တင်အောင်မြင့်ဦး(Shit Lone)
တိုင်းပြည်ကိုသစ္စာဖေါက်နေခြင်း ။
တင်အောင်မြင့်ဦး ( Shit Lone)
တရုပ်ပြည်အတွက်သူလျိုလ်လုပ်နေတယ်။ မြန်မာ ပြည်ကမြေတွေကို နာမည်မျိုးစုံနဲ့ တရုပ်ပြည်ကိုရောင်းပေးနေတယ်။
ပဒုံမာကွင်းကိုဝယ်လိုက်တဲ့ဒေါက်တာကိုကိုကြီး နောက်မှာ ထွန်းမြင့်နိင်ရှိတယ်။ ထွန်းမြင့်နိင်နောက်မှာတရုပ်ရှိတယ်။
တရုပ်ကလုပ်နိင်အောင် တင်အောင်မြင့်ဦးက တိုင်းပြည်ကိုသစ္စာဖေါက်ပြီးလုပ်ပေးနေတယ်လို
့သတင်းရရှိပါတယ်။ ၀န်ကြီးဌာနတွေအားလုံး ကိုshit
lone က ထိမ်းချုပ်ထားတယ်။ ကာကွယ်ရေးကလွဲလို့ ကျန်ဝန်ကြီးဌာနတွေကိုဘတ်ဂျက်တွေဖြတ်တောက်ပြစ်တယ်။
တချို့ဝန်ကြီးဌာန တွေဆိုရင် ၇၅ ရာခိုင်နှုန်းအဖြတ်ခံရတယ်။ အစိုးရအဖွဲ့  က ဆုံးဖြတ်ချက်
ချပြီးသား၊သတ်မှတ်ပြီးသားဘတ်ဂျတ်တွေကို တင်အောင်မြင့်ဦးက ကာလုံ ၀န်ကြီးဌာန က နေ ပြန်ပြင်တယ်။ထင်သလို
ဆုံးဖြတ်လိုက်တယ်လို့ ဆိုတယ်။ ဒါကြောင့် ၀န်ကြီးဌာနတွေက
ဘာမှလုပ်လို့ မရနိင်တော့ဘူး။ အစိုးရအဖွဲ့ မှာငွေမရှိဘူး။ ရေနံ၊ကျောက်စိမ်းတွေရောင်းရတဲ့ငွေတွေကို
သန်းရွှေအဖွဲ့ က ထိမ်းချုပ်ထားတယ်။ သူတို့  ကိုယ်ကျိုးအတွက်ယူတာရယ်၊ နေပြည်တော်တည်ဆောက်စဉ်က
အကြွေးတွေကိုဆပ်ရမှုတွေကြောင့်အစိုးရအဖွဲ့ မှာ ၀င်ငွေမရှိတာ့ဘူးလို့ သတင်းရရှိပါတယ်။
နောက်သတင်းတခုကတော့
စစ်တိုင်းမှုးတွေကို ပတ်လည်ရွေ့ ပြောင်းမှုတွေလုပ်ခဲ့တယ်။ ရန်ကုန်တိုင်းစစ်တိုင်းမှုထွန်းသန်းကို
ဖိအားပေးပြီးနှုတ်ထွက်ခိုင်းလိုက်တယ်လို့ သိရတယ်။
သူက မင်းအောင်လှိုင် နဲ့ ပိုမိုနီးစပ်လာလို့ ဖြစ်တယ်လို့ ဆိုတယ်။ လဘ်စားမှုကြောင့်အလုပ်ဖြစ်တာလို
့သတင်းလွင့်ထားတယ်။ ဒါဆိုရင် တင်အောင်မြင့်ဦးကိုရှေ့ ဆုံးကဖြုတ်သင့်တယ်လို့  ၀န်ထမ်းတွေကဆိုပါတယ်။
ဒီလိုရွေ
့ပြောင်းမှုတွေကို တင်အောင်မြင့်ဦး (ကာလုံ-၀န်ကြီးဌာန)က လုပ်ခဲ့တာလို့ ဆိုတယ်။ သမတသိန်းစိန်နဲ
့စစ်ဦးစီးချုပ်မင်းအောင်လှိုင်တို့ ဟာအရုပ်တွေမျှသာဖြစ်ပြီး တကယ် ဆုံးဖြတ်ချက်တွေကို
လုပ်နေတာကတော့ တင်အောင်မြင့်ဦး၊ ခင်အောင်မြင့်၊ လှထွန်း နဲ့ ကျော်ဆန်းတို့ ဖြစ်တယ်။
သူတို့ ကို လေးဦးဂိုဏ်းလို့  ၀န်ကြီးတွေက နောက်ကွယ်မှာခေါ်ဝေါ်သုံးဆွဲနေကြပါတယ်။
1 comment :
တင်အောင်မြင့်ဦးဟာ တရုတ်စပ်ဖြစ်ပါတယ် ... သူ့အစ်ကို ကျော်မြင့်ဦးဆိုတာ တောင်ငူတက္ကသိုလ်မှာ ပါမောက္ခချုပ် (၂၀၀၁-၂၀၀၄) လုပ်သွားခဲ့ဖူးပါတယ် ... သူတို့မိသားစုဟာ တရုတ်မိသားစု တွေလိုပဲနေထိုင်စားသောက်ကြတာ မျက်မြင်ကိုယ်တွေ့ပါ .. တရုတ်နှစ်သစ်ကူးတောင်လုပ်လိုက်ကြသေးတာ မှတ်မိပါသေးတယ် ... ဒါကြောင့် တင်အောင်မြင့်ဦး (ရှစ်လုံး) ဟာ တရုတ်သူလျှိုလုပ်နေတယ်ဆိုတာ ဖြစ်တန်ကောင်းတယ်လို့ မှတ်ချက်ပြုပါတယ်။ တရုတ် တရုတ်ချင်း သွေးစည်းတယ်ဆိုတာ မမေ့ကြပါနဲ့။
Post a Comment