မြန်မာပြည်မှာ မတရားကျူးလွန်လိုက်တိုင်းကို ငွေပေးပြီး ကြေအေးလို့  ပြီးရောဆိုတာ မဖြစ်သင့်ပါဖူး။ တရားဥပဒေအရ တိကျစွာ ဖမ်းဆီးအရေးယူသင့်ပါတယ်။
ကလေးငယ်ကို လူသားချင်း မစာနာ၊ သားသမီးချင်း မစာနာဘဲ ဆိုင်ရှင်ဖြစ်သူ ဆက်မှူးဋ္ဌေးဝင်းက ကလေးအလုပ်သမား စိုးထက်အောင် (ခေါ်) ထိပ်ကွက်ကို ရိုက်နှက်ထိုးကြိတ် မီးပူနဲ့  ခန္ဓာကိုယ်ကို ကပ်နဲ့  သေလုမြောပါး ညဉ်းပမ်းနှိပ်စက်ခဲ့တာကို အများသူငှာသိတော့မှ အခု လျော်ကြေးငွေ ကျပ် (၅) သိန်းနဲ့  ကြေးအေးခွင့်ပေးဖို့  ပြောပါသတဲ့။
ဒါ ငွေကြေးတတ်နိုင်တယ်ဆိုပြီး လူတစ်ယောက် အသက်ဆုံးရှုံးလုနီးပါး၊ ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့အထိ ဝေဒနာခံစားရတာကိုမှ နားမလည် ထပ်မံစော်ကားပြီး ငွေနဲ့ ပေါက်တဲ့အချိုးမျိုး လုပ်တာပါဘဲ။
ဒီလို လူယုတ်မာ ငွေးတတ်နိုင်တယ်ဆိုပြီးမောက်မာတာမျိုးကို တရားဥပဒေက ဘက်လိုက်ကြမှာလား။ ငွေပေးလျော်နိုင်တယ်ဆိုရင်ပြီးရော လူလည်းသတ်လို့ ရတယ် အဓမ္မလည်း ကျင့်လို့ ရတယ် ညဉ်းပမ်းနှိပ်စက်လို့ လည်း ရတယ်ဆိုတဲ့ အမှုတွေ မြန်မာပြည်မှာ ရှိနေတာ မနည်းတော့ပါဖူး။
ကလေးငယ် စိုးထက်အောင် (ခေါ်) ထိပ်ကွက်ကို လူမဆန်စွာ မတရားနှိပ်စက်ခဲ့တဲ့ လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဆက်မှူးဋ္ဌေးဝင်းကို အသိပေးလိုတာကတော့ ကမ်းလှမ်းတဲ့ လျော်ကြေးငွေ ပမာဏအတိုင်း ပြန်ပေးပါမယ်၊ မောင်စိုးထက်အောင် ခံစားရသလို ထပ်တူထပ်မျှ ရိုက်နှက်ထိုးကြိတ်တာ ခံပါမယ် မီးပူနဲ့ ခန္ဓာကိုယ်ကို အကပ်ခံပါမယ်ဆိုရင် ပြောပါ။
မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုနဲ့  တရားဥပဒေအရ တရားမျှတစွာ စီမံဆောင်ရွက်တယ်ဆိုရင် လူသတ်မှုတွေ လူသေလောက်တဲ့အထိ နှိပ်စက်ညဉ်းပမ်းမှုတွေ အဓမ္မမုဒိန်းကျင့်မှုတွေ မတရားရိုက်နှက်စော်ကားမှုတွေ နှိပ်စက်ညဉ်းပမ်းမှုတွေအတွက် ငွေကြေးပေးလျော်နိုင်လို့  အမှုပိတ်ပစ်လိုက်တာတွေ လုံးဝလက်မခံဘဲ ထိုက်တန်သော ဖမ်းဆီးအရေးယူမှုတွေ တိတိကျကျ ဆောင်ရွက်ဖို့ လိုပါတယ်။
“ငွေများ တရားနိုင်ဆိုတဲ့” မမှန်ကန်သော လုပ်ဆောင်မှုနဲ့  တရားမျှတမှုကို ဖျက်ဆီးပစ်ကြတာတွေကို တိုင်းပြည်ကို အုပ်ချူပ်သူများမှအစ သာမန်ပြည်သူပြည်သားတစ်ဦးချင်းစီတိုင်းက လက်မခံဖို့  မကျင့်သုံးဖို့  အထူးလိုအပ်ပါတယ်။
