Thursday, 4 August 2011

ရခိုင်ကျောင်းသား တွေရဲ့ ရဲရဲတောက်စိန်ခေါ်ပွဲ

စစ်တွေ တကသိုလ်က ၂ရက်တိတိလုပ်ခဲ့ကြတယ်။ ဆန္ဒပြပွဲက ကျောင်းဝင်းထဲမှာစတင်ခဲ့တယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် က ကားခတွေလျော့ပေးပါမယ်လို့ အာမခံတဲ့အတွက် ကျောင်းသားတွေ က လျော့ပေးခဲ့တယ်။ ဒါပေမဲ့ ကားခတွေက လျောမပေးပေးသေးပဲ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်း သားတွေကို လိုက်လံဖမ်းဆီးနေတဲ့အတွက် ကျောင်းသားတွေ ရှောင်တိမ်းနေကြရတယ်လို သိရပါတယ်။ ဆန္ဒပြစဉ်က စရဖ၊ ရဲများက ကျောင်းသားတွေကို ဓါတ်ပုံရိုက်ယူခဲ့ကြတယ်။ ဓါတ်ပုံနဲ့ တိုက်ပြီး ပါဝင်ခဲ့တဲ့ ကျောင်းသားတွေအိမ်ကို လိုက်လံစုံစမ်း ထောက်လှမ်းမှုတွေကိုပဲ လုပ်နေတယ်လို့ သိရတယ်။ ခုလို တောင်းဆိုချက်တွေကို မလိုက်လျောဘဲ ဆက်လက်ဖမ်းဆီးမှုတွေ လုပ်နေမယ်ဆိုရင် ဆက်တိုက်ဆန္ဒပြမယ်လို့ 
ရခိုင်ကျောင်းသား ခေါင်းဆောင် ကျော်ထွန်းဇံ က ဆိုပါတယ်။

No comments :