Friday, 5 August 2011

ဆန်တပြည် ၁၅ ကျပ် စိန်လွင့်ခေါင်းကိုဖြတ်၊ ဆန်တပြည် ၁၅ ပြား အောင်ကြီးလာမှ စား ( ခေါင်းစဉ်ကိုကလစ်ပါ)

ဦးအောင်ကြီး ဆိုတာ ဘယ်သူလဲ  


 ၈လေးလုံး လူထုတိုက်ပွဲ ကြီးဖြစ်လာတဲ့အခါမှာ ဒေါသထွက်နေတဲ့လူထုကြီးက
ဆန်တပြည် ၁၅ ကျပ် စိန်လွင့်ခေါင်းကိုဖြတ်၊ ဆန်တပြည် ၁၅ ပြား အောင်ကြီးလာမှ စားလို့ လဲကြွေးကြော်ခဲ့ကြတယ်။

အောင်ကြီးဆိုတာဘယ်သူလဲ။ အောင်ကြီးဆို ဗိုလ်မှုးချုပ်ဟောင်းတဦးဖြစ်တယ်။ သူလဲနေ၀င်းလိုပဲ မြန်မာပြည်ပေါက်တရုပ်တဦးဖြစ်တယ်။ ၁၉၆၂ ခုနစ် စစ်တပ်က အာ - ဏာကိုသိမ်းလိုက်စဉ်မှာ သူဟာ ဒုတိယခေါင်းဆောင်တဦးဖြစ်တယ်။ စစ်တပ်က အာဏာသိမ်းပြီး မကြာမှီမှာ
အောင်ကြီးကို နေ၀င်းက ကန်ထုတ်ခဲ့တယ်။ မဆလ ခေတ် မှာ နိင်ငံတော်ရဲ့ စီးပွားရေးဟာ တခါးပိတ်စီးပွားရေးစနစ်ဖြစ်တယ်။ ပြည်သူလူထုက နိင်ငံတကာနဲ့  ကုန်သွယ်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်ခွင့်မရှိဘူး။ ကန့် သတ်ချုပ်ချယ်မှုတွေသိပ်များတယ်။ စစ်တပ်က ပြုတ်လာတဲ့ အောင်ကြီးဟာ ၁၉၈၀ ၀န်းကျင်မှာ လဘက်ရည်ဆိုင်တွေဖွင့်တယ်။လဘက်ရည်နဲ့ ကိတ်မှုန့် ရောင်းတယ်။ သူဆိုင်တွေက အောင်မြင့်လာတယ်။ 
နေ၀င်းက စစ်ဗိုလ်ချုပ်တွေရဲ့ သောက်ကျင့်အတိုင်း သူတို့ အချင်းအချင်းဆိုရင် ပြန်ကြည့်လေ့ရှိကြတယ်။ 
အောင်ကြီးဆိုင်အတွက်လိုအပ်တဲ့ဂျုံ တွေကို နေ၀င်းဆီက ဈေးချိုချိုနဲ့ ရတယ်။ ဒီတော့အောင်ကြီးက အောင်မြင်လာတယ်။ လူတွေက မဆလပါတီကိုအယုံအကြည်ကင်းမဲ့နေတယ်။ ခေါင်းဆောင်မျှော်နေတယ်။ ဒီအချိန်မှာ စီးပွားရေးအရ အောင်မြင်လာတဲ့ အောင်ကြီးကိုလူတွေက ခေါင်ဆောင်ကြီးလိုထင်လာတယ်။ ၁၉၈၅- ၈၇ ခုနစ်တွေမှာ မဆလ က ငွေကြေးဖေါင်းပွလာမှုကို ထိမ်း ချုပ်ခြင်တဲ့အတွက် ငွေစကူတွေကို တရားမ၀င်ကြေညာလိုက်တယ်။ ဘဏ်ဏာရေး အကြပ်ဆိုက်မှု -  Financial Crisis  - ဖြစ်လာတယ်။ 
( အခုလည်း ဘဏာ ရေးအကြပ်ဆိုက်မှုဖြစ်နေတာကိုသတိပြုပါ။) 
၁၉၈၈ မတ်လကျောင်းသားလှုပ်ရှားမှုဖြစ်ပွားလာတယ်။ ဒီအချိန်မှာ 
အောင်ကြီးက ၄၈ မျက်နာပါတဲ့ အိပ်ဖွင့်ပေးစာတစောင်ကိုဦးနေ၀င်းထံပေးပို့ ခဲ့တယ်။စာမှာပါတဲ့အနှစ်ချုပ်ကတော့ ဦးနေ၀င်းရဲ့  မဆလ စနစ်မအောင်မြင်ဘူး ဦးနေ၀င်းလူတွေအသုံးမကျဘူး ဆိုတာပဲဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့  သူကတိုက်တွန်းတယ်။ သူကိုလဲ ပြည်တွင်း နိင်ငံရေးအသိုင်းအ၀ိုင်းက အယုံအကြည်မရှိကြဘူး။သူကိုသံသယရှိကြတယ်။ ဗကသများအဖွဲ့ ချုပ်က မတ်လကျောင်းသားလှုပ်ရှားမှုဖြစ်ပွားစဉ်ကထည်းက အောင်ကြီးသည် ငါဒို့ ခေါင်းဆောင်မဟုတ် ငါဒို့ မဟာမိတ်သာဖြစ်သည် လို့  ကြိုတင်စာထုတ်ထားတယ်။

