စာဖတ်သူတို့၏ အမြင် ကောက်နုတ်ချက်
"ရှေ့က နွားတွေ က အရှုံး၊ အနိုင် ကို အသိအမှတ် မပြုပဲ ဖြောင့်ဖြောင့် မသွားတော့၊ တိုင်းပြည် မှာ စည်းမဲ့ ကမ့်မဲ့ဖြစ်ပြီး နိုင်ငံတကာ မှာ အရှက်ရ ခဲ့တာ သင်ခန်းစာ ယူသင့်တယ်။ အမှားတွေ ကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိ သရွေ့
(အပြည့်အစုံကြည့်ရန် ခေါင်းစဉ်ကိုနှိပ်ပါ)
ဒီလို အောက်တန်းနိမ့်ကျတဲ့ ဖြစ်ရပ်မျိုးတွေ တိုင်းပြည်မှာ ဆက်ရှိနေမှာပဲ။ "
"ဂုဏ်သိက္ခာ မဲ့တဲ့ အစိုး၇ လက်အောက်မှာ ကြမ်းတမ်းတဲ. ပြည်သူတွေ အဖြစ် မှတ်တမ်းတင်ခံလိုက်တာပါပဲ။"
"အားကစား မှာ နိုင်ငံတကာ အဆင့် ကို တက်လမ်းမယ်ဆိုရင် အရှုံး၊ အနိုင် ကိုလဲ အမှန်တကယ် အသိအမှတ်ပြု လက်ခံနိုင်၇မယ် ဆိုတဲ့ စိတ်ထားရှိရမယ်။ ကိုယ်ရှုံးတာ ရှုံးတယ်ဆိုတာကို လက်မခံနိုင်ကြ သ၍ မြန်မာပြည်သူတွေ ကမ္ဘာ့အလယ် မှာ အရှက်တကွဲ ဖြစ်နေရအုန်းမှာ ပဲ။"
"ပရိသတ်တွေ စည်းကမ်းမဲ့တာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလို စည်းကမ်းမဲ့မှု ဖြစ်လာခဲ့တာက ပွဲစီစဉ်သူတွေရဲ့ ညံ့ဖျင်းမှုလို့ အနှစ်ချူပ် ပြောချင်ပါတယ်"
မနေ့က မြန်မာအသင်းနဲ့ အိုမန်အသင်းတို့ ကစားတဲ့ပွဲကို သွားကြည့်အပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကျွန်တော်ပေးစာလေး တစ်စောင်ရေးပြီး အဖြစ်အပျက်ကို မတ်ဖန်မှာ တင်ပြခဲ့ပါတယ်။ အပြုသဘော၊ အပျက်သဘော အမြင်အမျိုးမျိုးနဲ့ ပြန်လည် တင်ပြကြသူတွေကြောင့် ကျွန်တော့်အတွေး ကျွန်တော့်အမြင်တွေကို အပိုင်း(၂) ဆိုပြီး ထပ်မံ ရေးသားဖြစ်ခဲ့တယ် ဆိုပါတော့ဗျာ။ ...
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဒုတိယအဆင့်၊ ဒုတိယအကြော့ ခြေစစ်ပွဲ အဖြစ် အိမ်ကွင်းမှာ ကစားမယ့် မြန်မာ အိုမန်ပွဲကိုကြည့်ဖို့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းထဲ ကျွန်တော် စတင်ဝင်ရောက် လိုက်တဲ့အချိန်မှာ ကျွန်တော် မြင်တွေ့ရတာက ၀င်ပေါက်ဝမှာ ချွေးတွေနဲ့အတူ အရမ်း ဒေါသထွက်နေတဲ့ လူအုပ်ကြီးပါ။ လက်မှတ်တွေ ဘယ်မှာ ၀ယ်ရမှန်းမသိ၊ ဘယ်အပေါက်က ၀င်ရမှန်းမသိ။ အခမဲ့ ၀င်ခွင့်ပြုသည်ဆိုတဲ့ ဆိုင်းဘုတ်ကြီး ချိတ်ပြီး လူတွေကို အ၀င်မခံတာကို မကျေနပ်တဲ့ ဆဲဆို သံတွေပါ။.. ၀ယ်ထားတဲ့ လက်မှတ်တွေအတွက် တန်ရာတန်ကြေးပေးပြီး ဖြစ်ပေမယ့် ၀င်ခွင့်မရတဲ့သူတွေက အနစ်နာဆုံးနဲ့ ပေါက်ကွဲမှု အပြင်းထန်ဆုံး ဖြစ်ပါတယ်။...
