Monday 29 August 2011

မြစ်ရေစီးသံ နာခံလော့

ဗမာပြည်ကတော့ ထွေလာဆန်းကြယ်တွေ တမျိုးပြီးတမျိုး ပေါ်နေတော့ တာပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် နာကြီး ကင်တာနား ဗမာပြည်သွားလိုက်မှပဲ ဗိုလ်ကြီးဟောင်း နေမျိုးဇင် တို့ တပ်ကုန်းက NLD ခေါင်းဆောင် ကိုဖိုးထောင် တို့ ပြည့်ပြည့်ဝဝ ထောင်ကျသွားတော့ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံပွဲကလည်း (သူတို့အပြောအရ)
(အပြည့်အစုံအတွက် ခေါင်းစဉ်ကို နှိပ်ပါ )
ကျေနပ်စရာကောင်းနေတဲ့အချိန် သွားတာ ဆိုတော့ ကော်မရှင်နာကြီးရဲ့ ခရီးကို ပရိတ်သတ်အပေါင်းက မျှော်လင့် ချက်ကောင်းကောင်းနဲ့ စောင့်ကြည့်နေလိုက်တာ ကင်တားနားလည်း ဖင်ကားယားနဲ့ အဆုံးသတ်သွားတော့မှ ဟာခနဲ ဖြစ်ကျန်ခဲ့ရတယ်။
ရယ်လည်းရယ်စရာ၊ မောလည်းမောစရာ မင်းကိုနိုင်ရဲ့စကားလေးကို သတိရမိတယ်။ အရင် ကုလကိုယ်စားလှယ်တော် ကြီး ဂမ္ဘာရီ လက်ထက် ကပေါ့။ ထောင်ထဲမှာ အကျဉ်းသားတွေအကြား ဂမ္ဘာရီလာမယ်၊ ထူးမယ်၊ ဂမ္ဘာရီ ပြန်ရင် ထူးမယ်နဲ့ မျှော်လိုက်ရတာ ဂမ္ဘာရီ သာ လာလိုက်ပြန်လိုက်နဲ့ သူ့တာဝန်သာ ပြီးဆုံးသွားတယ် ဘာမှထူးမ လာဘူး။ အခု ကင်တားနား လည်း ရယ်စရာ မောစရာနဲ့ပဲ ပြီးသွားပြန်ပြီ။ ဒီတခါကတော့ မတူတာတွေ ဘေးထားပြီး တူ တာတွေ အတူလုပ်ကြ မယ်ဆိုတဲ့ စကားသံတွေကြောင့် အကောင်းမျှော်လင့်နေ ချိန်မှာဆိုတော့ မောစရာက ပိုကြီး သွားတော့တယ်။ လူထုအပေါင်းခင်ဗျာ ရင်ခေါင်းလောက်အထိ တက်လာတဲ့ ဝမ်းမြောက်ချင်တဲ့ သဒ္ဓါစိတ်ကလေးတွေ ဖုတ်ခနဲဖုတ်ခနဲ ပြုတ်ကျသွားရရှာတော့တယ်။
ဒါလားဟဲ့ စစ်ဗိုလ်ချုပ်များရဲ့ စိတ်ကောင်းစေတနာ၊ ဒါလားဟဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မျိုးချစ်စိတ်။
ကြက်တူရွေး လွှတ်တော်ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီး(အရပ်ဝတ်) ရွှေမန်းတို့၊ ခင်အောင်မြင့်တို့က နိုင်ငံရေးအကျဉ်းသားတွေ ကိုလွှတ်ချင်ပါတယ်။ အခုတော့ မလွှတ်နိုင်သေးဘူး။ အခြေအနေကောင်းမှ လွှတ်မယ်လို့ ကော်မရှင်နာကြီးကို ပြော လိုက်သတဲ့။ (၂၃) နှစ်ရှိနေတာတောင် အခြေအနေတွေက မကောင်းသေးဘူးလား။ သူတို့အုပ်ချုပ်မှ ဘယ်ခေတ်နဲ့မှ မတူအောင် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်နေပြီလို့ တစာစာပြောခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ စကားတွေ ဘယ်ပျောက် ကုန်ပြီလဲ၊ ကြက်တူရွေး ဥက္ကဋ္ဌကြီးတွေရဲ့ အခြေအနေကောင်းမှ လွှတ်မယ်ဆိုတော့ အခုကအခြေအနေ မကောင်းသေး ဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ ဒါဆို အဘက်ဘက်က ဘယ်ခေတ်နဲ့မှမတူအောင် တိုးတက်နေပြီလို့ ပြောခဲ့ကြ တဲ့ ခေါင်းဆောင်ကြီးတွေ လိမ်တာပေါ့။ မတူတာတွေ ဘေးထားပြီး တူတာတွေ တွဲလုပ်ကြမယ်ဆိုတာကော တကယ်ပဲ လား၊ လိမ်တာလားလို့ မေးရင် ဘယ်လိုဖြေ မလဲ။ ဒါလဲ နောက်ကွယ်က လူလိမ်ကြီးတွေ ခိုင်းတဲ့အတိုင်း ပြောရတာပါ လို့ ပြောဦးမယ် ထင်ပါရဲ့။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။ ပခုံးနဲ့ ရင်ဘတ်မှာ သူရသတ္တိဆိုင်ရာဘွဲ့တံဆိပ်တွေ အပြည့် ချိတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ သတ္တိကောင်းလိုက်ပုံက ဒီနိုင်ငံရေးအကျဉ်းသားတွေက လွှတ်ပေးပြီးရင် လမ်း မတွေပေါ်တက်ပြီး ဆန္ဒမပြကြဘူးလို့ အာမခံမှ လွှတ်ပေးမယ်လို့ ပြောလိုက်ပြန်သေးတယ်။ ပြောရဲပေ့ မောင်ကာဠုရယ်။ ကံကုန်ခါနီးတော့ ဉာဏ်ထုံဆိုသလို ဒီစကားပြောရင် အာရပ်ကမ္ဘာကစခဲ့တဲ့ ကမ္ဘာ့ ဒီမိုကရေစီလှိုင်းတံပိုးကြီး ဗမာပြည်ကို ကူးစက်ရိုက်ခတ်မှာ စိုးရိမ်ကြောက်လန့်နေတဲ့ သူတို့အတွင်းသဘော ပေါ်သွားလိမ့်မယ်ဆိုတာတောင် မစဉ်းစားနိုင်ကြ ရှာတော့ဘူး။ ဖြစ်ရရှာပေ စစ်ဗိုလ်ချုပ်တွေရဲ့ဘဝ။ ပြောပဲ ပြောရဲ နိုင်လွန်းလိုက်တာ။ ဆာလို့ငိုတဲ့ကလေးကိုရိုက်ပြီး အရိုက် မခံချင်ရင်မငိုနဲ့လို့ ပြောသလို ဖြစ်နေပြီ။ ကလေး ဆာတာကို ရှာကြံကျွေးမယ်လို့ စိတ်မကူးဘူး။ ဒါလားဟဲ့ မိဘနဲ့တူတဲ့ နိုင်ငံတော် အကြီးအကဲများဆိုတာ။
ဒါကို အဟုတ်လုပ်ပြီး ကော်မရှင်နာကြီးကလည်း အတိုက်အခံ နိုင်ငံရေးသမားတွေကို ခင်ဗျားတို့ ကြားဝင် အားမခံပေးမ လားလို့ မေးရဲပြောရဲသလို၊ သူပြောရင် လိုက်လျောမယ်ဆိုတဲ့ အကျင့်စွဲနေတဲ့ နိုင်ငံရေးသမား ဆိုသူများကလည်း ကျနော်တို့ ကြိုးစားပါ့မယ်လို့ ပြောလိုက်ပြန်တယ်။ ပြီးတော့ စစ်ဗိုလ်ချုပ်ကြီးတွေ အကြိုက် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို မသုံးဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းချခံသူများလို့ နာမည်ပြောင်းသုံးပြီး အသနားခံကြမယ် ဆိုပါလား။ တိုင်းပြည်ကောင်းဖို့ ကိုယ့်အမြင်ကိုယ်ပြော၊ ကိုယ်ယုံကြည်ရာကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲလုပ်တာ နိုင်ငံရေးလုပ် တာ မဟုတ်လား။ ဒီလိုပြော ဒီလိုလုပ်လို့ အဖမ်းခံရ အကျဉ်းချထားခံရသူဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးလား။ ပုဂံမင်း မိဖုရားဖြစ်လာတဲ့ အရပ်သူ မယ်နုက သူ့နာမည်ကို ပြည်သူပြည်သားတွေ မခေါ်ရ မသုံးရလို့ မတော်တရော် က မောက်ကမ အမိန့်ထုတ်လို့ အရပ်သားတွေ မကျည်းရွက်နု၊ ဟင်းရွက်နုကို မကျည်းရွက်ထွတ်၊ ဟင်းရွက်သစ် လို့ ပြောခဲ့ကြ သုံးခဲ့ကြရတာကို သတိရစရာပဲ။ သမိုင်းစဉ်ဆက် ရယ်စရာကို ဖြစ်ရောပဲ။