စစ်တပ်အာဏာသိမ်းစဉ်က သူမှာတာဝန်ရှိတာ၊ ကျောင်းသားသမဂကိုဗုံးခွဲ ဖြိုချခဲ့မှုအပေါ်မှာသူမှာလဲ တာဝန်ရှိတာ ။ အောင်ကြီးဟာ  ပေါ်ပြူလာခေါင်းဆောင်တဦးဖြစ်လာပေမဲ့ နိင်ငံရေးအသိုင်းအ၀ိုင်းနဲ့ ကျောင်းသား တွေ ရဲ့  ယုံကြည်မှုနဲ့ ထောက်ခံမှုကိုမရခဲ့ဘူး။  ပိုဆိုးတာကတော့ 
ဦးအောင်ကြီးကိုနေ၀င်းက ဖမ်းဆီးပြီး ပြန်လွတ်ပေးတဲ့အခါမှာသူက ပုဒမာကွင်းမှာ တရားပွဲကို ပထမဆုံးစလုပ်တယ်။ လူတွေတွေသောင်းနဲ့ ချီပြီးသွားရောက်အားပေးကြတယ်။ ဒါပေမဲ့ သူက စစ်တပ်ကို 
စိတ်နဲ့ တောင်မပြစ်မှားကြနဲ့   လို့  သူမိန့် ခွန်းမှာ ပြောလိုက်တဲ့အခါမှာ လူတွေဒေါသထွက်ပြီး ထပြန်ကြတယ်။ ဦးအောင်ကြီးရဲ့ နိင်ငံရေးထောက်ခံမှု ဟာ ကျဆင်းသွားတယ်။ 
ထိုစဉ်က နိင်ငံရေးလောက မှာအဓိက အင်အားစုကြီးတွေက 
ဦးနုဦးဆောင်တဲ့  ဒီငြိမ်းအင်အားစုများ၊ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့်နီးစပ်တဲ့ မြေပေါ်နိင်ငံရေးအင်အားစုများ၊ 
သံဃာများ၊ ကျောင်းသားများ ၊ ဦးတင်ဦး ဦးအောင်ရွေှ့တို့ ဦးဆောင်တဲ့ မျိုးချစ်စစ်သားများဖြစ်တယ်။ ဒီအုပ်စုတွေက စစ်အာဏာရှင်စနစ်ဆန်ကျင်ရေး ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုမှာ အောင်ကြီးကို ခေါင်းဆောင်အဖြစ်နဲ့  လက်မခံလိုကြပါဘူး။ ဒါပေမဲ့ အောင်ကြီးကို  ဒေါ်အောင်ဆန်းစုကြည်က သွားရောက်စည်းရုံးခဲ့ပြီး ဒီချုပ်ကိုဖွဲ့ စည်းလိုက်တယ်။ 
အောင်ကြီးကို ခေါင်းဆောင်တင်ခဲ့တယ်။  ၃ လ ၄ လ လောက်အကြာမှာတော့ ဒီချုပ်က နေ အောင်ကြီးကိုထုတ်ပယ်ခံခဲ့ရတယ်။ 
ဒါဆိုရင် ၈လေးလုံး အရေးတော်ပုံကြီးမှာ ဦးအောင်ကြီးရဲ့  အခန်းကဏက ဘာလဲ။ ဘာကိုသူဝေငှမှုပြုလုပ်ခဲ့သလဲလို့ မေးရင်တော့ သူဦးနေ၀င်းကို ဝေဖန်ခဲ့တဲ့ ၄၈ မျက်နှာစာ  က လူထုထဲမှာ 
နိင်ငံရေးနိုးကြားမှု ဖြစ်ခဲ့တယ် လှုံ ဆော်မှုတခုဖြစ်ခဲ့ပါတယ်။

10 comments :

Anonymous said...

