Saturday, 9 July 2011

မလေးပညာရှင်တွေ ဖွင့်ပြောလာကုန်ပြီ


မလေးရှားနိင်ငံ ကထင်ရှားတဲ့ပညာရှင်တဦးဖြစ်တဲ့ ပါမောက္ခ တရီယန် ဂိုမီစ် ( Terence Gomez)  က မလေးရှား နိင်ငံရေးမှာ ငွေနိင်ငံရေး ( Money Politics )  လုပ်နေတာတွေကို အဆုံးမသတ်ကြရင် လူထုလှုပ်ရှားမှုနဲ့ အဆုံးသတ်ရလိမ့်မယ်လို့  သတိပေးပြောကြား လိုက်ပါတယ်။
 အချက် ၂၂ ချက်ပါတဲ့ ပြုပြင်ပြောင်းလဲမှု တွေလုပ်ဖို့  တောင်းဆိုထားပါတယ်။

ဒါက အာဏာရပါတီ အူမို ပါတီကို အထူးရည်ညွန်းတာဖြစ်ပါတယ်။ အာဏာရပါတီဟာ အစ္စလန်ဘာသာရေးကိုအခြေခံပြီး တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ်။ စီးပွားရေးအရတိုးတက်မှုရှိလာပေမဲ့ လူထုတွေရဲ့  ဒီမိုကရေစီအခွင့်အရေးတွေကိုအကျယ်အပြန့် ပိတ်ပင်ခံနေရတယ်။ မလေးရှားနိင်ငံကကျောင်းသားတွေကိုနိင်ငံရေး နဲ့ မပတ်သက်နိင်အောင်နစ်ပေါင်းများစွာမျက်စိပိတ်နားပိတ်လုပ်ထားခဲ့ကြတယ်။ ဒါကြောင့်မလေးရှားလူငယ်တွေမခံနိင်တော့ပဲ လူထုတိုက်ပွဲကြီးကိုဆင်နွဲလာကြခြင်းဖြစ်တယ်။
ဒါက အာရပ်ကမ္ဘာ ကနိင်ငံရေးလှုပ်ရှားမှုတွေရဲ့  ရိုက်ခတ်မှုဖြစ်ပြီး နိင်ငံရေးအရပြုပြင်ပြောင်းလဲမှု ( Political Change ) ကို လိုခြင်လာကြတဲ့သဘောဖြစ်ပါတယ်။    ရွေးကောက်ပွဲလုပ်ပေးဖို့  ၊အစ္စလန်းမစ် အခြေခံနိင်ငံရေးကနေ ပိုပြီး လစ်ဘရယ်ကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့ တောင်းဆိုနေကြပါတယ်။

No comments :