ပွဲတစ်ပွဲကို ပရိသတ် အားပေးမယ့်နှုန်း ဘယ်လောက်ရှိနိုင်တယ် ဆိုတာကို ဘာဖြစ်လို့များ တာဝန်ရှိသူတွေ ကြိုတင် မခန့်မှန်းနိုင်ခဲ့ပါသလဲ။.. လူသိပ် စိတ်ဝင်စားမယ့် ပွဲဖြစ်နေမယ်ဆိုရင် ကန့်သတ်ချက် ရှိနေတဲ့ ကွင်းအတွက် လက်မှတ်ဈေးနှုန်းနဲ့ ပရိသတ် ပမာဏကို ထိန်းလို့ရပါတယ်။ ဒါဟာ နိုင်ငံတကာမှာ လက်ရှိကျင့်သုံးနေတဲ့ နည်းဖြစ်ပါတယ်။
အခမဲ့ဆိုပြီး သတင်းစာကနေ ကြော်ငြာလိုက်တဲ့အခါ ရောက်ရှိလာမယ့် ပရိသတ်ဟာ ကန့်သတ်ပမာဏထက် ကျော်နေပြီး ကွင်း မဆန့်တော့ရင် ဘယ်လိုလုပ်ပေးမယ်လို့ ဘာဖြစ်လို့များ ကြိုတင် မတွေးခဲ့သလဲ။
အထူးတန်း ပွဲကြည့်စဉ် လက်မှတ်ကို ဘာဖြစ်လို့များ ကွင်းဆံ့မယ့် အရေအတွက်ထက် ပိုပြီးရောင်းချသလဲ။ လက်မှတ်မဲ့တဲ့ သူတွေရော လက်မှတ်ရှိတဲ့ သူတွေနဲ့အတူ တန်းစီနေကြတာမျိုး မဖြစ်အောင် မစီစဉ်နိုင်ဘူးလား။ ...
ကိုတော်တီရေ..
ကျွန်တော်ပြောချင်တာက လက်မှတ်ရှိသူတွေ ကွင်းထဲ ၀င်ခွင့် မရတဲ့အခါ မပေါက်ကွဲလာစေရေး ဖြစ်ပါတယ်။ လက်မှတ်မရှိလို့ ကွင်းထဲ မ၀င်ရတဲ့သူတွေက အပြစ်တင်မယ်ဆို မိမိကိုယ်မိမိသာ အပြစ်တင်သင့်ပေမယ့် ဂွင်တစ်ခုလို သဘောထား လက်မှတ်တွေကို စိတ်ထင်သလို မှောင်ခိုဈေးကွက်ကနေ ရောင်းချထားပြီး နောက်မှ ကွင်းမဆန့်တော့ သလိုလိုနဲ့ ကွင်းထဲ ပေးမ၀င်တဲ့ဟာက တကယ့် ပြဿနာတစ်ခုရဲ့ မြစ်ဖျားခံရာပါ။...
ကွင်းထဲ ၀င်မရတဲ့ လူအုပ်ဟာ လက်မှတ်တွေရှိနေပြီး ၀င်မရတာမို့ ဒေါသထွက်ပြီး ကွင်းပြင်ကနေ သောင်းကျန်းပါတယ်။ သောင်းကျန်းတော့ သံတံခါးတွေ ကျိုးထွက်ကုန်တယ်။ ကျိုးထွက်သွားတော့ အပေါက်ဝက ရှိသမျှလူ လေးငါးရာ တစ်သောင်းလောက် အထဲ ၀င်ပြီးမှ အဲ့ဒီတံခါးကို ပြန်ပိတ်နိုင်တယ်။ တကယ်တော့ ကွင်းပြိုကျမှာ ပူနေရသလို ကွင်းထဲမှာ ခြေချစရာ မရှိတဲ့ ပရိသတ်က ကွင်းပြင်ပ ခြံစည်းရိုးတွေပေါ် တက်ကြည့်၊ မီးဆိုင်းဘုတ်တွေပေါ် တက်ကြည့်တဲ့အထိ ဖြစ်ကုန် ပါတော့တယ်။ အပြင်ကတည်းက ဒေါသထွက်နေတဲ့လူအုပ်၊ ကွင်းထဲမှာလည်း ထိုင်စရာမပြောနဲ့ ခြေချစရာတောင် နေရာမရှိတဲ့ ပရိသတ်တွေဟာ ကွင်းထဲကို အရာဝထ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တော့တာဟာ မဆန်းပါဘူး။ နောက်ဆုံးတော့ မြန်မာတွေ စည်းကမ်းပျက်တယ် ဖြစ်ရောဗျာ။။
တကယ်လို့သာပေါ့။
- အဖွဲ့ချူပ် တာဝန်ရှိသူတွေ အနေနဲ့ လက်မှတ်ခကို တန်ရာတန်ကြေးတောင်းပြီး၊ လက်မှတ်ဝယ်ထားတဲ့ ပရိသတ်တွေ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားမယ်ဆိုရင်..
