဲနဲ့ စော်ကား မော်ကား လုပ်နေကြတယ်။
ခင်ဗျား သူများအရှေ့မှာ ဗမာလို့ မပြောကြနဲ့ဗျာ...။ ကိုမိုးသီးလည်း အရင်ကလို ထင်ကြီးလေးစားတဲ့စိတ် မရှိတော့ဘူး။ တော်တော် မေတ္တာတုံးသွားပါပြီ။
မိတ်ဆွေ နဲ့ ဆွေးနွေး ရတာ သဘောကျပါတယ်။ ဒါပေမယ်. မိတ်ဆွေ စွတ်ဆွဲ တာနည်းနည်း လွန်တယ်လိုထင်တယ်။ ကျနော်လို အညတရ အနေ နဲ့ စကားနိုင် ရင်ပီးရော ဆိုပီး
ခေါင်းဆောင် ကြီး တွေနဲ ဖိပြီး ပြောတာမဟုတ်ဘူး။ ဗိုလ်ချုပ်တို့  သခင်ဘသောင်းတို့ ဟာ သူတို့ရှေ မှာ ပြည်သူတွေ က အဆိုးရအရာရှိတွေ ကို လက်အုပ်ချီ တာ ကိုလက်မ
ခံနိုင်လို့အဲ ဒီစနစ် ကိုပြောင်းခဲ့တယ်။ အခု ကျနော် တို့ နိုင်ငံ မှာလဲ လက်ပိုက် တာ ခေါင်းငုံ့ တာ ဟာ ကြောက်စိတ် သွင်းပေးတာမ ဟုတ်ဘူး ဆိုတာ လူတိုင်းသိတယ်။ ရိုသေတာ
ပါ။ စစ်တပ် မှာ အလေးပြု တာကလဲ ရိုသေတာပဲ မဟုတ်လား။ ဂျပန် မှာ တယောက်နဲ့ တယောက် တွေ့ ရင် ခါညွတ် ကျတယ်။ အဲဒါ ယဉ်ကျေးမူပဲ။ လက်ပိုက် တာ ခေါင်းငုံ့ တာ ဟာ ကြောက်စိတ် လို့ ကြောက် လို့ ၊ ထင်ရင်တော့ ထင်တဲ့သူ ရဲ့ သဘောပါပဲ။ခေါင်းငုံ့ လို့ လက်ပိုက်လို့ သူများနိုင်ငံ မှာ ကျွန်ခံတာ လို့ထင် ရင်တော့ ထင်တဲ့သူ ရဲ့ သဘောပါပဲ။ကျ နော် ကတော့ အဲဒီလို ဖြစ်ရတာဟာ ပညာ မတက်လို့ပဲလို့ ထင်တယ်။ ကျေးဇူးတင်ပါတယ်။
http://youtu.be/CiKUGTYz2I4
4days later?????
ALL MY BROTHERS*********
PLEASE, STOP ARGUING!!!!!!
PLEASE, PLEASE,PLEASE
I don't think you are the right person to post something like that, well, it's your blog, you do whatever you want. I sometimes come here to read to laugh so thanks for posting, moethee clown!
I am sure everyone understand what you meant. There are groups of people that attacking and opposing whatever you posted. But just don't care, and continue what you believe and encourage to all of us.
Thank you for all the messages to us.
စောက်ရူးမိုးသီး။ နိုင်ငံတိုင်းမှာ သူ့ယဉ်ကျေးမှု့နဲ့သူရှိတယ်။ အိန္ဒီယ တို့ နီပေါ တို့ ထိုင်း တို့မှာလည်း လက်အုပ်ချီပြီးနူတ်ဆက်တဲ့ ယဉ်ကျေးမှု့ရှိတယ်။ လက်အုပ်ချီတယ်ဆိုတာလဲ သူတစ်ပါးကို ကြောက်လို့မဟုတ်ဘူး။ ဂျပန် မှာလည်း ခါးညွတ်ပြီး အရိုအသေပေးတဲ့ ထုံးစံရှိတယ်။ ကိုရီးယားလည်း ရှိတာဘဲ။ မြန်မာမှာလည်း ဆရာ/ဆရာမ/ လူကြီးသူမတို့ရဲ့ ဆုံးမစကားနားထောင်ရင်လည်းလက်ပိုက်တက်တာဘဲ။ အဲ့ဒါ ထူးထူးဆန်းဆန်းမှ့မဟုတ်တာ။ ကြောက်လို့လဲမဟုတ်ပါ။ မိုးသီးက ဘာစောက်ရူးထပြီး ဒီဆောင်းပါးကို ရေးရတာလဲ။ ရေးစရာမရှိတော့ဘူးလား။
Greeting with a “Wai”
“ Sawadi” is the Thai word of greeting. It is usually accompanied by a “wai”, which is made by pressing the two palms together. The palms are then raised at various levels depending on the seniority of the person one is greeting.
The “wai” originated in india, but the indians keep their “wai” to just one level. The Thais refined it, resulting in four levels of “wai”.
To pay respect to monks the pressed palms are raised to the forehead with the tips of the thumbs resting precisely between the two eyebrows and the fingers touching only the tip of the hair.
The middle of the face is where palms rest when we pay respect to our parents, teacher and other elderly people we highly regard. The tips of the thumbs touch the tip of the nose while the tips of the index fingers rest between the eyebrows.
