Saturday, 16 July 2011

ဦးစော နှင့် ဘယ်နှစ်ဦး ကြိုးပေးခံရပါသလဲ

အဖြေကိုသိလိုပါက ခေါင်းစဉ်ကိုကလစ်လိုက်ပါ  



ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်းများကိုလုပ်ကြံသူများ မှာ ၉ ဦးဖြစ်ပါသည်။ ထိုသူတို့ မှာ
၁။ ဦးစော
၂။ မောင်စိုး
၃။ သက်နိုင်
၎။ မောင်စိန် (ခ) စိန်ကြီး (ခ) လှအောင် ( ဒေါ်ထူး ရဲ့ ရီးစား၊ တေဇ ယောက်က္ခမ )
၅။ ရန်ကြီးအောင် (ခ) လှထွန်
၆။ သုခ
၇။ ခင်မောင်ရင်
၈။ မောင်နီ (ခ) ဘိုနီ (ဂ) ဂနီ
၉။ မှုံကြီး (ခ) မောင်မှုန် တို့ ဖြစ်ပါသည်။

8 comments :

Anonymous said...

ဒေါ်ထူးရီးစား
တေဇ ယောက်ခမ ဆိုတာ ဘာကိုဆိုလိုတာလဲ

Anonymous said...

ဒေါ်ထူးရဲ့ လင်မဟုတ်သေးတဲ့ ရည်းစားဘ၀မှာ
သူကြိုးပေးခံရတာ။ ဒေါ်ထူးဆိုတာ တေဇရဲ့ ယောက္ခမ၊
ရှင်းပြီလားငတုံး

Anonymous said...

ဒေါ်ထူးရဲ့ ရည်းစားတေဇယောက္ခမဆိုတာပြောင်းပြန်ဖြစ်နေပါတယ်။တေဇယောက္ခမဒေါ်ထူး ရဲ့ရည်းစားဆိုတာကပိုမှန်ပါတယ်။အဲဒီတုန်းက စိန်ကြီးကိုဦးစောက စည်းရုံးတဲ့အနေနဲ့ဂျစ်ကားတစ်စင်းပေးထားပါတယ် စိန်ကြီးဟာအဲဒီဂျစ်ကားနဲ့သူ့ရည်းစားကိုတင်ပြီးရန်ကုန်မြို့ထဲလျှောက်လည်ပါတယ်။စိန်ကြီး ကြိုးကျတော့သူ့ရည်းစားကောင်မလေးကနောက်ဆုံးနေ့မှာလာတွေ့သွားပါတယ်။အကြောင်းစုံသိချင်ရင် လူထုဦးလှ ရဲ့ ထောင်နဲ့လူသား စာအုပ်မှာဖတ်ကြည့်ပါ။BURMESE CLASSIC .COM မှာရှိပါတယ်။အဲဒီကောင်မလေးဟာဒေါ်ထူးဟုတ်မဟုတ်တော့ဒေါ်ထူးနဲ့နီးစပ်တဲ့သူတွေဘဲသိမှာပါ။စိန်ကြီးကိုထောင်ဝင်စာလာတွေ့သွားတယ်ဆိုတာသက်သေဖြစ်နေတဲ့အတွက် အဖြစ်မှန်ကိုတော့ဖုံးကွယ်ထားလို့မရပါဘူး။ဒေါ်ထူးကိုအင်တာဗျူးပြီးအင်တာနက်ပေါ်တင်ပေးရင်ပိုပြီးစိတ်ဝင်စားဘို့ကောင်းပါတယ်။

Anonymous said...

ဖော်ကောင် ဘညွန့် ဆိုတာ ဘယ်တစ်ယောက်လဲ

Anonymous said...

