Thursday 25 August 2011

တရုတ်၏ ကိုယ်ကျိုးကြည့် စီးပွားရေး ပေါ်လစီ

The Irrawaddy Myitsone Dam Built by China

တရုတ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြီးမှာ တရုတ် ကုမ္ပဏီတွေ ဘယ်လို လုပ်ကိုင်နေသလဲ၊ တရုတ်၏ ကိုယ်ကျိုးကြည့် စီးပွားရေး ပေါ်လစီ ဟာ မြန်မာပြည်ရဲ့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်နစ်နာစေသလဲ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ဖြစ်ထွန်းမှု ကို ဘယ်လို အကျိုးသက်ရောက်မှု ရှိ သလဲ ဆိုတာတွေ ကို မြန်မာပြည်သူတွေ သိရှိအောင်ဝေမျှလိုက်ပါသည်။

မြန်မာပညာရှင်တွေ အပေါ် တန်ဖိုးမထားတဲ့ နအဖ စစ်အုပ်စုခေါင်းဆောင်တွေ တရုတ်ပညာရှင်တွေကို အားကိုးပြီး အထက်မြန်မာပြည်ကို ရောင်းစားလိုက်တာကို တ၀ကြီးရှု့စားကြပါ။

တရုတ်အားကိုး ပုဆိန်ရိုးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးတို့ ကတော့ တရုတ်ကွန်မြူနစ် ပါတီရဲ့ ကေဒါလောင်းတွေအဖြစ် ရဲရဲဝံ့ဝံ့ခံယူလိုက်ကြပြီး မြန်မာပြည်ကို တရုတ်လက် ထိုးအပ်လိုက်တာကို ပြည်သူများ သိရှိအောင် ဖော်ထုတ်လိုက်ပါသည်။



3 comments :

Anonymous said...

ကိုမိုးသီးရာ

နအဖက အခုနောက်ပိုင်းမှ ရောင်းစားတာပါကွာ။
ကေအိုင်အေ က လွန်ခဲ့တဲ့ နှစ် ၆၀ လုံး ရောင်းစားနေတာ၊ မြေပေါ်နဲ့ မြောက်အောက် မကျန်တော့ဘူး။

ခုတော့ ရောင်းစားစရာမရှိတော့ ကေအိုင်အေနဲ့ နအဖ စားကျက်လုနေကြပကော။ ဓားပြတွေပါကွာ။

ရှမ်းလေး said...

မကြည့်ရက်ဘူး ကိုမိုးသီးရေ ... အစလေး ကြည့်ပြီးတော့ ရင်ထဲမှာ ဆို့နှင့်သွားပါတယ် ... ဒါတောင် တရုတ်တွေ ကြေငြာတဲ့ အသံနဲ့ စကားတွေကို နားမလည်သေးဘူးနော် ...ဖြစ်နိုင်ရင် ဘာသာပြန်ပြီး ပို့စ်တစ်ခုအဖြစ်တင်ပေးစေချင်တယ် .. ဖြစ်နိုင်အောင် ကြိုးစားပေးကြပါ ...

ကျေးဇူးတင်လျှက် ရှမ်းလေး

Anonymous said...

ချီးတရုတ် လိုပြောတာ နားမလည် ဘူးဗျ၊ ဗမာ လို ဘာသာ ပြန်ပေးနိုင်ရင် ကောင်း မယ်။