Wednesday, 6 July 2011

အညတရ မြန်မာနိုင်ငံသားတဦးမှ ဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ

မင်္ဂလာပါ သမ္မတကြီး...ဦးသိန်းစိန် ခင်ဗျာ


ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ သားတစ်ယောက် အနေနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ရင်း ကျနော့်ကို ကျနော်ဘဲ မိတ်ဆက်ပေးပါရစေ ။ ကျနော်ဟာ မြန်မာမြေမှာ မွေးဖွားကာ ရှင်သန်းကြီးထွားလာပြီး လက်ရှိ အနေအထားမှာ တိုင်းပြည် အခြေအနေ အရ ပြည်ပရောက်နေတဲ့ အညတရ မြန်မာနိုင်ငံသား တစ်ဦးပါ ။ ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုချင်လို့ ပညာသင်ကြားခဲ့တဲ့ ကျနော်ဟာ သမ္မတကြီးတို့ အသိုင်းအ၀ိုင်းမှာ
ရေပန်းစားနေတဲ့ ဂွင်ဆိုတဲ့ စကားလုံးကို နာကြည်းမုန်းတီးတာက အစပြုကာ ပြည်ပကို ထွက်ခွာပြီး မိမိတတ်ထားတဲ့ ပညာလေးနဲ့ ရိုးသားစွာ အသက်မွေးဝမ်းကြောင်းပြုရင်းက တိုင်းပြည် အတွက် တတ်နိုင်သလောက်လေး ပေးဆပ်ဖို့ ကြိုးစားနေသူ တစ်ယောက်ပါလို့ ဦးစွာ ပထမ မိတ်ဆက် စကား ဆိုပါရစေ ခင်ဗျာ ။

မြန်မာနိုင်ငံသား တော်တော်များများက မင်္ဂလာ ဆိုတဲ့ စကားလုံးကို ရေလည် သုံးစွဲနေကြပေမယ့် မင်္ဂလာ ရှိအောင် မနေတတ်ကြလို့ ကျနော်တို့ တိုင်းပြည် အခုလို အနေအထား ကို ရောက်လာတာပါ ဆိုရင်လည်း မှားမည် မထင်ပါဘူး သမ္မတကြီး ခင်ဗျာ ။ မင်္ဂလာဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပာယ်ကို ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ သား တစ်ယောက် ဖြစ်တဲ့ သမ္မတကြီး က ကျနော့်ထက် ပိုမို နားလည်လိမ့်မယ်လို့ ကျနော် ထင်ထားပါတယ်.။ သို့ပေသော်ငြား လိုက်နာ ကျင့်ကြံဖို့ အားနည်းနေတယ်ထင်လို့ စေတနာရှေ့ထားကာ ကျနော် လေးစားစွာ အကြံပြုတင်ပြချင်ပါတယ်... ။

အပြည်အစုံသို့ 




လက်ရှိ အနေအထားအမှာ သမ္မတကြီးဆိုတဲ့ ရာထူးကို ဆုပ်ကိုင်ထားတဲ့ သူ တစ်ယောက် အနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ပါသလား ၊ တိုင်းပြည် ကို တကယ် တိုးတက်ထွန်းကားစေလိုပါသလား လို့ ပထမဦးစွာ ကိုယ်တိုင်ဘဲ ဖြေကြားစေလိုပါတယ် ။ အကယ်၍များ တိုင်းပြည်ကို တကယ်ချစ်ခဲ့ရင် ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကမ္ဘာမှာ ပြည်သူလူထု ဒုက္ခကြီးစွာ မခံစားရအောင် ကြံဆောင် လုပ်ဆောင်ပေးဖို့ အတွက်သမ္မတကြီး ကြိုးစားလုပ်ဆောင်စေလိုတဲ့ အချက်လေးများကို ကျနော် တင်ပြပါရစေ........။


