Sunday 24 July 2011

မပြီးဆုံးသေးတဲ့ လီဒိုလမ်းမကြီး (သို့ ) Stilwell Road သမိုင်း



-မြတ်စိုး- ၀၇.၂၄.၂၀၁၁
၁၉၈၁ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရတဲ့ အမေရိကန် သမ္မတ ရော်နယ်ရီဂင်ဟာ ဟောလီးဝုဒ် မှာ နာမည်ကျော်မင်းသားကြီး ဖြစ်ခဲ့သလို၊ သူ သမ္မတ တာဝန်ထမ်းဆောင်စဉ်မှာ အမေရိကန် အတွေ့အကြုံတွေအတွက် သမိုင်းအထောက်အထားတွေကို...
စုဆည်းပြီး မပျောက်ပျက်အောင် ပြန်လည် ဖော်ထုတ်ကြဖို့ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေကို ပြုလုပ်ပေးခဲ့တယ်။ သမ္မတရော်နယ်ရီဂင် ရဲ့ အစီအစဉ် ဖြစ်တဲ့ သမိုင်းအမွေအနှစ် ဖြစ်ရပ်မှန်များကို ပြန်လည် ဖော်ထုတ်ပေးခဲ့မှုကြောင့် ကမ္ဘာ့သမိုင်းကိုလေ့လာနေကြသူများအတွက် အချက်အလက်မှန် များ ကို ပြန်လည်ပြင်ဆင်ဖြည့်စွက်နိုင်ခဲ့ကြတယ်။ ဒီအစီအစဉ်ဟာ ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပြီး၊ နိုင်ငံတကာ အစိုးရတိုင်းဟာ ဒီလိုအစီအစဉ်မျိုး နိုင်ငံအတွင်း လိုအပ်တဲ့ငွေကြေးသုံးစွဲပြီး ပျောက်ပျက်သွားနိုင်တဲ့ သမိုင်းအထောက်အထားတွေကို ကာကွယ်ထားသင့်ပါတယ်။

ရော်နယ်ရီဂင်ရဲ့ သမိုင်းအမွေအနှစ် ဖြစ်ရပ်မှန်များကို ပြန်လည် ဖော်ထုတ်မှုတွေထဲမှာ ဒုတိယကမ္ဘာစစ်အတွင်း စစ်မီးတောက်လောင်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ မဟာမိတ်တပ်ဖွဲ့များ နှင့် ဂျပန်တပ်ဖွဲ့ တို့ရဲ့ စစ်ရေး မဟာဗျူဟာ ၊နည်းဗျူဟာများ၊၊ စစ်အတွင်း အဓိက ကျတဲ့ လမ်းမကြီးများကို ဘယ်လို ဖောက်လုပ်ခဲ့သလဲ။ ဘယ်လောက် သေဆုံးမှုတွေ ရှိခဲ့သလဲ၊ စတဲ့ သမိုင်းဖြစ်ရပ်မှန်တွေ ကို စုဆည်းတင်ပြထားတာပါရှိပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း မဟာဗျူဟာကျတဲ့ လီဒိုလမ်းမကြီးကို တည်ဆောက်ခဲ့ရာမှာ လူပေါင်း ၆၃,၀၀၀ နဲ့ ငွေကြေး အမေရိကန်ဒေါ်လာ သန်း၁၅၀ သုံးစွဲခဲ့တယ်လို့ သမိုင်းအထောက်အထားများအရ သိရှိရပါတယ်။ ဒီလမ်းမကြီး ကို တရုတ်၊အိန္ဒိယ၊ ဗြိတိသျှတပ်များ စစ်လက်နက်၊ ရိက္ခာ သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲခဲ့ကြောင်းဖော်ပြပါရှိတယ်။ လီဒိုလမ်းမ တည်ဆောက်မှု မှာ အမေရိကန် စစ်သား ၁၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားတယ်။ ၁၉၄၅ ခုနှစ် အစောပိုင်းမှာ ဒီလမ်းမကြီးကို တည်ဆောက်ခဲ့ တဲ့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး Vinegar Joe Stilwell ကို ဂုဏ်ပြုတဲ့အနေနဲ့ တရုတ် ခေါင်းဆောင် ချန်ကေရှိတ်က Stilwell Road လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။