ကြုံလို့ ပညာရှိသူတော်ကောင်းတွေရဲ့စကား နားခါးတတ်တဲ့စစ်ဗိုလ်ချုပ်တွေကို ကျွဲပါးစောင်းတီး လုပ်ပါဦးမယ်။ ဆရာ ကြီး ဒေါက်တာသန်းထွန်းက သမိုင်းဆိုတာ မအ အောင်လို့သင်တာလို့ ဆိုတယ်။ သမိုင်းထဲမှာ သင်ခန်းစာ ယူစရာတွေ အပြည့်ရှိတယ်။ ဒါ့ကြောင့် ဆရာကြီးကဒီစကား မှာထားခဲ့တာပဲ။ ပုဂံမင်းဆိုတာ ဒီနေ့ စစ်ဗိုလ်ချုပ်မင်းတွေနဲ့ အတော်တူ တဲ့ ကုန်းဘောင်ခေတ်က မင်းဆိုးမင်းညံ့ တယောက်ပဲ။ ပြည်သူတွေဆီက အခွန်အကောက်ရထားတဲ့ ကောက်ပဲသီးနှံတွေ ကို သူ့မိဖုရားတွေက ငတ်နေတဲ့ပြည်သူကို ပြန်ရောင်စားတဲ့ သူပဲ။ တိုင်းသူပြည်သားတွေအရေး တစက်ကလေးမှ ထည့်မ စဉ်းစားဘဲ ကြက်တိုက်ငှက်တိုက်နဲ့ သောက်စားမူးယစ် အချိန်ဖြုန်းတယ်။ သူ့ဝါသနာဆိုးကို ကောင်းကောင်းဖြည့် ဆီးပေးနိုင်လို့ ကြက်သမား၊ နွားတိုက်သမား ကုလား ဘိုင်ဆတ်ကို မြို့ဝန်ခန့်တယ်။ လူပေါ့လူသွမ်း ကုလားဘိုင်ဆတ်က မြို့ဝန်အာဏာနဲ့ တိုင်းပြည်သူသားတွေကို နှိပ်စက်ညှင်းပန်းလွန်းလို့ နောက်ဆုံးသူကိုယ်တိုင်အမိန့်ထုတ် သတ်ပစ်ရ တယ်။ အခု စစ်ဗိုလ်ချုပ်များက အရပ်ပျက် ကလေကဝတွေကို ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ဆိုပြီး လက်သပ်မွေး အာဏာ ပေးထားတာနဲ့ တပုံစံတည်းပဲ။ အခုတော့ ဗမာပြည်က ထောင်ထဲထားရမယ့် သူတွေကို အာဏာပေး၊ တိုင်းပြည်အုပ်ချုပ် ရမယ့် သူတွေကို ထောင်ထဲထဲ့နဲ့ တကဲ့ကို ကမောက်ကမတိုင်းပြည်။ အုပ်ချုပ်မင်းလုပ်သူတွေ တရားမဲ့ရင် ပြည်ပျက်တာ ပဲ။ သူ့လက်ထက်မှာ အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ အလွယ်လေးသိမ်းသွားတာ ခံလိုက်ရတယ်။ ပြည်သူပြည်သား တွေ မခံမရပ်နိုင်လို့ ညီတော် မင်းတုန်းမင်းသားက ထီးနန်းသိမ်းလိုက်ရတယ်။ ပုဂံမင်းလည်း အရူးဘဝနဲ့ ဇာတ်သိမ်းသွားရတယ်။
အခု စစ်ဗိုလ်ချုပ်များခေတ်မှာလည်း ဗမာပြည် ခေါင်းပြတ်တော့မလို ဖြစ်နေပြီ။ ဗမာပြည်ရဲ့ မိခင်မြစ်ကြီး ဧရာဝတီလည်း ဖုတ်လိုက်ဖုတ်လိုက် အသက်ငင်နေပြီ။ ဒီတော့ စစ်ဗိုလ်ချုပ်တွေမှာ မျိုးချစ်စိတ်ကလေး နည်းနည်းကျန်သေးရင် ပုဂံမင်း အဖြစ်ကို င်္သခန်းစာယူပြီး လက်တွဲသင့်တဲ့သူနဲ့ လက်တွဲ၊ ပြင်စရာရှိတာတွေကို ပြင်ပြီး အမိဗမာပြည်ကို ကယ်တင်ရမဲ့ အချိန်ပဲ ဖြစ်တယ်။
ဒီနေ့ စစ်ဗိုလ်ချုပ်တွေအနားမှာရှိတဲ့ ပြည်တွင်းပြည်ပက အသင်းအပင်းတွေကြားမှာ စစ်ဗိုလ်ချုပ်တွေကို ကြည်သာ နှစ်လို လို့ ပေါင်းနေတဲ့ မိတ်ဆွေတယောက်မှ မပါဘူး။ သူတို့ လိုဘ တခုတည်းအတွက် မချစ်သော်လည်း အောင့်ကာနမ်းနေ ကြတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေ အသိဆုံးပါ။ ဒီနေ့ခေတ် ကမ္ဘာ့အခင်းအကျင်းကြီးမှာ ဒီတခါ တိုင်းပြည်နွံနစ်ရင်တော့ ကမ္ဘာ့သုဉ်းတဲ့အထိ ကျွန်ဖြစ်ကြဘို့ဘဲ ရှိတော့တယ်။ နိုင်ငံရေး အကြပ်ဆိုက်လာမှ ဟိုလူနဲ့ တွေ့ပြလိုက်၊ ဒီလူကို ကတိက ဝတ်ပြုလိုက်၊ နိုင်ငံရေးအကျဉ်းသားလေး မဆိုစလောက် လွှတ်ပြလိုက်။ ပြီးတော့ အသက်ရှူချောင်လာရင် ရူးချင်ယောင်ဆောင်လိုက်နဲ့ တသက်လုံး ဘိန်းစွဲသလိုစွဲလာတဲ့ နိုင်ငံရေးကလိန်ကကျစ် မျက်လှည့်ပွဲတွေ ရပ်သင့်ပါပြီ။ မင်းမှာသစ္စာ လူမှာကတိ ဖြစ်အောင် ကြိုးစားပြင်ဆင်ဖို့ လိုပါပြီ။