မြန်မာပြည်က ပြည်သူလူထု ဆင်းရဲ ဒုက္ခကြီးစွာရောက် လို့ ကံကြမ္မာဆိုး အမျိုးမျိုးနဲ့ရင်ဆိုင်နေရတာ သမ္မတကြီး သိပါတယ် ဆိုတာ သမ္မတကြီးက မိန့်ခွန်းများက ဖော်ပြနေပါတယ် ။ ကျနော်တို့ တိုင်းပြည်ဟာ နိုင်ငံတကာ အလယ်မှာ မျက်နှာငယ်နေကြရတာလည်း သမ္မတကြီး အသိဆုံးပါဘဲ........ ။ နဂိုကမှ ယိမ်းယိုင်နေတဲ့ ကျနော်တို့ တိုင်းပြည်ကြီးမှာ ပြည်တွင်းစစ်ကြီး ဖြစ်ပွားအောင် ဖန်တီးထားလို့ မကြာခင် ဗုန်းဗုန်းလဲတော့ပါမယ် ခင်ဗျာ... ။ ဒီစစ်ပွဲတွေ ဘယ်က စတင်လာတယ်ဆိုတာ သမ္မတကြီး အသိဆုံးပါဘဲ ။ ဒါကြောင့် ပြဿနာတွေရဲ့ ရင်းမြစ်မူလကို သိနေမှတော့ ဖြေရှင်းရတာ သိပ်မခက်လောက်ပါဘူးဗျာ..... ။ စိတ်ထားမှန်ဖို့ကသာ အဓိပါ ဆိုတဲ့ စကားလေးကို သေချာစွာ တွေးပြီး အမြန်ဆုံး ရပ်တန့်နိုင်အောင် ကြိုးစားစေလိုပါတယ် ။

ဒီနေရာမှာ သမ္မတကြီးတို့ ဘက်က ငါတို့က နိုင်ငံခြား ၀င်ငွေရှာဖို့ အတွက် ကြိုးစားတာကို မင်းတို့က အပြစ်မြင်တာလို့ ပြောမှာ အသေအချာပါဘဲ ။ ဥပမာ ဆိုကြပါစို့ သမ္မတကြီး အိမ်မှာ အထွဋ်အမြတ် ထားတဲ့ အခန်းလေးတွေကို တည်းခိုခန်း ဖွင့်စားရင် အပိုဝင်ငွေရတာပေါ့လို့ ကျနော်က သမ္မတကြီးကို ပြောလာခဲ့ရင် သမ္မတကြီး ဘယ်လို ခံစားရမလည်း ။ မင်းကွာ ကြံကြံဖန်ဖန် တွေးတတ်တယ် ငွေရတာ မှန်ပေမယ့် ငါ့အိမ် ကျက်သရေယုတ်ပါတယ်လို့ ပြန်ဖြေမှာ အမှန်ပါဘဲ ။ အခုလည်း ဒီလိုပါဘဲ ခင်ဗျာ ။ သမ္မတကြီး မိသားစုနဲ့ သက်ဆိုင်တဲ့ နေရာလေးမှာတောင်
ငွေကြေးနဲ့ မလဲနိုင်တဲ့ အရာတွေ ရှိနေခဲ့ရင် တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အရာ တခုဆို ပိုဆိုးတာပေါ့လို့ ကျနော်က ဥပမာပေးခဲ့ရင် ရိုင်းတယ်လို့ မယူဆပါနဲ့ ။ တထွာပြရင် တလံလောက် မြင်တတ်လို့ သမ္မတကြီး ရာထူးရလာခဲ့ပြီးမှ စေ့စေ့တွေးမှ ရေးရေးပေါ် ဆိုရင်တော့ သိပ်မဟန်သေးဘူးလို့ ယူဆမိတာပါဘဲ ။

ကျနော်တို့ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတ မှန်သမျှကို ယခင် အစိုးရက လက်ညိုးထိုး ရောင်းစားလို့ ကုန်သလောက် နီးပါး ရှိသွားတဲ့ အခါ သဘာဝ အရင်းအမြစ်တွေကို ပါ ယခု အစိုးရ အသစ်က ဆက်လက် ရောင်းချပြီး စီးပွားရှာနေရုံမျှနဲ့တော့ တိုင်းပြည် တိုးတက် ထွန်းကားဖို့ မလွယ်ပါဘူး ။ သယံဇာတမှ တပါး ထုတ်ကုန်ဆိုတာ နတ္တိဖြစ်နေတဲ့ ကျနော်တို့ တိုင်းပြည် ပြန်လည် ထူထောင်ရေး အတွက် နိုင်ငံတကာ အကူအညီဆိုတာ အရမ်းကို လိုအပ်နေတဲ့ အချိန်ပါ ။ နိုင်ငံတကာကလည်း စစ်မှန်တဲ့ အပြောင်းအလဲ လုပ်ပြခဲ့ရင် အကူအညီပေးပါ့မယ်လို့ ဂတိတွေ ပြုထားကြတာ သတင်းများအရ ကျနော် ကြားသိခဲ့ရပါတယ် ။

