Wednesday 17 August 2011

ဦးသိန်းစိန်က ပြည်ပရောက် ပြန်လာဖို့ ဖိတ်ခေါ်


မနေ့ က ကြပ်ပြေးမှာလုပ်တဲ့ အစည်းဝေးမှာ  ဦးသိန်းစိန်က ၁၉၈၈ခုနှစ် နောက်ပိုင်းအကြောင်း
အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားအားလုံး အမိနိုင်ငံသို့ ပြန်လာခွင့်ပြုလိုက်ကြောင်း ပြောသွားပါတယ်။
သူမိန့် ခွန်းနဲ့ ပတ်သက်လို့ ကိုမိုးသီးဇွန်က  ပြည်ပက ၈၈ နောက်ပိုင်းထွက်သူတွေကို  ပြန်လာဆိုရင် ၊ ပြည်တွင်းအဖမ်းခံနေရတဲ့ ၈၈ တွေ ကို ဘာကြောင့် မလွတ် သေးတာလဲ လို့ ဆိုပါတယ်။
သူမိန့် ခွန်းမှာ တော်ရုံတန်ရံ အပြစ်ကို ခွင့်လွတ်တယ်ဆိုတာကိုကရှင်းနေတယ်ဗျ  တော်ရုံတန်ရုံမကတွေတော့ မလာနဲ့ပေါ့ဗျာ ။  

မင်းကိုနိင်နဲ့  တကွ အဖမ်းခံရတဲ့ နိင်ငံရေးအကျဉ်းသားတွေ  ကို ပြန်လွတ်ပေးဖို့ ကိစ္စနဲ့  တိုင်းရင်းသားဒေသတွေမှာ စစ်ဆင်နေတာတွေကို ရပ်ဆိုင်းဖို့ ကိစ္စတွေမပါတာက ထူးခြားနေပါတယ်လို့ ဆိုပါတယ်။

နိင်ငံရေးအကျဉ်းသားတွေလွတ်ပေးတဲ့ကိစက ပိုမိုအရေးကြီးကြောင်း အစိုးရက ပြုပြင်ပြောင်းလဲမှုတွေကို တကယ်ဆန္ဒရှိနေပြီဆိုတာကို တကယ်ပြသရာဖြစ်ကြောင်း ဆိုပါတယ်။

ဦးသိန်းစိန်ကဒီမိန့် ခွန်းကိုကြပ်ပြေး နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်ပါတယ်။

3 comments :

Anonymous said...

That's right! It makes sense Ko Moe Thee.

Anonymous said...

လုံးဝ မဖမ်းပါဘူးဆိုရင်တော့ ပြန်ချင်ပြီဗျာ..ပြန်သွားပြီးမှ ဖမ်းမယ်ဆိုရင်တော့............

zar ni bwar said...

မင်္ယုနိုင်ဘူး.ကိုမင်းကိုနိုင်ကိုလွှတ်ပေးပြီးမှပြော...