ဦးနေ၀င်းသည် တိုင်းပြည်ဆူဆူပူပူ မဖြစ်ခင်အမြန်ဆုံး ရွေးကောက်ပွဲလုပ်ပြီး ဦးအောင်ကြီးကို တင်ချင်သည်။
ထိုအချိနကလဲ ဒေါ်စု နိုင်ငံရေးထဲသို့မ၀င် ရောက်သေး၍ ရွေးကောက်ပွဲလုပ်လျှင် လူထုက ရွေးစရာမရှိ၍ ဦးအောင်ကြီး ကိုသာ မဲပေးမည်ဖြစ်သည်။

ဦးအောင်ကြီးတက်လျှင် ဦးနေ၀င်းသည် ဦးအောင်ကြီးကို တိုင်းပြည်စီးပွါးရေး ဦးစီးခိုင်းမည်။
ဦးအောင်ကြီးအာဏာရလာလျှင်လည်း တိုင်းပြည်ဒီမိုကရေစီ၆၀%ရလာမည်။


အဓိကအချက်မှာ သူသည် အရာရာကို နောက်ကွယ်မှ ကြိုးမကိုင်တော့ဘဲ ဦးအောင်ကြီးကို စီးပွါးရေး လွတ်လပ်ခွင့် ပေးကာ သူ့အသက်ရွယ်အရ အနားယူချင်တာ သူ၏ အသက်လုံခြုံရေး ကိုသာ အဓိကထား မည်ဖြစ် လေသည်။

http://hittai.net/?show=rm&fileid=87&t=home4&id=4

Anonymous said...

တကယ်လို့ နိုင်ငံရေးထဲသို့ဒေါ်စုမ၀င် ရောက်ခဲ့ရင် ရွေးကောက်ပွဲ လုပ်လျှင် လူထုက ရွေးစရာမရှိလို့ ဦးအောင်ကြီး ကိုသာ မဲပေးမှာ ဖြစ်တယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့  စာရင် ရှစ်လေးလုံး ဖြစ်အောင် တာစူတဲ့ အထဲမှာ ဦးအောင်ကြီးက အများကြီးစောတယ်။

ဦးအောင်ကြီး လုပ်သမျှ လွှတ်ထားပြီး ဦးနေ၀င်းက လှည့်ကွက်နဲ့ နာမည်ကောင်းယူ အသုံးချ- ပြီးတော့ သူ ရှောင်ထွက်ဖို့  လုပ်တယ် ဆိုတာ အဲဒီတုန်း ကတည်းက နိုင်ငံရေး နား လည်တဲ့ လူတိုင်း တွက်မိကြတယ်။

http://hittai.net/?show=rm&fileid=88&t=home4&id=4

Anonymous said...

dvd,rfa,voa,
Please do intervew U Aung Gy ,iIf U Nay Win and U Aung Gyi created 8888?

Anonymous said...

တကယ်လို့ နိုင်ငံရေးထဲသို့ဒေါ်စုမ၀င် ရောက်ခဲ့ရင် ရွေးကောက်ပွဲ လုပ်လျှင် လူထုက ရွေးစရာမရှိလို့ ဦးအောင်ကြီး ကိုသာ မဲပေးမှာ ဖြစ်တယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့  စာရင် ရှစ်လေးလုံး ဖြစ်အောင် တာစူတဲ့ အထဲမှာ ဦးအောင်ကြီးက အများကြီးစောတယ်။

ဦးအောင်ကြီး လုပ်သမျှ လွှတ်ထားပြီး ဦးနေ၀င်းက လှည့်ကွက်နဲ့ နာမည်ကောင်းယူ အသုံးချ- ပြီးတော့ သူ ရှောင်ထွက်ဖို့  လုပ်တယ် ဆိုတာ အဲဒီတုန်း ကတည်းက နိုင်ငံရေး နား လည်တဲ့ လူတိုင်း တွက်မိကြတယ်။

Anonymous said...