သူတို့တွေ တောင်းဆိုတဲ့ အချက်ကို သမ္မတကြီး ဘာကြောင့် လိုက်လျောဖို့ နောက်တွန့်နေရတာလည်း ။ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရက စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေတာ အမှန်ပါ ဆိုရင် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ဖို့အတွက် အသက်သွေးချွေးတွေ ပေးဆပ်ကာ စတေးခံခဲ့ကြတဲ့ ပြည်သူလူထုရဲ့ သူရဲကောင်းတွေကို ဘာကြောင့် ဆက်လက် ချုပ်နှောင်ထားချင်ရတာလည်း ။ သူတို့တွေ ပြင်ပကမ္ဘာကို ရောက်သွားတဲ့ အခါ ငါတို့ကို တုန့်ပြန်မှာ စိုးတယ် ဆိုတဲ့ အတွေးတွေ သမ္မတကြီးမှာ ၀င်နေပုံထောက်တော့ သမ္မတကြီး စိတ်သဏ္ဍန်မှာ အမှန်တရားရဲ့ ခွန်အား နည်းပါးနေသေးသလို မဟုတ်တာတွေ ဆက်လုပ်ဖို့ ကြံစည်နေတာ ဖြစ်မယ်လို့ မြတ်ဗုဒ္ဓရဲ့ တရားတော်များ အရ ကျနော် ခန့်မှန်းမိပါတယ် ။


အခုချိန်မှာ သမ္မတကြီးရဲ့ အစိုးရ အသစ်ကြီး ဖရိုဖရဲ နဲ့ ကပိုကရို ကပွဲတွေ ဆင်နေတာကို ကျနော်တို့ အနေနဲ့ မျက်ဝါးထင်ထင် တွေ့မြင်ရနေသလို သမ္မတကြီးကိုယ်တိုင်လည်း အသိဆုံး ဖြစ်ပါမှာ ။ တကယ်တော့ သမ္မတကြီးနဲ့ လက်ရှိ အုပ်ချုပ်သူ ရာထူးကို ယူထားကြသူများဟာ သူတို့လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို လုံးဝ ရင်းနှီးကျွမ်းဝင်မှု မရှိဘူး ဆိုတာ မြန်မာနိုင်ငံ ပကတိ အနေအထားက ဖော်ပြနေလို့ လေးနက်စွာ စဉ်းစားဆင်ခြင်စေလိုပါတယ် ။ အဲဒီနောက်ဆက်တွဲ ပြဿနာရဲ့ ဆိုးကျိုးမှန်သမျှကိုတော့ သမ္မတကြီးနဲ့ အဖွဲ့လေးတွေသာ မက တနိုင်ငံလုံးက ပြည်သူလူထုပါ ခံစားရမှာ ဖြစ်လို့ အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲရေး လုပ်စေလိုပါတယ် ။


ကိုယ်တိုင် မလုပ်နိုင်လို့ အကြံပေးတွေ ခေါ်ထားပြီး ငါတို့ ရှေ့ဆက်သွားမယ် လို့ သမ္မတကြီးရဲ့ စိတ်ကူးလေးက မဆိုးပါဘူး ။ ဒါပေမယ့် လူရွေးတာ မှားသွားတယ်...။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ အတွက် သူတောင်းစားတွေ ဖမ်းပြီး ထောင်ထဲထည့်ထားလိုက်ပါ ဆိုတဲ့ နည်းလမ်းလောက်သာ ပေးတတ်တဲ့ လူအများက သမ္မတကြီးကို ရယ်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးနိုင်ဖို့ သွေးထိုးပေးကြပါလိမ့်မယ် ။ သူတို့တွေဟာ အခွင့်အရေး ဆိုတဲ့ စကားကို ကြားတာနဲ့ အသိဥာဏ်တွေ ဖောက်ပြားသွားလို့ သူတို့ အကြံပေးတာကို သမ္မတကြီး ဆက်လက် လုပ်ဆောင်နေရင် ကျနော်တို့ ပြည်သူလူထု အမြင်မှာသာ မက နိုင်ငံ တကာ အလယ့်မှာ အရှက်ကွဲတော့မှာ အသေအချာပါဘဲ ဆိုတာ မြေကြီး လက်ခက် မလွဲ ကျနော် ရဲဝင့်စွာ ပြောရဲပါတယ် ။