To greet people in general, the palms are lowered to the lower part of the face, with the tips of the thumbs touching the chin and the tips of the index finger touching the tip of the nose.
To greet our equals, there is no need to bow the head; we simply raise the palms slightly in fronts of us.
It is a convention that a greeting must be returned. So we reciprocate with the pressed palms raised slightly at the level of the chest with a bowed head.
From: Namdokmai. “Greeting with a “Wai”. Kinnaree. 12:116(August, 1995)
လက်မပိုက်ရရင်,လက်ကိုဘယ်မှာထားရမှာလဲ။
ဇော်က ကနေတာ အကောင်းဆုံးပါ
ကျွှန်တော်တော့ အ(ရီ)ရယ် လွန်ရင်း
အရွယ်လွန် ရွေ့လျှား
ရူးသွပ်နေလျှက်ရှိနေပါကြောင်း
ှကျွှန်တော်၏ နံဘေးတွင်
ရှိကြသော သူ များက
ကျွှန်တော် တယောက်တည်း
လက်အုပ် ချီ လိုက်
ခါး ကိုင်း လိုက်
လက် ပိုက် လိုက်
ကွန်ဖူးကား ကလို လက်သီး လက်ဝါး နုတ်ဆက် နည်း
ဖြင့် နုတ်ဆက်သဟန် ပြု လိုက်
အာဖရိကား
ဥရောပ
လက်တင်အမေရိက
အစုံစုံသော နည်းများ ပြု လုပ်ရင်း
ရူးသွပ် လျှက် ရှိနေပါကြောင်း~~~~~~~~
ကိုအောင်သန်း ရေ
ရဲဘော် သုံး ကျိပ် စစ် ပညာတော် သင် ကာ လ က
ဘယ် ပုံ ဘယ် နည်း သုံးခဲ့ ကြပါသနည်း ကို ကျေးဇူး
ပြှုကာ
research ရီဆတ် (ရယ်ဆပ်) လုပ်
ဖြေကြားပေးပါရန်
ဒါမှမဟုတ်
~~~~~~~~~~~~~????????
သေချာတာတခု ကတော့
အသင် ပညာ ရှိ လူကြီး မင်း အပေါင်း တို့၏
စကားရည် လုပွဲ မှတ်တမ်း ကြီး မှာ
ကျွှနူပ် လို ပညာမဲ့
အညတရ
တယောက် ၏ ကလေး အတွေးဖြစ်သော
တကိုယ်တည်း နောင်ရိုးတိုက်ပွဲဆင်နွဲရန် ပြင်ဆင်နေ ခြင်းကိုအားငယ်စိတ် မဖြစ်ပေါ်စေသော်လည်း
~~~~~~~~~~~~~~~~~~~~~~~~
နိုးထကြလော့
အသင်တို့အား
လေးစားလျှက်
***YAMA MIN***
***YINN LAW WAN***
အပေါ်မှာ ဆွေးနွေးတာဖတ်ရတာ တော်တော်လေး ဗဟုသုတရပါတယ်... ဆွေးနွေးချက်က (၂) ဘက်လုံးမှန်ပါတယ်... ဒါပေမယ့် ကိုယ်ဘာဆွေးနွေးတယ်ဆိုတာ မသိတာက ခက်ပါတယ်... ကိုမိုးသီးတင်ပြာတ Psycho အမြင်နဲ့ပတ်သက်ပြီး တင်ပြတာပါ... ဒါကိုနားလည်ဖို့လိုတယ် ... အောက်က Comment မှာ Argument လုပ်ထားတာက Culture ပိုင်းကနေ လုပ်ထားတာပါ ... ကိုမိုးသီးရဲ့ အဆိုကို လက်ခံနိုင်သလို မြန်မာ့ယဉ်ကျေးမှု တခုဆိုတာလဲ မေ့ပျောက်လို့ မဖြစ်သေးပါဘူး ... ဒီကိစ္စတွေကို နောက်ပိုင်းမှ ထပ်ဆွေးနွေးရင် ပိုကောင်းမယ်ထင်ပါတယ်...
မဟာဗန္ဓုလ အင်္ဂလိပ်ဗိုလ်ချုပ်ကို လက်ပိုက်ပြီး လက်ခံတွေ့ဆုံတဲ့ အမူအရာနဲ့ ဆရာမရှေ့ လက်ကလေးပိုက် ခေါင်းလေးငုံနေတဲ့ အမူအရာ...ဒီ ၂ မျိုးကို နှိုင်းယှဉ်ပြီး ဘယ်သင်းက သခင်အောင်ဆန်းတို့ပြောတဲ့ လက်ပိုက်ပုံမျိုး ဖြစ်မလဲ?
မဟာဗန္ဓုလ အင်္ဂလိပ်ဗိုလ်ချုပ်ကို လက်ပိုက်ပြီး လက်ခံတွေ့ဆုံတဲ့ အမူအရာနဲ့ ဆရာမရှေ့ လက်ကလေးပိုက် ခေါင်းလေးငုံနေတဲ့ အမူအရာ...ဒီ ၂ မျိုးကို နှိုင်းယှဉ်ပြီး ဘယ်သင်းက သခင်အောင်ဆန်းတို့ပြောတဲ့ လက်ပိုက်ပုံမျိုး ဖြစ်မလဲ?
Post a Comment