(အသက်သေလုမြောပါး ပြင်းထန်သော ဝေဒနာကို အရွယ်နဲ့ မမျှအောင် ခံစားခဲ့ရပြီး ဆေးရုံကို အချိန်မီရောက်ခဲ့လို့ သာ အသက်မဆုံးရှုံးခဲ့ရတဲ့ ကလေးငယ် စိုးထက်အောင် (ခေါ်) ထိပ်ကွက်ရဲ့  အဖြစ်အပျက်ကို ပြန်ဖတ်ချင်ရင် - http://niknayman-niknayman.blogspot.com/2011/07/blog-post_7258.html)။

12 comments :
ဒီလိုလုပ်ပါလားဗျာ ... ဆက်မှူးဌေးဝင်းက ၅ သိန်းပေးရင် ကိုမိုးသီးကလည်း မောင်ထိပ်ကွက်အတွက် ၅ သိန်းပေးလိုက် အမှုကို မကြေအေးခိုင်းနဲ့ ... အဲဒါမကောင်းဘူးလား ... ပြီးမှ ဆက်မှူးဌေးဝင်းကို မီးပူနဲ့ကပ်ချင်တယ်ဆိုရင် ၃ သိန်းလောက်ပဲကုန်မှာပါ မဲဆောက်ကို ဖမ်းခေါ်လာဖို့ ခိုင်းလို့ရပါတယ်။
CW သေချာစဉ်းစား ... ဒီပို့စ်ကိုတင်ထားတဲ့ လူက Funny တာလား ... ငါက Funny တာလားဆိုတာ ... ဖိုးချစ်ပဲ ...
ma a loe htay win lee pel. nga loe ma thar .min ko lee phyat pyi kway mel. mother fucker. min ta nayt al tha lo khan sar ya par say lot nga su taung par tel. min net nga a pyin hmar twet chin tel.
Abusing weaker human such as a child in common in Africa and else where.
In Myanmar we need to have CPS like US ( Child proactive services ). People can report and abusers get punished. In the mean time, children are care for by the organization.
However,this is inhuman,poor kid. Bad guy.Black money,dark thought.
You r right. Who can find black money,have black thoughts.Their lives cannot be white any more.
ဒီကလေးဘက်က ဆောင်ရွက်ပေးနိုင်မဲ့ ရှေ့ နေတွေ ကို ဆက်သွယ်သင့်ပါတယ်။ အွန်လိုင်းကနေတစ်ဆင့်လည်း အလှူခံသင့်ပါတယ်။ လှူချင်တဲ့သူတွေလှူနိုင်အောင်လို့ လည်း ဘလော့ဂ် တွေက ဆောင်ရွက်ပေးစေ ချင် ပါတယ်။ အဲ့ဒီ့လို အနိုင်ကျင့်ခံရမှု့ ကို အားလုံးက စတင် ဆန့် ကျင်စေချင်ပါတယ်။ ဒါမှ မတရားမှု့ တွေကို လုပ်မဲ့သူတွေ တစ်စနဲ့ တစ်စ ရှောင်ရှားလာပြီး ယဉ်ကျေးတဲ့ လူ့ အသိုင်းအ၀ိုင်း နဲ့ အဖွဲ့ အစည်းတွေ က လက်မခံတာ ပေါ်လွင် လာမှာပါ။ မြန်မာနိုင်ငံမှာ ဒီလို နှိပ်စက် ညဉ်းပန်း မှု့ တွေ ရှိတယ် ဆိုတာ နိုင်ငံတစ်ကာ သိအောင် လုပ်ကြရပါမယ်။ အားလုံး ၀ိုင်းဝန်း ဆန့် ကျင် ကြရပါမယ်။ အားလုံးကျန်းမာ ချမ်းသာကြပါစေ။ နိုင့်ထက် အလူ ညဉ်းပန်းခံရခြင်း မှကင်းဝေးကြပါစေ။
how can we contact this baby?