သမ္မတကြီး ဦးဆောင်တဲ့အစိုးရ တိုင်းပြည် ကောင်းစားရေးကို တကယ်လုပ်ဆောင်ချင်တဲ့ဆန္ဒ အမှန်သာ ရှိခဲ့ရင် နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက် မရှိ ပြန်လွှတ်ပေးသင့်ပါတယ် ။ ကမ္ဘာတလွှားက ပညာရှင်ပါလို့ တင်စားခေါ်ဝေါ်နေကြကာ ဆုတံဆိပ်တွေ အမျိုးမျိုး အပ်နှင်းခြင်းခံထားရတဲ့ ကောင်းကင်များရဲ့ လမင်း ၊ ပညာရှင်များရဲ့ မိခင် ၊ တိုင်းပြည်အတွက် အဖိုးမဖြတ်မနိုင်တဲ့ ရတနာ တပါးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးလုပ်သင့်ပါတယ် ။ သမ္မတကြီး ခေါ်ထားတဲ့ အကြံပေးပညာရှင်တွေ အားလုံးပေါင်းပြီး တသက်လုံး စဉ်းစားလို့ မရတဲ့ အဖြေများကို အမေစုက ခဏတာ အချိန်လေး အတွင်းမှာ အဖြေပေးနိုင်ပါတယ် ဆိုတာ မယုံရင် လက်တွေ့ကျကျ တွေ့ဆုံဆွေးနွေးလိုက်တာ အကောင်းဆုံးပါဘဲ ခင်ဗျာ ။



အတိတ်ကံကြောင့် အခုလို ရာထူးမျိုးကို ပိုင်ဆိုင်ခွင့်ရတဲ့ သမ္မတကြီး အနေနဲ့ ပစ္စပ္ပုန်မှာ ရေစုန်မျောလိုက်ရင် သမိုင်းမှာ အကြီးမားဆုံး တရားခံ စာရင်းထဲကို ရောက်ဖို့ တည်းတည်းလေးဘဲ ကျန်ပါတော့တယ်....။ သမ္မတကြီးလည်း ကျနော်တို့ အမျိုးသား ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတော့ ကျနော့်ထက် ပိုသိမှာပါ ။ သူတို့တွေဟာ ကိုယ်ကျိုး မဖက် တိုင်းပြည် အကျိုး အတွက် သယ်ပိုးဆောင်ရွက်ခဲ့ကြတာ တပါးသူကျွန်ဘ၀က လွတ်မြောက်ဖို့ ဆိုတာ အားလုံးသိပြီးသားပါ ။ အခုတော့ အဲဒီကျေးဇူးရှင်ကြီးများဟာ သူတို့စွန့်ပြီးဘာတခုမှ မစားသွားကြဘဲ နောက်လူများ စားသောက်ဖို့ ချန်ထားခဲ့တာကို အလွယ်တကူ စားသောက်နေရလို့ ယခင် အစိုးရက ကျေးဇူးတရားကို နားမလည်တဲ့ အပြင် သူတော်ကောင်းတွေရဲ့ မျက်နှာကို တံတွေးနဲ့ အကြိမ်ကြိမ် ထွေးခဲ့ကြသလို လုပ်ဆောင်ခဲ့တာကို တွေ့ရတော့ များစွာ ၀မ်းနည်းမိပါတယ်။


လွတ်လပ်ရေးရဲ့ ယဇ်ပလ္လင်ထက်မှာ အသက်သွေးချွေးပေါင်းများစွာ စတေးခဲ့သွားခဲ့ကြတဲ့ သူရဲကောင်းတွေက ကျနော်တို့ တပါးကျွန်ဘ၀မှ လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြတာပါ ။ ယခင်အစိုးရက လက်ထက်က စတင်လာခဲ့တဲ့ တရုတ်ကျွန်ဘ၀ ပြန်ရောက်အောင် လုပ်ဆောင်နေတဲ့ စီမံကိန်းများကို လက်ရှိအစိုးရက ဆက်လက် အကောင်အထည်ဖော်နေကြဆဲ ဖြစ်လို့ သမ္မတကြီးတို့လည်း ထူးမခြားနားပါဘဲလို့ ပြည်သူလူထုက သုံးသပ်နေတာကို နားခံရသိပ်ခက်လှရင် ထူးခြားတဲ့ အပြောင်းအလဲကို ရဲရဲကြီးသာ ပြောင်းလဲလိုက်စမ်းပါ လို့ အကြံပေးပါရစေ .....။