သမိုင်းဖြစ်ရပ်မှန် အထောက်အထားမှာ ၄ရ၈ မိုင် ရှည်လျားတဲ့ မြန်မာပြည် အနောက် ကနေ အရှေ့ ကို ဖောက်ပြီး အိန္ဒိယ နှင့် တရုတ်ပြည်ကို ဆက်သွယ်ပေးမဲ့ လီဒိုလမ်းမကြီး (သို့) စတေးဝဲလ်လမ်းမကြီး လို့ ခေါ်တွင်ခဲ့တဲ့ အရေးပါတဲ့ မဟာဗျူဟာကျ လမ်းမကြီးရဲ့ သမိုင်းဝင် ဖြစ်ရပ်မှန်တွေကို စုဆည်းတင်ပြထားပါတယ်။ တရုတ် နိုင်ငံထွက်ပေါက်ရရှိရေးအတွက် မြန်မာပြည်ဟာ စစ်တလင်းပြင်ဖြစ်ခဲ့ရတယ်ဆိုအချက် ကိုတော့ မြန်မာ့သမိုင်းမှာ ဖော်ပြထားတာ မတွေ့ရသလောက်ပါ။ ဒုတိယကမ္ဘာစစ်ကြီး အကြောင်း မြန်မာ့ သမိုင်း မှာ ဘယ်လိုဖတ်ခဲ့ရသလဲ၊ ကမ္ဘာ့မှတ်တမ်းတွေအရ ဘယ်လိုကွာခြားမှု ရှိခဲ့သလဲ ဆိုတာ သမိုင်းလေ့လာနေကြသူများစိတ်ဝင်ကြလိမ့်လို့ထင်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာပြည်ဟာ လီဒိုလမ်းမကြီး ဆောက်လုပ်ပြီး၊ တရုတ်ပြည်ရဲ့ အသက်လမ်းကြောင်း ရှုပေါက်၊ ထွက်ပေါက် ပေးခဲ့ရသလို ယနေ့ ခေတ်မှာလည်း မြန်မာပြည် အနောက် ကနေ အရှေ့ ကို ဆက်သွယ်ထားတဲ့ တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ထည်ဆောက်ပြီး၊ တရုတ် တပါတီ အာဏာရှင် အစိုးရ ကို ထွက်ပေါက်ပေးရပါအုန်းမယ်။

တရုတ် ဓာတ်ငွေ့ပိုက်လိုင်း သွယ်ယူမည့် လမ်းမကြီးကို တော့ ဒီလမ်းမကြီးကို တည်ဆောက်ခွင့်ပြုတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ တရုတ်ခေါင်းဆောင် ဟူကျင်းတောင်၊ ၀မ်ကျားပေါင် တို့ က သိန်း၊သန်း လမ်းမကြီးလိုပဲဂုဏ်ပြုခေါ်ဝေါ်ဖို့ အကြံပြုမလားး၊ ရွှေမန်းလမ်း၊ တင်အောင်မြင့်ဦးလမ်းမကြီးလို့ပဲ ခေါ်ဖို့ အကြံပြုမလားဆိုတာကတော့ စောင့်ကြည့်ရပါအုန်းမယ်။


လူငယ်ပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် သမိုင်းကြောင်း၊ နိုင်ငံရေးအကြောင်း ကို စိတ်ဝင်စားလာနိုင်ကြပါစေ။ သင်ခန်းစာ ယူနိုင်ကြပါစေ.....။


လီဒိုလမ်းမကြီး (သို့ ) Stilwell Road


သိန်း သန်းလမ်းမကြီး (သို့) တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကြောင်း

No comments :