(ဒီလက်မျိုး )
ကြယ်တွေမှာ
မေမေရှိသလား
တကယ်တမ်းတွေးကြည့်တော့
သားရဲ့ကြယ်ဟာ
မေမေပါ။
ကြယ်တွေကိုကြည့်လိုက်တိုင်း
လင်းနေတဲ့ကြယ်တွေက
အဝေးရောက်သားကိုတမ်းတရင်း
ငိုနေတဲ့
အမေ့ မျက်လုံးတွေပေါ့။
ကြယ်တွေမှာမေမေရှိသလား ။
ကျနော့်သားနဲ့ကျနော်
မြက်ခင်းတခုပေါ် ကိုထွက်ထိုင်ရင်း
ပက်လက်လှန်လှဲချ
မိုးကောင်းကင်ပေါ်ကကြယ်တွေကိုကြည့်ရင်း
သားကမေးတယ်မေမေ
ကြယ်တွေဟာအဖေ့ရဲ့အမေတဲ့လား။
ကျနော်ဖြေရခက်ပ။
ကြယ်တွေမှာ
အမေရှိမှာပေါ့လို့ .....။
No comments :
Post a Comment