သမ္မတကြီးထက် ရာထူးကြီးမားသူ လက်ရှိ အနေအထားမှာ မရှိပါဘူး ။ အမှန်နဲ့အမှား ဆိုတာ လက်ရှိ ပကတိ အနေအထားကို လက်တွေ့ကျကျ ရှုမြင်သုံးသပ်ကာ အမှန်တရားနောက်ကို လိုက်ပါမယ်လို့ စဉ်းစားထားရင် သမ္မတကြီး နောက်ကျောက ထောက်ထားတဲ့ ဒါးသွားတစ်ချောင်းကို ငဲ့ကြည့်မနေပါနဲ့ ။ တိုင်းပြည်အပေါ်ကို တကယ့်စိတ်ရင်းစေတနာကောင်းနဲ့ လုပ်ဆောင်မယ် ဆိုရင် သမ္မတကြီးရဲ့ ရှေ့မှ သန်းငါးဆယ်ကျော်သော ပြည်သူလူထုကြီးက လက်ခုပ်သြဘာတီးဖို့ အဆင်သင့်စောင့်စားနေကြပါတယ် ....။


သဘာဝ ကို လုပ်အား မထည့်နိုင်ရင် ထိုက်တန်တဲ့ တန်ဖိုးကို ရရှိဖို့ သိပ်ခက်လို့ လုပ်အားဆိုတာ ပေါင်းထည့်နိုင်အောင်ကြိုးစားကြရပါတယ် သမ္မတကြီး ။
သကြံန်အမြောက်ကြီးလို ကြွေးကြော်သံတွေ ရွတ်ပြနေလို့ တိုင်းပြည် တိုးတက်ထွန်းကားလာမှာ မဟုတ်တာ အသေအချာပါ ။ အဲဒီလို လုပ်အား ဆိုတာတောင် ပညာကို အခြေခံထားကာ အဆင်မြင့်နည်းပညာများပါ ပေါင်းစပ်နိုင်တဲ့ နိုင်ငံများကသာ ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားလာကြပါတယ်။

ဒါကြောင့်လည်း ကမ္ဘာမှာ ပညာသာ အဓိက ဆိုပြီး နိုင်ငံတကာက ခေတ်မှီနည်းပညာများနဲ့ အဆင့်မြင့် ပညာရေးများကို သင်ကြားပေးဖို့ ကြိုးစားနေကြချိန်မှာ ကျနော်တို့ နိုင်ငံက ကလေးတွေမှာ စာရေးစရာ ဗလာစာအုပ်တောင် မလောက်ငတာ အားလုံးအသိပါ ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို ကလေးငယ်တွေ များလာလို့ ကရုဏာသက်သူများက စေတနာများဖြင့် ကိုယ်ထူကိုယ်ထ လုပ်အားပေးကာ လူမှုရေး လုပ်ငန်းလေးတွေ လုပ်ဆောင်ကြတော့လည်း သမ္မတကြီးရဲ့ အစိုရ အသစ်ကြီးက လိုက်လံ နှောက်ယှက်ကြပြန်တယ် ။ ဒီလို အနေအထားကို သိသိကြီးနဲ့ တိုင်းပြည်တိုးတက်ထွန်းကားအောင် ဆောင်ရွက်နေပါတယ် ဆိုတာ ကျနော်တို့ ဘယ်လို အသိဥာဏ်မျိုးနဲ့ လက်ခံပေးရမှာလည်း ဗျာ ။


ကမ္ဘာမှာ ဘွဲ့ရပြီး အိမ်ဖော် အလုပ်ကို လုပ်နေကြရတာ မြန်မာနိုင်ငံသားဘဲ ရှိပါတော့တယ် သမ္မတကြီး ။ အဲဒီဘွဲ့ရပညာတတ်တွေကို နည်းနည်းလေးသာ မွမ်းမံပြင်ဆင်ပေးနိုင်ခဲ့ရင် သူတို့တွေ အကျိုးစီးပွား ဖြစ်ထွန်းသလို တိုင်းပြည်အတွက်လည်း အင်မတန် အကျိုးစီးပွားရရှိစေလို့ ဥပမာလေးနဲ့ တင်ပြပါရစေ ။ အိမ်ဖော်တစ်ယောက်ရဲ့ လစာက စကာင်္ပူမှာ ဆို ဒေါ်လာ 450 မကျော်ပါဘူး ။ အကယ်၍များ သူဟာ သူသင်ထားတဲ့ ပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုနိုင်ခဲ့ရင် အဲဒီထက် လေးဆလောက် ရနိုင်ပါတယ် ။ သူ့ဝင်ငွေတွေက မြန်မာနိုင်ငံထဲကို ပြန်လည် စီးဝင်လာလို့ တိုင်းပြည်အတွက်လည်း အကျိုးရှိသလို သူ့ရဲ့ ဘ၀ရပ်တည်ချက် အတွက်လည်း ပိုမို ကောင်းမွန်မှာ အမှန်ပါဘဲ ဆိုတာ သမ္မတကြီးတွေးကြည့်ရင်တောင် သိသာလွန်းလှပါတယ် ။


