-WFWW-
ထိုင်းနိုင်ငံ မှာ ဒီမိုကရေစီနည်းလမ်းကျကျ ရွေးချယ်ခံလိုက်ရတဲ့ ယင်းလတ်ရှင်နာဝါ ဟာ လအနည်းငယ် အတောအတွင်း ထိုင်းနိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာပါတော့မယ်။ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်က တယ်လီဖုန်းနဲ့ ယင်းလတ် ကို ဂုဏ်ပြုကြောင်း ၊ ရွေးကောက်ပွဲမှာ သူမဟာ အနိုင်ရရှိခဲ့ ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။
ထိုင်း နိုင်ငံရေး မှာ အင်အားပြိုင်ဆိုင်မှုတွေ ကြီးမားစွာ ရှိနေပေမဲ့ ၊ ဒီမိုကရေစီ ကျင့်စဉ်အတိုင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလာဒ် အပေါ် အတိုက်အခံပါတီတွေ၊ အာဏာရ ပါတီတွေ၊ စစ်တပ်ခေါင်းဆောင်များ က တလေးတစား အသိအမှတ် ပြုခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံရေး ဟာ ဂုဏ်သိက္ခာ ရှိကြောင်း မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှု မှာ ပါဝင်ခဲ့တဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမိုးသီးဇွန်က သူ့အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့တယ်။၊
ထိုင်း ပြည်သူတွေ ဟာ သူတို့လိုချင်တဲ့ ခေါင်းဆောင် ကို ဒီမိုကရေစီနည်းလမ်းကျကျ ရွေးချယ်ခဲ့မှုအပေါ် ချီးကျူးဂုဏ် ပြုပြောဆို ခဲ့တယ်။ ထိုင်းနိုင်ငံရေးဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ကထက်စာရင် တိုးတက်ပြောင်းလဲမှု တွေရှိနေတယ်။ မြန်မာနိုင်ငံမှာ ဘာမှ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲလာမှုတွေ မတွေ့ခဲ့ရဘူး။ ဒါတွေဟာ မြန်မာပြည်သူ တွေ အတွက် ဆုံးရှုံးမှုကြီး၊ တိုင်းပြည်အတွက် ဆုံးရှုံးမှုကြီးပါ၊ စစ်တပ် နိုင်ငံရေး၊ စစ်တပ် လွှတ်တော်နဲ့ စစ်တပ်ခေါင်းဆောင်တွေ သာ တိုင်းပြည်ရဲ့ အာဏာကို ဆက်လက် ရယူနေတုန်းပါပဲ လို့ သုံးသပ်ဝေဖန် သွားတယ်။
တိုင်းပြည်ကို ဦးဆောင်ကြရမဲ့ မျိုးဆက်သစ် လူငယ်တွေ အကျဉ်းထောင်အသီးသီးမှာရောက်ရှိနေကြတယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်လျှင်လည်း မြန်မာ့နိုင်ငံရေးလောက မှာ မျိုးဆက်သစ်လူငယ်တွေ အပေါ် ယုံကြည်မှု၊ အသိအမှတ်ပြုမှု ရှိဖို့ လိုနေသေးတာ ပြသနေပါသေးတယ်။ မျိုးဆက်သစ်တွေ ကို လက်ဆင့်ကမ်း မပေးမှုဟာ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ ခေတ် အဆက်ဆက် တည်းက အမြစ်လိုတွယ်နေပြီး၊ အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ သာ တွန်းပို့ပေးနေတယ်လို့ ထောက်ပြ ပြောဆိုသွားပါတယ်။
ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ လည်းဖြစ်၊ ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ အဘီဆစ်က ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ဝန်ခံပြီး၊ ဆက်လက်၍ အပြုသဘောဆောင်သည့် အတိုက်အခံအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု ပါတီဌာနချုပ် တနင်္ဂနွေနေ့ည သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့တယ်။ ရွေးကောက်ပွဲရှုံးနိမ့်မှုမှာ ပါတီခေါင်းဆောင်ဖြစ်တဲ့ သူ့အနေနဲ့ တာဝန်ရှိခဲ့တဲ့ အတွက်ကြောင့် ဒီမိုကရက်တစ်ပါတီ အကြီးအကဲအဖြစ်မှလည်း