- လက်မှတ်ကိုလည်း အပိုအလိုမရှိ တိကျတဲ့ ပမာဏနဲ့ ကွင်းဆန့်သလောက်ပဲ ရောင်းချနိုင်မယ် ဆိုရင်..
- ကွင်းထဲမှာလည်း နေစရာ ထိုင်စရာ ကောင်းကောင်းမွန်မွန်လေးနဲ့ သက်တောင့် သက်သာ အားပေးကြည့်ရှုခွင့် ရမယ်ဆိုရင်...
- ပရိသတ်ကို ရန်သူလို အကြည့်မျိုးနဲ့ အကြည့်မခံရဘူးဆိုရင်...
ကျွန်တော်ကတော့ ပြည်ပမှာလိုဘဲ လက်ခုပ်သံ တစ်ဖြောင်းဖြောင်းနဲ့ အားပေးမယ့် ပရိသတ်အများစုကိုသာ မြင်တွေ့ရမယ်လို့ ထင်မြင်မိပြီး ပြိုင်ဖက်အသင်းတိုင်း ချီးကျူးရမယ့် ပရိသတ်တွေကို မြန်မာပြည်မှာ မြင်တွေ့ရမယ်လို့ ပြောရဲပါတယ်။ အခုလို ပွဲပျက်တဲ့ အနေအထားမျိုး ဖြစ်လာတော့လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချူပ် ဖီဖါရဲ့ အရေးယူမှု ခံရမယ် ဆိုရင်တောင် အကြောင်းအရင်း အမှန်ကို တာဝန်ရှိသူတွေ ပြန်လည် ဆန်းစစ်မှာ မဟုတ်ပဲ ပြည်ပ သတင်းမီဒီယာတွေမှာ ပါနေသလို ပရိသတ် သောင်းကျန်းမှုကြောင့် ပွဲပျက်ပါတယ် လို့သာ ပရိသတ်က အကြမ်းဖက်သူအဖြစ် လက်ညိုးထိုး ခံရတော့မှာပါ။ ပရိသတ်တွေ စည်းကမ်းမဲ့တာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလို စည်းကမ်းမဲ့မှု ဖြစ်လာခဲ့တာက ပွဲစီစဉ်သူတွေရဲ့ ညံ့ဖျင်းမှုလို့ အနှစ်ချူပ် ပြောချင်ပါတယ် ကိုတော်တီရေ..
အခုတော့ ပထမပိုင်း ပြီးခါနီး ပွဲချိန် ၃၉ မိနစ်မှာ ပေးခဲ့ရတဲ့ ပင်နယ်လ်တီကို အစပြုပြီး ပရိသတ်က သောင်းကျန်း၊ နှစ်ကြော့ပေါင်း ရလဒ် ၄-၀ နဲ့ အိုမန်အသင်းက အနိုင်ရပြီး တတိယ အဆင့်ကို တက်ရောက်သွားပြီမို့ အခုအချိန်ကစပြီး ဘရာဇီးကို ကိုယ့်နိုင်ငံ လက်ရွေးစင် အသင်းလို သဘောထားပြီး အားပေးဖို့ အားခဲရင်း မြန်မာနဲ့ မဆိုင်တော့မယ့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို စောင့်ဆိုင်းကြပါစို့ဗျာ...
-ဇော်ဇော် (Source: Mutdfan.com)-
No comments :
Post a Comment