နောက်တချက်က စကာင်္ပူဆိုတဲ့ ပွဲစားနိုင်ငံက လူတွေ မြန်မာနိုင်ငံက ပညာရှင်များကို အသုံးချကာ ကြီးပွားနေကြပုံလေး တခုကို သမ္မတကြီးကို တင်ပြချင်ပါသေးတယ် ။ မြန်မာနိုင်ငံက အင်ဂျင်နီယာ ဘွဲ့ရ တစ်ယောက် စကာင်္ပူမှာ အလုပ်လုပ်တဲ့ အခါ ဒေါ်လာ 1800 လောက် ပေးလေ့ ရှိပါတယ် ။
အဲဒီ လူကို ကုမ္ပဏီက သင်တန်းလေး သုံးလလောက် အလုပ်နဲ တွဲပြီး သင်ပေးပြီးတဲ့ အခါ တနာရီကို 75 ဒေါ်လာနဲ့ အခြား ကုမ္ပဏီတွေကို ဌားစားကြတယ် ။ အဲဒီလူကိုဘဲ မြန်မာနိုင်ငံသို့ ပညာရှင် အဖြစ် ပြန်လည် စေလွှတ်လိုက်တဲ့အခါ ကျနော်တို့ တိုင်းပြည် အတွက် မိအေး နှစ်ခါနာဆိုသလို ဖြစ်ကြရပြန်တယ် ။လုပ်အားဆုံးရှုံးရုံသာ မက ကိုယ့်တိုင်းပြည်က ငွေကြေးပါ အဆစ်ပေးလိုက်ရတယ် ။ ဒီလို အဖြစ်အပျက်တွေ အများကြီးတွေ့ခဲ့ရလို့ များစွာ ၀မ်းနည်းခဲ့ရပါတယ် ။


မြန်မာနိုင်ငံက ပညာတတ်တော်တော်များများ တိုင်းတပါးကို ထွက်ခွါ အလုပ်လုပ်ကိုင်ကြတာ တိုင်းပြည်ကို မချစ်လို့ပါ ဆိုပြီး လူတချို့က လက်ညိုးထိုးကာ စွပ်စွဲနေကြတယ် ခင်ဗျာ ။ တကယ်တော့ အဲဒီပညာတတ်တွေ သူတို့သင်ယူတတ်မြောက်ထားတဲ့ ပညာများနဲ့ လွတ်လပ်စွာ အသက်မွေးဝမ်းကြောင်းခွင့် မရကြသလို ထိုက်တန်တဲ့ အခွင့်အရေး ဆိုတာလည်း ဖန်တီးပေးဖို့ ဘယ်သူမှ မစဉ်းစားကြဘဲ ပြစ်တင်ပြောဆိုနေရုံမျှနဲ့တော့ ဘယ်လိုနည်းနဲ့မျှ တားဆီးနိုင်မှာ မဟုတ်ပါဘူး ။ ကိုယ့်တိုင်းပြည်က လုပ်အားကို သူတပါးတိုင်းပြည်ကို အလကားပေးလိုက်ကြမယ့် အစား ကိုယ့်ပြည်တွင်းမှာ အလုပ်လုပ်ပိုင်ခွင့်တွေ ရရှိအောင် ဖန်တီးပေးနိုင်ဖို့ အတွက် သမ္မတကြီးတို့ အဖွဲ့ ပြင်ဆင်တာ တခုမှ မတွေ့ရသေးလို့ အမြန်ဆုံး ကြိုးစားဆောင်ရွက်စေလိုပါတယ် ။


သမ္မတကြီး ခင်ဗျာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံ အများစုက ကျနော်တို့ တိုင်းပြည်က ခေါင်းဆောင်တွေ ပညာအရည်အချင်း နည်းပါးကြလို့ ရည်ရှည် အကျိုးစီးပွားကို ထည့်သွင်း မစဉ်းစားဘဲ တိုင်းပြည် သယံဇာတကို အလွယ်တကူ လက်ညိုးထောင်းပြီး ရောင်းချတာကို သိပ်ကို သဘောကျနေလို့ သမ္မတကြီးတို့ လုပ်သမျှ အမှန်ပါလို့ ထောက်ခံပေးထားကြပါလိမ့်မယ် ။ အဲဒါတွေကို အဟုတ်မှတ်ပြီး ငါတို့အတွက် အဆွေခင်ပွန်းကောင်းပါလို့ သတ်မှတ်ထားကာ ဆက်လက် ယုံစားထားကြရင်တော့ ရှေ့ဆက်ရမည့် အနာဂတ်ခရီးမှာ ပြည်သူလူထုရဲ့ ဘ၀များဟာ ဒုက္ခပင်လယ် ဝေနေကြအုံးမှာ အမှန်ပါဘဲ ။