ခင်မောင်ရင်က ကြိုးပေးမခံရပါဘူး။ ခင်မောင်ရင် ဟာ ထောင်ကလွတ်ပြီး အလုပ်တွေ လျှောက်ရှာတာ ဘယ်မှာမှ မရတဲ့အဆုံး တံခွန်အားကစားဂျာနယ် (အခု ဆက်လက် ထုတ်ဝေခြင်း ရှိမရှိ မသိပါ) မှာ စာရေးသူ၊ အယ်ဒီတာ အနေနဲ့ အလုပ်ဝင်ပါတယ်။ အဲဒီမှာ သူသေသွားတဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ခန့်အထိ အလုပ်လုပ်သွားပါတယ်။

ရင်းနှီးသူများရဲ့ အဆိုအရ ခင်မောင်ရင် ကို ဆေးစစ်တော့ ကောင်းကောင်းတောင် လူလားမမြောက်သေးပါဘူးတဲ့။ အဖမ်းခံထားရတဲ့ ရမန်ရက်အတွင်း ရန်ကုန်မြို့မှာ ရှိတဲ့ ဂါတ်တဲ (၁၈)ခုမှာ အလှည့်ကျ ခေါ်အရိုက်ခံရပါတယ်။ ထောင်က လွတ်တော့ အင်္ဂလိပ်စာ သိတ်ကောင်းတဲ့ ခင်မောင်ရင် ဟာ အလုပ်အင်တာဗျူးတွေကို ဝင်လျှောက်ခဲ့ပါတယ်။ ရေးဖြေတွေမှာ အမြဲ နံပါတ် တစ် ထွက်ပေမဲ့ လူတွေ့စစ်ဆေးတဲ့အခါတိုင်းမှာ သူဘယ်သူလဲ ဆိုတာ သေသေချာချာ သိသွားပြီး ဘယ်သူကမှ အလုပ်မခန့်ခဲ့ပါဘူးတဲ့။

နောက်ဆုံးတော့ သူ့အမေနဲ့ ဆွေမျိုးတော်စပ်တဲ့ ဥိးထိန်လင်း(ယခင်ဗကပ)ထောင်တဲ့ တံခွန်အားကစားဂျာနယ်မှာ အလုပ်ဝင်ပါတယ်။ အရိုက်ခံထားရတဲ့ ဒါဏ်ရာကြောင့်လား၊ ဘာလားတော့မသိ နေ့တိုင်း အလုပ်က အိမ်ပြန်ရင် ရုံးကို အမြဲ တစ်ခေါက်တော့ ပြန်လာရပါသတဲ့။ ထီး သော်လည်းကောင်း၊ ထမင်းချိုင့်သော်လည်ကောင်း ကျန်ခဲ့လို့ပါ။

သူ့ရဲ့ ညီအရင်း ကတော့ မောင်နှစ်မ တစ်ဝမ်းကွဲတော်စပ်သူ ဦးစောသမီး ဘေဘီစော ကို ဘယ်သူမှ ယူမဲ့လူမရှိတော့လို့ လက်ထပ်လိုက်တယ်လို့ ဆိုပါတယ်။

Anonymous said...

ဘိုအောင်ဆန်းကိုသတ်တာကိုယ်တော်မှိုင်၊နေဝင်းနဲ့ဦးနူ။
တကယ်သတ်တဲ့ကောင်တွေကြိုးပေးမခံရဘဲ
တိုင်းပြည်ကိုရသလောက်ဖျက်ဆီးသွားတာဘဲ။လည်သူစားစတန်း။

တာဝန် said...

အလယ် ကကောင် ပါတယ်ဆိုတာယုံပါ၏
ဘေး ကနှစ်ယောက် က တော့ လုံးဝ မဖြစ်နိုင်ပါ
အထောက်အထားနှင့်တကွရှင်းလင်ြး့ပစေလိုပါတယ်
thanks!!!


လက်သည် မပေါ်သော အသတ်ခံရမှု များစွါရှိပါ၏
& I REALLY WANT TO KNOW WHO KILL JFK???????


VANITY!!!!!!
VANITY!!!!!!!!!!
VANITY!!!!!!!!!!!!!!!!!

လောဘ
ဒေါသ
မောဟ

တာဝန် said...

ထူးဆန်းသော

http://www.trutv.com/library/crime/terrorists_spies/assassins/ray/1.html