ဒီနေ့ စစ်ဗိုလ်ချုပ်တွေ လုပ်နေတဲ့ နိုင်ငံရေးစတန့်တွေကို ဘာကြောင့်လုပ်တယ်။ ဘာလိုချင်လို့ လုပ်တယ်ဆိုတာ နည်း နည်း အကင်းပါးတဲ့သူတိုင်း မြင်ပါတယ်။ သူတို့ခြေလှမ်းက (၈၈) အရေးအခင်းပြီးစမှာ လူမျိုးစု လက်နက် ကိုင်အဖွဲ့တွေ ကို မရ ရတဲ့ဈေးနဲ့ စေ့စပ်ထားပြီး ပြည်တွင်းက ဒီမိုကရေစီအင်စားစုတွေကို အာရုံစိုက်ဖိနှိပ် ကွပ်ညပ်ခဲ့သလို အခုတ ခါ ပြောင်းပြန်တဆစ်ချိုးပြီး ပြည်တွင်းကအင်အားစုတွေနဲ့ ဟန်ပြနားလည်မှုယူပြီး လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကို အာရုံ စိုက်ချေမှုန်းဘို့ ဟန်ပြင်တာပါပဲ။ ဒီဖော်နည်းကားက ဒီတခါ အသုံးမဝင်နိုင်တော့ဘူး။ ခေတ်ကပြောင်းသွားပြီ။ လူထု ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်လာလို့ အင်အားစုတွေ တခုနဲ့ တခုအကြား သတင်းဆက်သွယ် အမြင်ဖ လှယ်နိုင်တာတွေက သိပ်ကိုအားကောင်းနေပြီ။ တနေရာတည်းမှာ နှစ်ခါချောင်းတဲ့မုဆိုးဟာ သားကောင်ဖြစ်တတ်တယ်။ ဒီတခါဖြစ်မယ့် သားကောင်က စစ်ဗိုလ်ချုပ်တွေတင်မကပဲ တိုင်းပြည်နဲ့ လူမျိုးပါ ရောပါသွားမှာပဲ။
နောက် အာရပ်ကမ္ဘာကစလိုက်တဲ့ ကမ္ဘာ့ဒီမိုကရေစီလှိုင်းကြီး ဗမာပြည်ကိုရိုက်ခတ်ပြီး လူထုအုံကြွမှာကိုကြောက်တယ်။ စစ်တပ်အောက်ခြေ အများစုကလည်း အရင်လို ခိုင်းမရတော့မှာကို သိနေတယ်။ ဒါဟာ မြစ်တစင်းထက် အင်အားပြင်း တဲ့ လူထုရဲ့ဆန္ဒဖြစ်တယ်။ ဧရာဝတီကိုပိတ်ဆို့လို့ ရကောင်းရမယ်။ (၂၃) နှစ်တိုင်တိုင် ဖိနှိပ်ဖျောက်ဖျက်လို့ မရတဲ့ အပြင် ပြင်းသထက်ပြင်းလာတဲ့ လူထုဆန္ဒကိုတော့ ဖိနှိပ်ပိတ်ဆို့လို မရနိုင်ဘူး။ ရနေတယ်ဆိုတာက အခိုက်အတန့် သာ ဖြစ်တယ်။ ဒါကြောင့် မြစ်ရေစီးသံကို နာခံဘို့ လိုပါတယ်။
ဒီနိုင်ငံရေးစတန့်တွေလုပ်ရတဲ့ နောက်တချက်က စစ်အုပ်စုဟာ တဖက်မှာလည်း အတုအယောင်ရွေးကောက်ပွဲက ထင်သလောက်ခရီးမပေါက်ဘဲ နိုင်ငံတကာဝင်ဆံ့ဖို့ အကြံမမြောက် ဖြစ်နေတယ်။ အာဆီယံဥက္ကဋ္ဌနေရာရဖို့ဆိုတာ ဒီအကြံအ စည်းရဲ့ပထမခြေလှမ်းပဲ။ ဒီက တဆင့်တိုးပြီး နိုင်ငံတကာကို ဝင်ဆံ့လာရာကနေ နောက်ဆုံး အရေးယူပိတ် ဆို့မှု ဆန်ရှင် တွေရုတ်သွားဖို့ပဲဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေ အရူးအမူးဆန်ရှင်ပြုတ်စေချင်တာကလည်း တိုင်းပြည်နဲ့ လူမျိုး အကျိုးထက် သူတို့ အတ္တအကျိုးကပိုပါတယ်။ ဆန်ရှင်ပြုတ်မှလည်း သူတို့ရဲ့နည်းပေးလမ်းပြ ခေါင်းကိုင်အဖ ဝဲစားကြီး ဗိုလ်နေဝင်း နဲ့ နိုင်ငံတကာကအာဏာရှင်များလို ပြည်သူတွေဆီက ခိုးဆိုးလုယက် စုဆောင်းထားတာတွေကို ဆွစ်ဇာလန် ဘဏ်လို နိုင်ငံခြားဘဏ်တွေမှာ ဆွေစဉ်မျိုးဆက် သုံးစားနိုင်ဖို့ ပြောင်းရွှေ့သိုဝှက်နိုင်မှာ ဖြစ်တယ်။