တိုင်းပြည်ကို စစ်မှန်တဲ့ တိုးတက်ထွန်းကားစေလိုတဲ့ ဆန္ဒများနဲ့ တကယ် လုပ်ဆောင်ချင်တာ မှန်ခဲ့ရင် ပြုပြင်စရာ တွေကတော့ အများကြီးပါဘဲ ။ အိမ်တလုံး တည်ဆောက်ဖို့ အတွက် အုတ်မြစ်ချ တိုင်ထောင်ပြီးမှ ခေါင်မိုး မိုးလို့ ရမှာပါ ။ အဲဒီလိုပါဘဲ တိုင်းပြည် ပြန်လည် ထူထောင်ရေး လုပ်တဲ့ နေရာမှာလည်း အခြေခံ အကျဆုံး လုပ်ငန်းများကို လုပ်ဆောင်မှ ဖြစ်မှာပါ ။ အုတ်မြစ်မချ ၊ အိမ်တိုင် မထောင်ဘဲ အမိုးကို အရင်မိုးဖို့ ကြိုးစားနေကြလို့ ဘယ်သောအခါမှ အိမ်ဆောက်လို့ ရမှာ မဟုတ်သလို အခုလက်ရှိ အနေအထားမှာ သမ္မတကြီးရဲ့ အစိုးရ အသစ်ကလည်း ခေါင်မိုးအရင်မိုးစမိုးကြတာ ပေါ့ ဆိုတဲ့ ၀ါဒကို လက်ကိုင်ထားသမျှတော့ တိုင်းပြည်ကလည်း ဘယ်တော့မှ တိုးတက်ထွန်းကားလာမှာ မဟုတ်ပါဘူး ခင်ဗျာ ။


ဒီလိုမှ မဟုတ်ဘဲ သမ္မတကြီးတို့ အနေနဲ့ ငါသာလျှင် အဓိက ၊ ငါသာလျှင် ပဓာန ၊ ငါသာလျှင် ပညာရှိ ၊ ငါသိ ငါတတ် အစရှိတဲ့ ငါဆိုတဲ့ အတ္တကို ကိုင်စွဲပြီး ယခုပုံအတိုင်း ချီတက်ကြရင်တော့ မြန်မာပြည်ဆိုတာ မကြာခင် ဗုန်းဗုန်းလဲကာ တိုင်းတပါး လက်အောက်ကို ပြန်လည် ရောက်ရှိ၍ လွတ်လပ်မှုတို့ ပျောက်ဆုံးကာ လူဖြစ်ရှုံးရတဲ့ ဘ၀များကို ခံစားကြရ ပါလိမ့်အုံးမယ် ။ တချိန်က အာဇာနည်တွေ အသက်ပေးဆပ်ခဲ့ရတဲ့ လွတ်လပ်ရေးကို အခုလို အလွယ်တကူ အဆုံးရှုံးခံလိုက်ကြရင် သမိုင်းမှာ ကျနော်တို့ ဟာ တရားခံ အဖြစ် အလိုတူ အလိုပါ ဖြစ်သွားမှာ အမှန်ပါဘဲ ။ ဒါကြောင့် တိုင်းတပါး ကျွန်အောက် အဖြစ် ၀င်ရောက် ရမယ့် အချိန်များကို ဒူးထောက်ပြီး စောင့်စားနေမယ့် အစား တော်လှန်ရေး လုပ်ကာ ပြုပြင်ပြောင်းလဲရေးများကို ပြည်သူလူထု က လုပ်ဆောင်လာကြ ပါလိမ့်မယ် ။



ဒါကြောင့် သမ္မတကြီး အနေနဲ့ ဆုံးဖြတ်ချက် တခုကို ခိုင်ခိုင်မာမာချပြီး လုပ်စရာ ရှိတာကို ရဲဝင့်စွာ ဆောင်ရွက်နိုင်မှ ကျနော်တို့ တိုင်းပြည် အမြန်ဆုံး ပြန်လည် ထူထောင်နိုင်မှာ ဖြစ်လို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်စေချင်ပါတယ် ။ အချိန်တုံ့ဆိုင်းခြင်း မရှိဘဲ သမ္မတကြီးရဲ့ အစိုးရ အသစ်အနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်တဲ့ အခြေခံ အုတ်မြစ် အဖြစ် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးကာ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးကို ကြိုးစား ဆောင်ရွက်လိုက်တာဟာ အကောင်းဆုံးပါလို့ အကြံပြုတင်ပြရင်းလေးစားစွာ တိုက်တွန်း နိုးဆော်လိုက်ရပါတယ် ခင်ဗျာ ။



ခင်မင်လေးစားလျှက်

ဗမာ့သွေး

(အီးမေးလ်မှ တဆင့် လက်ခံရရှိသည်)

4 comments :

Anonymous said...