ဆက်မှူးဌေးဝင်း လိပ်စာ သိရင် ပြောပါ။ ဒီ Comment မှာ ပဲ ရေး ပေး လိုက် ပါ။
ဆိုးဝါး လိုက်တဲ့ ဆက်မူး ဌေးဝင်း .. မင်း ၀ဋ် လည်မှာ ပါ။ ထောင်ကျ ပြီး မတ်ဖွင့် ခံရပါစေ ...
SOE HTET AUNG@ HTAEIT QUAT
= ORPHAN = ME = YOU = ALL BURMESE
SET MHU HTAY WIN@ SNOW& HIS WIFE
= THAN SHWE & KYINE KYINE
POLICE STATION
= USELESS UNITED NATION
= UNITED STATE OF AMERICA
= CHINA
WE SUFFERED SINCE 19 JULY OF 1947!
IF PHA SA PA LA (A;F;P;F;L) MEMBERS WERE OK????
THERE WAS NO SON OF A BITCH NE WIN RULED BURMA.
IF ALL BURMESE AGREED THAT U NU (OO NU) WAS OUR FOMER PRIME MINISTER AT GHANDI HALL IN 1988,
THERE WOULD NOT BE SON OF A BITCH THAN SHWE CAN NOT ABLE TO RULE UNTIL NOW!
SO~~~~~
WHAT WILL WE DO NOW?????
FORGIVENESS ??????
OR
FIGHT?????????
BOTH FORGIVENESS AND FIGHT MUST BE 100%
NOT FROM MOUTH NOR ACTING!!!!!!!
IT IS ONLY 1 WAY WHICH WE CALLED
ACTION ACTION ACTION!!!!!!
*ACTION WITH FAITH&TRUE SPIRIT*
WE WASTED 23 YEARS ACTED LIKE TRUE PATRIOTS AT THE INFRONT OF BURMESE EMBASSY !!!!
ACTION FOR WE NEED TO SUPPORT TRUE LEADER!!!!!
IF DAW AUNG SAN SU KYI WANT TO WALK THE WAY OF FORGIVENESS~~~~~
LET US~~~~~
IF SOME1 WANT TO WALK THE WAY OF FIGHTING~~~~~~
LET US~~~~~~
BUT WE(ALL BURMESE) NEED TO ACCEPT FOR THE WHITE FLAG FROM THAN SHWE & HIS GROUP !!!!!
SOONER OR LATER WE MAY SEE AN ANSWER FROM
********UNIVERSAL TRUTH********
NOW NE WIN IS IN HELL!!!!
IF THAN SHWE DOES NOT WANT TO REPENT NOW?????
HE WILL SURELY GO TO THE HELL WHICH IS MORE WORSE THAN NE WIN FOR HE KILLED THANGAR/SAN GAR DAW MYAR (MONKS)
***YAMA MINN***
***YINN LAW WAN***
SORRY FOR MY POOR ENGLISH & POOR VIEW THAT I HAD NOT ABLE TO STUDY POLITICAL SCIENCE NOR ANY MASTER DEGREE!!!!!!!!!!!
BUT I BELIEVE THAT NO1 CAN NOT HIDE NOR RUN FROM UNIVERSAL TRUTH*
*UP PA MAR DE NA THAM/SAM PAR DE HTA*
Anonymous ခင်ဗျာ...ကိုမိုးသီး ကို တိုက်ခိုက်ချင်တာနဲ့ လူသားချင်း စာနာထောက် ထားတဲ့ကိုယ်ချင်းစာ တရား ၊နိုင်ငံသားတစ်ယောက်ရဲ့ လွတ် လပ်မှု ရပိုင်ခွင့်တရား..ဒါတွေ ကွဲပြား နားလည်တတ်ပါစေဗျာ။ လူလူချင်း တန်ဖိုးထား လေးစားတတ်သူမှန်သမျှ ဒီ ပို့ စ်တင်ထားသူရော၊ ဒီပို့ စ်ရော funny မဟုတ်တာ မြင်နိုင်မှာပါ။
ကိုထွန်းထွန်း
Post a Comment