အချုပ်ပြောရရင်တော့ ဗမာတပြည်လုံး ဘက်ပေါင်းစုံမှာ အကြပ်အတည်းပေါင်းစုံ ဆိုက်နေတယ်။ တိုင်းပြည် အနာဂါတ် ကို ခြိမ်းခြောက်ခံရပြီ။ လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့ရေးကတဆင့် အမျိုးသား ညီညွတ်ရေးနဲ့ အမိဗမာ ပြည်ကို ဝိုင်းဝန်းကယ်တင် စောင့်ရှောက်ကြဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်တယ်။ သေချာတာကတော့ အမျိုးသားရင် ကြားစေ့ရေးတို့ အမျိုးသားစည်းလုံးညီညွတ်ရေးတို့ဆိုတာ (၂၀၀၈) စစ်ကျွန် ဖွဲ့စည်းပုံဘောင်ထဲမှာ လုံးဝမဖြစ်နိုင်ဘူး ဆိုတဲ့ အချက်ပဲ။ (၂၀၀၈) အဖွဲ့စည်းပုံဟာ စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားတင်မက စစ်တပ်နဲ့ လူမျိုးစုံပြည်သူ တွေအကြား ထာဝရစိတ်ဝမ်းကွဲစေပြီး ပဋိပက္ခတွေ တခြိမ်းခြိမ်း ထုတ်လုပ်ပေးနေမယ့် ယန္တရားဖြစ်တယ်။
လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့နိုင်ဖို့ဆိုတာက သမမျှတတဲ့ အပေးအယူ ညှိနှိုင်း သဘောတူညီမှုတွေ နဲ့မှသာ ဖြစ်နိုင်ပါတယ်။ ငါက အသာစီးရလို့ မတော်မတရား သဘာဝမကျတဲ့ တောင်းဆိုမှု တွေကိုတောင်းဆို၊ ပြေလည် ချင်ဇောနဲ့ သဘာဝမကျတဲ့ လိုက်လျောတဲ့ သဘောတူညီမှုတွေဆိုတာ သမမျှတမှု မရှိတဲ့ အပေးအယူညိနှိုင်းသဘောတူမှု တခုပဲ ဖြစ်တယ်။ ဒီလို မတော်မတရားသဘာဝမကျတဲ့ စေ့စပ်ဆွေးနွေးပွဲက ရလာတဲ့ အဖြေဆိုတာကလည်း တိုင်းပြည် အနာဂါတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။
စစ်ဗိုလ်ချုပ်တွေတိုင်းပြည်ကို တကယ်ကောင်းစေချင်၊ ပြောင်းလဲချင်ရိုးမှန်ရင်တော့ ပညာရှိ သတိမမူ ဂူမမြင် ဖြစ်မှာစိုး ရိမ်လို့ မဟတ္တမဂန္ဒီကြီးရဲ့ စကားတခုကို မျှဝေလိုက်ပါတယ်။ ဂန္ဒီကြီးက စေ့စပ်ဆွေးနွေးရေးနဲ့ ဆက်စပ်ပြီး အောက်က အတိုင်း ပြောခဲ့ပါတယ်။
“စေ့စပ်ဆွေးနွေးမှု မှန်သမျှဟာ အပေးအယူကို အခြေခံပေမယ့်၊ အခြေခံမူ ကျောရိုးကိုတော့ အပေးအယူလုပ်လို့ မရဘူး။ အခြေခံမူ ကျောရိုးကို အပေးအယူလုပ်တဲ့ စေ့စပ်ညိနှိုင်းမှုဆိုတာ လက်နက်ချခြင်းတမျိုး ဖြစ်တယ်။ အရာအားလုံးကို အချည်းအနှီးပေးလိုက်ခြင်း ဖြစ်တယ်။” (All compromise is based on give and take, but there can be no give and take on fundamentals. Any compromise on mere fundamentals is a surrender. For it is all give and no take.)
ရဲဘော်ကျော်သန်း
၂၉၊ ၈၊ ၂၀၁၁။
www.naytthit.net မှ

