Friday 12 August 2011

တွေ့ ဆုံဆွေးနွေးပွဲ အပေါ် ကိုမိုးသီးရဲ့ အမြင်

နေသစ်မီဒီယာ-   ကိုမိုးသီးခင်ဗျား ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးအောင်ကြည်တွေ့ ဆုံဆွေးနွေးပွဲကိုဘယ်လိုမြင်ပါသလဲ။  သဘောတူညီချက် ၄ ချက်ရရှိတယ်လို့ ဆိုပါတယ်။ ဒါကိုဘယ်လို မြင်သလဲ ။ 

မိုးသီး-  ကျနော်တော့စိုးရိမ်တယ်။ သဘောမကျဘူး။  စစ်အုပ်စု က နိင်ငံရေးအကြပ်ရိုက်တိုင်း ဒေါ်စုကို ထုတ်ပြီး ကစားနေတယ်။ ဒေါ်စုက သူတို့ အတွက်    Toy  တခုလိုလုပ်နေတယ်။  ဒေါ်စုက သည်းခံနိင်ပေမဲ့ ကျနော်တို့  အနေနဲ့ သည်းမခံသင့်တော့ဘူးလို့ မြင်တယ်။ နိင်ငံတကာဖိအားပေးမှုရှိလာတယ်၊ စီးပွားရေးအကြပ်ဆိုက်မှုကသိပ်ကိုသိသာလာတယ်။နယ်စပ်ဒေသတွေမှာတိုက်ပွဲတွေတောက်လျောက်ဖြစ်လာတယ်။ အစိုးရထဲမှာ မကျေနပ်မှုတွေ မပြေလည်မှုတွေရှိနေတယ်။ သန်းရွှေအလွန် စစ်တပ်ဟာ ဗိုလ်ချုပ်တွေအပေါ်သစ္စာရှိဦးမလား စတဲ့ပြသနာတွေရှိပါတယ်။ ဒီလို ပြသနာတွေ တက်လာပြီဆိုရင် ဒေါ်စုကိုလွတ်တာ၊တွေ့ တာ၊ပြောတာ တွေလုပ်တယ်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က အကြိမ်ပေါင်း ၃၀၀ လောက်တွေ့ ခဲ့တယ်။  ခင်ညွန့် အလွန် ခေတ်မှာ အောင်ကြည်နဲ့   တွေ့ တာ ၁၁ ကြိမ်လောက်ရှိနေပြီ ဘာမှ မတိုးတက်ဘူး။


နေသစ်- ဒီတခါတွေ့ တာကတော့ မထူးဘူးလား။ သဘောတူညီမှု ၄ ချက်ရတယ်တယ် လို့ ဆိုတယ်ဒီအပေါ်မှာ ဘယ်လိုမြင်သလဲ ။ 

မိုးသီး-  ဟုတ်တယ်။ သဘောတူညီချက် ၄ ခု ရှိရတယ်လို့ ဆိုပါတယ်။ သူတို့ ရတဲ့သဘောတူညီချက်တွေက အလွန်ယေဘူယျကျနေတယ်။ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေဖြစ်နေတယ်။ သဘောတူညီချက် လေးချက်စလုံးကို  ကြည့်ရင်
တည်ငြိမ်ရေး၊ဖွင့်ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီရေး၊ လူမှုရေး တွေကို နိင်ငံတော်နဲ့ လက်တွဲလုပ်ပါမည်။ တွေ့ ဆုံဆွေးနွေးမှုကို ပုံမှန်လုပ်နေပါမည်ဆိုတဲ့အဓိပယ်ပေါ့။  ဒါကိုထပ်ပြီး သုံးခွက်တခွက်တင်ကြိုလိုက်ရင်တော့ ချစ်စွာသော နိင်ငံတော် ကြီး ပြောသလိုလုပ်ပါမည်ပေါ့ဗျာ။ သဘောတူညီချက်တွေက ၁၉၉၁ ခုနစ်တုံးက တောင်ကိုရီးယားနဲ့ မြေက်ကိုးရီးယား သဘောတူညီချက်  တွေထက်တောင် ယေဘူယျ ဖြစ်နေတယ်လေ။  