နုတ်ထွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ယင်းလတ်ရှင်နာဝါ ဟာ ဖု့ရ်ထိုင်း ပါတီ က ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်ရေးအတွက် အခြားပါတီ ၅ ခုနဲ့ မဟာမိတ်ဖွဲ့ လိုက်ပါပြီ။ ထိုင်း စစ်တပ် ကာကွယ်ရေးဝန်ကြီး နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ ကတော့ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုခဲ့ ပြီး၊ နိုင်ငံရေး သုံးသပ်ပြောဆိုမှုများကို မပြုလုပ်ခဲ့ပါ။
စစ်တပ်က အာဏာသိမ်းခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရဲ့ ညီမတော်စပ်သူ ယင်းလတ်ရှင်နာဝါ ပါတီ ဟာ အစိုးရဖွဲ့ပြီးနောက် အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်များကို အရေးယူလာနိုင်တယ်လို့ စိုးရိမ်မှုတွေရှိနေပေမဲ့ ၊ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ကတော့ ဂလဲ့စားချေမှုတွေ ကို ပြုလုပ်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။
ဒါပေမဲ့လည်း ၀န်ကြီးချုပ်ဟောင်းတပ်ဆင်ဟာ ညီမတော်စပ်သူ ယင်းလတ်ရှင်နာဝါ ပါတီ ကို နောက်ကွယ်ကနေ ချုပ်ကိုင်မှုတွေရှိပြီး၊ ယင်းလတ်ရှင်နာဝါ ပါတီ ရဲ့ နိုင်ငံရေးဆောင်ပုဒ် ဖြစ်တဲ့ “Thaksin thinks, we act” အတိုင်း ၀န်ကြီးချုပ်ဟောင်းတပ်ဆင် ဟာ နောက်ကွယ်ကနေ အကြံပေးမှုတွေ ရှိနေတာ ကြောင့် ၊ ထိုင်းနိုင်ငံရေး အခြေအနေ ဟာ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း ထိုင်းနိုင်ငံရေးကို လေ့လာနေသူ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဦးမိုးသီးဇွန်က သုံးသပ်ပြောဆိုခဲ့တယ်။
၂ဝဝ၆ခုတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို အာဏာ အလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချသော်လည်း ပြည်ပသို့ တိမ်းရှောင်သွားပြီး လက်ရှိတွင် ဒူဘိုင်းတွင် နေထိုင်လျက် ရှိပါတယ်။ ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ပိုင်ဆိုင်တဲ့ ဘတ်ငွေ သန်း ၇,၆ဝဝ မှ သန်း ၄,၆ဝဝကို ရာဇဝတ်မှုဆိုင်ရာ ဗဟိုတရားရုံးက ထိန်းချုပ်ထားခဲ့တယ်။
ယင်းလတ်ရှင်နာဝါ ဟာ ၁၉၈၈ ခုနှစ်မှာ ချင်းမိုင် တက္ကသိုလ်က နေ နိုင်ငံရေးသိပ္ပံ၊ ဌာနဆိုင်ရာ အုပ်ချုပ်စီမံခန့်ခွဲမှု ဘာသာရပ်ဆိုင်ရာတို့ဖြင့် ဘွဲ့ယူခဲ့ပြီး၊ အမေရိကန်နိုင်ငံ ကန်တကီ ပြည်နယ် တက္ကသိုလ်က သတင်း နှင့် အချက်အလက် အုပ်ချုပ်စီမံခန့်ခွဲမှု ဘာသာရပ်ဖြင့် မဟာဝိဇ္ဖာ ဘွဲ့ ရခဲ့တယ်။ သူမဟာ အသက် ၄၄ နှစ် သာရှိတဲ့ မျိုးဆက်သစ် လူငယ်တစ်ဦးဖြစ်ပါတယ်။
5 comments :
ကဲ ကြည့်ကြနော် အိမ်နီးချင်း နိုင်ငံကတော့ အမျိုးသမီးက ကမ္ဘာသိ အနိုင်ရသွားပါပြီ ... တို့နိုင်ငံလဲ ဘယ်တော့ရောက်လာမလဲ .. အဲဒီလို အောင်ပွဲမျိုးလေး ... မြင်ချင်စမ်းပါဘိ ...
လေးစားပါတယ်။ ဒါပေမဲ့ အဲဒီ့ ထိုင်းအစိုးရသစ်က မြန်မာပြည်က ထမင်းရည်ကအစ စုတ်ယူခပ်ထုပ် အမြတ်ထုပ်မှုာ စောင့်နေ
တမာညို
Yeah she is hot
ဓါတ်ပုံထဲကိုကြည့် ။ မျောက်ကအထက် ၊ လူကအေက်မှာ ဆိုတာ အဲဒါပေါ့ ။ မျောက်တောင်မှ မျောက်ဖင်နီ။
ဟုတ်ပါ မုန်းတီးဇွန် ဓါတ်ဆင်ထားတာနေမယ် အဖီဆစ်နဲ့ ယင်လတ်အပေါ်မှာ သူက ဟီး ဟီး မိုးသီးသာ မြန်မာပြည်ရဲ့ ဝံကြီးဂျုပ်ဖြစ်လို့ကတော့ ဟွန်း
Post a Comment