7 comments :

WPGINRA said...

ကိုမင်းကိုနိင်ပြောတာ ရာဇာလီပါ..ဂမ္ဘာရီ..မဟုတ်ပါဘူး၊ဘာမဟုတ်တာလေးကိုထောက်သလိုဖြစ်ရင်ခွင့်လွှတ်ပါ

aungmyint60 said...

I am agree that all your idea.All are clear and truth.

Anonymous said...

stupid ရဲဘော်ကျော်သန်း

Why ur master Sayamagyi Daw Su accept them to talk?
Why dont u critize ur sayamagyi?u r idiot.u have courage?

Anonymous said...

မကြာသေးမီကပင် သမ္မတဦးသိန်းစိန်က မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် လက်ခံ
တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါဆွေးနွေးမှုများကို အပြုသဘောဆောင်ပါသည်ဟု ပြောဆိုခဲ့သည်။
Kaw Than
U need to tell ur Master Daw su.Thats her fault.

Anonymous said...

Might and Right
Political power is one thing. but legitimate power is justified power, or authority. A legitimate government has a right to rule. the extreme abuse of political power is tyranny.

Four Concerns of Justice
People should get what they need.
People should give what they can.
People should be allowed to keep what they have(entitlement).
People should get what they deserve(merit).

Anonymous said...

Very informative and full of sentiments come out of a big patriotic heart.
2008 constitution is a sham and counterproductive itself as the writer points out. It must be amended if not fully nullified. The question is when and how and at what priority. It should also be noted that even US America's constitution, undeniably the father of its kind, had to undergo its first and foremost amendment to grant her people's Freedom of Speech a few years after Independence. In Thailand the first? democratic constitution essentially put a clause forbidding any type of military coup d`e'ta. That was around 2000 and as everyone knows 4 years later Military took power umpteenth time in her history. Lesson: Even constitution falls victim to people who draws but fails to pursue.

(Pala)

Anonymous said...

really good !!
i want all stupid myanmar gov:to read this story..