 နေသစ်-  ဒါဆိုရင် ဘယ်လိုအခြေအနေ မှ တွေ့ ဆုံဆွေးနွေးမှုက အဓိပါယ်ရှိတယ်လို့ ပြောလိုရမလဲ 

မိုးသီး- သိပ်ကောင်းတဲ့မေးခွန်းပဲဗျ၊ ပြသနာ ရှိလို့  ပတိပက္ခဖြစ်လာတာ၊  ပတိပက္ခတွေကို ချုပ်ငြိမ်းခြင်တယ်ဆိုတဲ့ ဆန္ဒ ပူးပေါင်းလုပ်မှရမယ်ဆိုတဲ့အမြင်၊  နစ်ဖက်စလုံးအကျိုးဖြစ်ထွန်းမယ်ဆိုတဲ့အသိတရား၊ ကို သဘောတူညီချက်မှာပြသဖို့ လိုတယ်။ 
ဒါကြောင့်ပတိပက္ခဖြစ်မဲ့အရာတွေကိုနစ်ဖက်စလုံးက ရှောင်ပါမယ်ဆိုတဲ့ကတိ လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျောင်းအုပ်ကြီး က ခေါ်ပြီး နှောင်မလုပ်တော့ပါဘူးလို့ ဝံခံကတိထိုးခိုင်းသလိုမျိုး
ဒေါ်စုကို -   ကန့် သတ်ထား -     Fixed Pie    လုပ်ထားတယ်လို့ ကျနော်မြင်တယ်။ စိုးရိမ်တယ်။ ဆွေးနွေးပွဲရဲ့ ရလဒ်က တိုင်းပြည်အတွက်အကျိုးမရှိနိင်ဘူးလို့  ကျနော်ပြောခြင်တာဖြစ်တယ်။

4 comments :

Anonymous said...

According the THE NEW LIGHT OF MYANMAR Saturday, 13 August, 2011,

"Daw Aung San Suu Kyi demanded several times to meet the Union Minister for Home Affairs. In response to her demands, we are arranging meetings between her
and U Aung Kyi....blur..blur..blur".

That means, Burmese Government doesn't demand to meet Daw Aung San Suu Kyi.

In fact, who is playing the game?

Learn carefully first and get interview.

Anonymous said...

ပတိပက္ခ means the “the current affair”. I think you mean "dialectics” that everything changes through the movement of opposing forces which is ပဋိပက္ခ. Correct me if I am wrong!

Anonymous said...

ခေါင်းဆောင်းကေါင်းဖြစ်ဖို့ ဆိုတာ။................
...............................။ NLD (စစ်ထွတ်အုပ်စု) ခေါင်းဆောင်တွေနဲ
သန်းရွှေခေါင်းဆောင်သော စစ်ခေါင်ဆောင်တွေ ၂ ယောက်တစ်အိပ်မက်. ရုပ်ရှင်ဇာတ်ကါးထဲမှာ....
ဦးအောင်ကြည်နဲ အောင်ဆန်းစုကြည်က မင်းသားမင်းသ္မီးတွေပါ............
ဇာတ်လမ်းဆုံးတော့..............................
ပြည်သူအတွက် ကျန်မည့်ရလာဒ်က

သန်းရွှေအိပ်မက်
သန်းရွှေအိပ်မက်
သန်းရွှေအိပ်မက်

Sit mone said...

ဟုတ်ပါတယ်..ကိုမိုးသီးပြောတာ ဒေါ်စုဖက်က တိကျပြတ်သားတဲ့ တောင်းဆိုမှုလုပ်နိုင်မှာမဟုတ်ပါဘူး..ဥပမာ-နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ ကိစ္စ အခု ၂ကြိမ်တွေ့ ပြီးပြီနောက်ထပ် နောက်ထပ် ၅ကြိမ်လောက်ထိ နိုင်ငံရေးအကျဉ်းသားမလွတ်ဘူးဆိုရင် ဒေါ်စု အသုံးချခံ သက်သက်ဆိုတာထင်ရှားတယ်။ ပြည်သူကို ချစ်တယ်ဆိုရင် ပြည်သူကိုမညာပါနဲ့ခေါင်းဆောင်ကောင်းပီသစွာ တိကြ ပြတ်သားဖို့ လိုပါတယ်။