စစ်အစိုးရရဲ့ မဟာဗျူဟာ = အချိန် ( Time) ကို ဆွဲထား။ နေရာ ( Space ) ကိုပိတ်ထားတဲ့ ဗျူဟာဖြစ်ပါတယ်။ ဒီတော့ကျနော်တို့ ကဘာလုပ်သင့်သလဲ - ဘယ် တိုက်ပွဲမဆိုအချိန် အကန့် သတ်ထားပြီးတိုက်။ နေရာ ကိုတိုးချဲု့ ယူ။ ကန့်သတ်ထားတဲ့စည်းတွေကိုကျော်နင်းဝင်ရောက်လှုပ်ရှားရမယ်။
သတင်းကောင်းတခုကတော့ သန်းရွှေဟာ အချိန်ဆွဲတဲ့နည်းနဲ့ ဒီမိုကရေစီအင်အားစုတွေကို နိမ်နင်းခဲ့တယ်။ တချိန်ကတော့အချိန်က သူဖက်မှာရှိတယ်။အခုတော့ အချိန်က သူဖက်မှာမရှိတော့ဘူး။ အချိန် ( Time) က နေစဉ်နဲ့ အမျှ သန်းရွှေနဲ့ စစ်အုပ်စုကို ခြိမ်းခြောက်နေပြီ။ ခွေးအို လူမလေးဖြစ်နေကြပြီလေ။
သတင်းကောင်းတခုကတော့ သန်းရွှေဟာ အချိန်ဆွဲတဲ့နည်းနဲ့ ဒီမိုကရေစီအင်အားစုတွေကို နိမ်နင်းခဲ့တယ်။ တချိန်ကတော့အချိန်က သူဖက်မှာရှိတယ်။အခုတော့ အချိန်က သူဖက်မှာမရှိတော့ဘူး။ အချိန် ( Time) က နေစဉ်နဲ့ အမျှ သန်းရွှေနဲ့ စစ်အုပ်စုကို ခြိမ်းခြောက်နေပြီ။ ခွေးအို လူမလေးဖြစ်နေကြပြီလေ။
4 comments :
၁၀၀% မှန်ကန်ပါ၏
၂၆
၂၃
~~~~~~~
~~~~~~~~ ထပ်မံအဖြစ်မခံနိုင်လေပြီ
၂၆နှစ် လူထုကို အီကြာကွေး ကျွေးခဲ့ပြီး
တေဇ/ရှေ့ ဆောင်/ လမ်းစဉ် လူငယ် များ ဖြစ်စေခဲ့၏
၂၃ နှစ် လူထု ဆန်ပြုတ်သောက် ဗိုက်မှောက်စေခဲ့ပြီး
သူတောင်းစားထက်ယုတ်ညံ့သော
ဖွတ် နှင့် ဇွန်း ဆိတ် လဇိ လု(လူမဟုတ်သော)
ဖာလနံ(ဗာလနံ) များပိုမို ပွါးများလာအောင်
ဆောင်ရွက်စေခဲ့ပြီး
အလုံးစုံသောပြည်သူလူထု အပေါင်းအား
အကြောက်တရားတိုးသထက် တိုးစေလာရန်
ရဟန်းတော်များကိုပင် လက်ရဲဇက်ရဲ သတ်ပြခဲ့ပေ၏
ယခု အကြိမ်တွင်
ပြည်သူ များ လွန်စွါချစ်မြတ်နိုးလေးစားရပါသော
ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချ ကာ
အီကြာကွေး ကျွေးရန်ပြင်ဆင် နေသည် ကို
သတိချပ် စေလိုပါ၏
အီကြာကွေးစားရန်
သွားရေ တမြမြ ဖြစ်နေကြသော
ပြည်တွင်းပြည်ပ မှ ဆိတ်လဇေ့ ဖွတ်ဇွန်း တို့ 
ငရဲမင်း က သင်တို့ အား
~~~~~~~~~~~~~~~~~~~
မျှော်
ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အများကြီး မူတည်ပါတယ် တိုင်းပြည်ပြောင်းလဲဖို့ အရေးဟာ သူ့အနေနဲ့ အခြားနိုင်ငံက နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေလိုပြတ်ပြတ်သားသားပြောဆိုဆွေးနွေးပြီးပြည်သူကို စည်းရုံးဖို့ လိုပါတယ်။ ဝါးတားတားသွားနေလို့ကတော့ ပြားသထက်ပြားနေမှာဘဲ။
အချိန်သတ်မှတ်ပါ တိတိကျကျ ဆောင်ရွက်ပါ ပြည်သူလိုက်ပါဖို့မပူနဲ့။အနာဖြစ်ရင်ကုစားဖို့ မလွယ်ဘူးလို့ပြောဘူးတယ် အခုလည်း နှစ်ပေါင်းများစွာနာနေပြီဘဲ ဒီထက်ဘာတွေထပ်နာဖို့ကျန်တော့လို့လည်း မိုင်းထိတဲ့ ခြေဖပါးကို နာမှာကြောက်လို့မဖြတ်ဘဲထားရင် ပေါင်းရင်းထိ အနာဖြစ်သွားမှာပေါ့ အခုလည်း ပြည်သူတွေ နာမှာ စိုးလို့ ဆိုပြီး ပြောနေတော့ နောက်ထပ်မျိုးဆက်သစ် ဘယ်နှစ်ဆက်လောက် ဒီအနာတွေ ကူးစက်စေမှာလည်း? ပြည်သူတွေ အသံကြားချင်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ခင်မျာ ပြောနေတဲ့  ပြည်သူတွေလည်း အသံပြာနေပြီ ဒေါ်စုကတော့ အရင် ၂၃ နှစ်ကနေ နောက် ၂၃ နှစ်ဆက်သွားနိုင်တဲ့လမ်းစဉ်နဲ့ဘဲဆက်ပြီးချီတက်နေတာပါဘဲ။
အကြိမ်ကြိမ်အလိမ်ခံရပြီးပြီ။ တခါအလိမ်ခံရရင်ကိုယ့်အပြစ်မဟုတ်ဘူး။ နှစ်ခါအလိမ်ခံရရင်တော ကိုယ်စောက်သုံးမကျလို့။ ဒီလိုပဲခေါ်တိုင်းသွားပြီးဆက်အလိမ်ခံ အုံးမှာလား။ တခြားနည်းလမ်းမရှာတက်တော့ဘူးလား။
ဒါလားလူထုခေါင်းဆောင်။ ခေါင်းဆောင်ဆိုတာ brain ရှိရတယ်။ လူထုနှင့်တိုင်းပြည်ကိုအားနာပါအုံး။
Post a Comment