1kyat brain

Anonymous said...

No No No... I can't discuss with this girl, i can't release to them, if I release them, they will try the best for all of civilian, I can't...My family need to buy Bungalow, Condo..,at least in Singapore. I need to top up my bank account.. let me sell all gas, teak, and even all of teenage girl to Thailand...don't tell me that I don't know how to read, I only know Tomorrow Tomorrow Two Tomorrow..

Anonymous said...

1. This President is not able to read this blog because this blog is blocked by a Firewall of Burma. As a matter of fact, your post will be read by those of rich Burmese garbage activists who are also selling this country likes Military Government. Don’t you remember that Burmese garbage activists are part of the problems of our Burmese society?

2. This President is not able to read this blog because he doesn't know how to use internet effectively. However, He really knows how to use computer only for playing games and watching x-rated movies.

3. This President is not able to fulfill your request of so many goodies in this blog that you have presented because he actually has no power to fulfill even if he really wants to. He is just a puppet of military as usual.

4. This President will not negotiate with losers such as NLD et. al. You can only have dialogue when you start winning and them starts losing otherwise who want to talk with losers. Idiot! There is absolutely no second chance in Politics like boxing arena.

5. As a matter of fact, just stay where you are out there and shut up.

Warazein said...

ဦးသိန်းစိန် ကစောက်ရူးကြီး
သူ့ရဲ့ဝန်ကြီးကစောက်ပေါတွေ
ဝန်ကြီးအဖွဲ့တွေက ခနော်ခနဲ့တွေနဲ့အလုပ်လုပ်နေတာ
ဒေါ်အောင်ဆန်းစုကြည်က တခိုးရှင်၊ လူထူးလူဆန်း၊ ပညာရှင်အချုပ်
ထောင်ထဲကကောင်တွေက အာဇာနည် (ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့တတန်းထဲထား)
မြန်မာနိုင်ငံမှာ ဖြစ်နေသမျှပြသနာတွေအားလုံးက အစိုးရကြောင့်....
အစိုးရစောက်သုံးမကြလို့ နိုင်ငံခြားမှာ မြန်မာတွေခွေးဖြစ်
(မြန်မာတွေကလွဲရင် ကျန်တဲ့နိုင်ငံခြားသားတွေကခွေးမဖြစ်ဘူး)
ဒေါ်အောင်ဆန်းစုကြည်နဲ့မဆွေးနွေးလို့ဖြစ်နေတာ
ဒီနေ့ဆွေးနွေးလိုက်ရင် မနက်ဖြန်တိုင်းပြည်ကနေ့ချင်းညချင်းချမ်းသားသွားပြီ။
ဘွဲရပြီး အိမ်ဖေါ်လုပ်တာမြန်မာတွေဘဲရှိတယ်( အင်ဒိုတို့ဖိလစ်ပိုင်တို့ ဘဂ်လားဒေခ်ျအိမ်ဖေါ်တွေကတစ်ယောက်မှ ဘွဲမရကြဘူး၊ ဒါမှမဟုတ် ဘွဲရရင်အိမ်ဖေါ်မခန့်ဘူး။ မြန်မာအိမ်ဖေါ်ကြတော့ ဘွဲ့ရမှခန့်တာ)
သယံဇာတဆိုတာက မထုတ်ကဘူး။ ဒီအတိုင်းထားရမှာ (ဒါမှသယံဇာတ၊ ထုတ်လိုက်ရင် ဖြုန်တီးတာ)
လက်ရှိအကြံပေးတွေက စောက်ရှူးတွေ။
ဒေါ်စုကြည်ကိုနိုင်ငံတော်အကြီးအကဲတင်လိုက်။
ထောင်ထဲကကောင်တွေကို အမြန်ဆုံးလွှတ်လိုက်။
အနောက်နိုင်ငံက အကူအညီတွေရလာမယ်၊
တိုင်ပြည်က နေ့ခြင်းညခြင်းတိုးတက်လာလိမ့်မယ်။
အဲ့ဒီလိုဖြစ်ဖို့ကတော့... ဗမာသွေးကို အကြံပေးခန့်လိုက်။