ဦးနေ၀င်းသည် 1962 အာဏာရသည့်အချိန်ကစပြီး အရေးအခင်းအားလုံးကို စေ့စပ်လိုက်လျှောခြင်း လုံးဝ မလုပ်ဘဲ၊ လက်နက်နှင့်သာ ရှင်းခဲ့သည်။ နိုင်ငံရေးမတောင်းဆိုဘဲ လစာနှင့်ဆန်ကိုသာ တောင်းဆိုသော 1976 အလုပ်သမားအရေးအခင်းကိုပင် လက်နက်နှင့်ရှင်းခဲ့သည်။ အလျှော့ပေးစေ့စပ်သည်ဆိုသည်မှာ သူ့အတွက် လုံးဝထုံးစံမရှိခဲ့ပါ။ မည်သည့် အရေးအခင်းကို မဆို ကြာရှည်လှုပ်ရှားခွင့်မပေးပါ။ ခွင့်ပြုလျှင် လူအုပ်ကြီး ကြီးလာမည်ဖြစ်သောကြောင့်- ၁၄၄-ထုတ်ပြီး၊ အင်အားသုံး ရှင်းပစ်လေ့ရှိသည်။ ယခု ပါတီစုံကြိုက်သလား...ဟုမေးပြီး လူအုပ်ကြီးမှ ကျယ်ပြန့်လာရန် အချိန်ပေးခဲ့သည်ကို ထောက်ခြင်းအားဖြင့် ပါတီကိုဖျက်ချင်၍ အချိန်ပေးခဲ့ခြင်းသာဖြစ်ပါသည်။

မည်သူကမျှ မတောင်းဆိုဘဲ အဘယ်ကြောင့် ပါတီစုံ ကြိုက်သလားဟု လမ်းခင်းပေးရပါသနည်း။ ဦးနေ၀င်းသည် လူထုလှုပ်ရှားမှုကြီးဖြစ်ပေါ်လာစေရန် ဦးအောင်ကြီးနှင့်တိုင်ပင်ပြီး- ပြန်လှန်စွပ်စွဲစာများကို 21-7-1987တွင် လူထုကြားသို့ဖြန့်စေခဲ့သည်။

Anonymous said...

နှစ် ၂၀-စီမံကိန်းကြီး ပြီးစီးသွားလျှင် မူလထက် ၂-ဆမြင့်မားရမည်ဆိုသော စီမံကိန်းကြီးသည် ပြီးစီးခါနီး- မူလ လူနေမှုထက် ၂-ဆ နိမ့်ကျလာသောကြောင့် မဆလပါတီဥက္ကဌကြီးဦးနေ၀င်းသည် ခေါင်းရှောင်ချင်သောကြောင့် စီမံကိန်းကြီး မပြီးစီးမီ- မဆလပါတီကိုဖျက်ကာ တနည်းတဖုံ ဖွဲ့စည်းပုံကို ပြောင်းချင်နေသည်။ ထို့ကြောင့်လည်း ၁၉၈၇-နှစ်ဆန်းပိုင်းလောက်တွင် လွှတ်တော်၌ ဦးနေ၀င်းသည် "တိုင်းပြည် စီးပွားရေးအတွက် မူဝါဒ ပြောင်းလဲမှု လိုအပ်လျှင် ပြောင်းလဲရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင့်တော်သော အကြံများပေးရန်.." အမတ်များ ကိုပြောခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် သူ့ တွင် အစီအစဉ်ရှိကြောင်း ထင်ရှားပါသည်။

Anonymous said...

အောင်ကြီး ဆိုတာ ဒူးရင်းသီး လေကွာ ... အဖက်ဖက် က ချွန် ..သကွ

Anonymous said...

ko Moe tee
Thanks.U put my comments.
......I do not agree what u said but i agree u have the right to say(freedom of speech)Thats the democracy.....
Let the people decide that articles r right or wrong.
Thanks

Anonymous said...

၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နားမလည်ပါးမလည်၊ အသက် အရွယ်ငယ်ငယ် အတွေ့ အကြုံ မလုံမလောက်နဲ့ မလည်ရှုပ် ၀င်လုပ်တာ သူရော တိုင်းပြည်ပါ ပျက်သုံဉ်းဘို့ ဖြစ်လာတာဘဲ။

Anonymous said...

ဘာဘဲဖြစ်ဖြစ်..တိုင်းပြည်ဖြက်သွားတာတော့ ခွေးသာနေဝင်းဘဲ...တပ်မတော်တခုလုံး..ဒမြတပ်မတော်ဖြစ်အောင်.လုပ်ခဲ့တာလဲခွေးသားနေဝင်းဘဲ..သန်းရွှေနဲ့စစ်ဗိုလ်ချူပ်တွေလဲ..သူ့ခြေရာနင်းရုံမက..ထိပ်ပေါ်တက်ခွတဲ့အဖြစ်ရောက်ရတာလဲ..ခွေးသားနေဝင်းဘဲ..ခုတော့.ဘုန်ကြီးသတ်.လူသတ်.သူခိုးဒမြတပ်မတော် အဖြစ် ရောက်နေပီ..ဒါလဲ.ခွေးသားနေဝင်းဘဲ