ဒီမိုကရေစီ နဲ့ လွတ်လပ်မှုမရှိခြင်းဟာအဓိကအရင်းခံအကြောင်းအရင်း- Root Cause - ဖြစ်ပါတယ်။
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်က သာယာဝပြောတဲ့မြန်မာ့ လူမှုအဖွဲ့ စည်းကိုတည်ဆောက်ပေးနိင်မယ်ဆိုတာက - Delusion -မှားယွင်းတဲ့အယူအဆ ဖြစ်ခဲ့ပြီဆိုတာ သက်သေပြခဲ့ပြီဖြစ်ပါတယ်။
စစ်တပ်က မြန်မာ့ နိင်ငံရေးမှာ ဦးဆောင်မှုယူပြီး တံခါးဖွင့်စီးပွားရေးစနစ်ကိုပီပြင်အောင်လုပ်မယ်။ စီးပွားရေးတွေတိုးတက်လာမယ်ဆိုတာလဲ -ယုံမှာသံသယ- Delusion - သာဖြစ်ပါတယ်။
8 comments :
မြန်မာ ပြည်ဒီမိုကရေစီရနိင်တဲ့နည်းလမ်း
ပထမနည်းက - ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်တွေ တွေ့ ဆုံနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်၊ ပြီးတော့ ဒီမိုကရေစီရ သွားတဲ့နည်း။
ဒုတိယ နည်းက ဗုဒမြတ်စွာဘုရားက ပြန်ရှင်သန်လာပြီး စစ်ဗိုလ်ချုပ်တွေကို တန်ခိုးနဲ့ ဆုံးမ အပြစ်
ပေး၊ မကောင်းသူပယ်ကောင်းသူကယ် နည်းနဲ့  မြန်မာ ပြည်ဒီမိုကရေစီရသွားတဲ့နည်း။
ဒီနည်းနှစ်ခုမှာ ဒုတိယနည်းက ပိုဖြစ်နိင်ချေရှိတယ်။
အဲဒီတော့ ဦးနေဝင်းက ၁၉၈၈ ထဲလည်းဝင် ရော ရှုပ်တယ်ကွာ။ မင်းတို့ တစ်ပါတီကြိုက်လား၊ ဘာကြိုက်လဲ လုပ်ချင်တာသာလုပ်တော့ ဆိုပြီး သူက ဆန္ဒခံယူခိုင်းတာ။ ခံယူခိုင်းတုန်းမှာပဲ ဆန္ဒခံယူခိုင်းလိုက်တာဟာ ပြည်သူလူထုကို မင်းတို့ ဆန္ဒပြကြတော့လို့ ပြောလိုက်သလို ဖြစ်သွားတာ။ အဲတော့ ပြည်သူကလည်း ဆန္ဒပြကြတာပေါ့။
http://hittai.net/?show=rm&fileid=58&t=home7&id=7
စေ့စပ်ဆွေးနွေးပွဲအတွက် ကမ်းလှမ်းရာမှာ carrots တွေကို ထည့်သွင်းကမ်းလှမ်းနိုင်ဖို့ လိုပါတယ်။ ဥပမာ- အတိုက်အခံဘက်မှ အာဏာရှင်တွေကို ကမ်းလှမ်းတဲ့အခါ ပဋိပက္ခပြီးဆုံးချိန် တရားမျှတမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မလဲ ဆိုတဲ့ အချက်က အဓိက ကျပါတယ်။ များသောအားဖြင့် အာဏာရှင်တွေ ကြောက်ရွံ့တာက သူတို့ကျူးလွန်ခဲ့တဲ့ humanitarian crimes တွေအတွက် ခုံရုံးတင် စစ်ဆေးခံရခြင်းဖြစ်ပါတယ်။ အာဏာလက်လွှတ်လိုက်ရပြီး နောက်ပိုင်းမှာ ခုံရုံးတင်ခံရမှာကို ကြောက်ရွံ့တဲ့ အာဏာရှင်တွေဟာ ကြောက်ကန်ကန်ပြီး အာဏာကို အတင်းအကျပ် ဆုပ်ကိုင်ထားလေ့ ရှိကြပါတယ်။ စေ့စပ်ဆွေးနွေးဖို့အတွက် အတိုက်အခံတွေက စတင်ကမ်းလှမ်းခဲ့ရင် အာဏာရှင်တွေကို ဒါနဲ့ ပတ်သက်တဲ့ ဘယ်လို အာမခံချက်တွေ ပေးနိုင်မလဲ။ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုနဲ့ ပတ်သက်ပြီး positive inducements တွေ ပေးနိုင်ဖို့ လိုပါတယ်။ ဒီလို မပေးနိုင်တဲ့အခါ (သို့မဟုတ်) ပေးနိုင်မယ့် လက်တွေ့နိုင်ငံရေး ဦးဆောင် အဖွဲ့မရှိတဲ့ အခါကျရင်တော့ စေ့စပ်ဆွေးနွေးမှုကို ဦးတည်တာထက် အာဏာရှင်အစိုးရ ဖြုတ်ချနိုင်ရေးကိုသာ အတိုက်အခံတွေ အနေနဲ့ ဦးတည်သင့်ပါတယ်။Khin Ma Ma Myo
ဦးနေ၀င်းအနေနှင့် ကြားဖြတ် အစိုးရကို လက်ခံလျှင် သူကြိုးစင် တက်ရမည် ဖြစ်သဖြင့် လုံးဝ လက်မခံနိုင်ပါ။
ကြားဖြတ် အစိုးရရရန် ၀န်ကြီးဌာန အားလုံး အထွေထွေ သပိတ်မှောက်ရန် ဗကပသည် လူထုကြီးကို သွေးထိုး သောကြောင့် ၈၈၈၈ စတင်လေတော့သည်။
သပိတ်ကြီး စတင်သောအခါ တိုင်းပြည် လည်ပတ်မှု့ရပ်တန့်သွားစေသည်။
ထိုအခါ စစ်တပ်အတွက် လစာ၊ရိတ်ခါ ထောက်ပံ့မှု့ မရနိုင်တော့လျှင် စစ်တပ်က သူ့ဖက် သေနတ်ပြောင်း လှည့်လာမည် ကို ဦးနေ၀င်း နားလည်သိရှိ ကြောက်သော ကြောင့် ဗိုလ်ခင်ညွှန့်အားသပိတ်ကို နည်းမျိုးစုံသုံးပြီး ဖြိုခွင်းရန် အမိန့်ပေးလေတော့သည်။
နောက်ဆုံးဍ် ဗိုလ်စောမောင် ကို အာဏာသိမ်းရန် အမိန့်ပေးလိုက်ရတော့သည်။
ဦးနေ၀င်းအနေနှင့် ရွေးစရာလမ်းမရှိတော့။
သူလုပ်ပေးမည့် ရွေးကောက်ပွဲကို လက်မခံပဲ ကြားဖြတ်အစိုးရ ရရန် တောင်းဆိုပြီး နောက်ဆုံး အထွေထွေ သပိတ်နှင့် အကြပ်ကိုင် သောကြောင့် သူ၏ လုံခြုံရေးထွက်ပေါက် ပိတ်ခံရ တော့သည်။
“တရုတ်စစ်ပါရဂူစွန်ဇူးက ရန်သူ့ကိုတိုက်ခိုက်လျှင် သူ့ဆုတ်လမ်းကို ဖွင့်ပေးပြီးတိုက်ခိုက်ရန်။ ထွက်ပေါက်ပိတ်ပြီးတိုက်ပါက ချောင်ပိတ်မိပြီး ပွဲကြာပြီး အခံမသင့်လျှင် မိမိပြန်ပြီး ရှုံးနိမ်းတတ်သည် ဟုဆိုခဲ့သည်။”
http://hittai.net/?show=rm&fileid=87&t=home4&id=4
ထိုစဉ်က တိုင်းပြည်တွင်ဒေါ်လာသန်း၂၀၊၃၀ သာကျန်ရှိပြီး အကြွေးက နိုင်ငံထုတ်လုပ်မှု့ GDP ၏ ၅၀% ကျော်ရာမှတိုးမြင့်၍ သာတက်နေတော့သည်။
ဦးနေ၀င်းသည် ဒေါ်လာသန်း၂၀ လောက်နှင့်သာဆက်လုပ်နေမှန်းမသိတော့။
ထုံးစံအတိုင်း ပြသာနာ ဖြစ်လာရင် တရားခံရှာပြီး နှစ်၂၀ အတွင်း ဖြုတ်ထုတ် လာသည်ရာ နောက်ဆုံးမည်သူ့ကို တရားခံရှာရမှန်းမသိတော့။
အကြွေးမဆပ်နိုင်တော့ရ်ျ နောက်ဆုံးအဆင်းရဲဆုံးနိုင်ငံသို့ခံယူရတော့သည်။
http://hittai.net/?show=rm&fileid=87&t=home4&id=4
သူသည် ဗေဒင်ယတြာကို လုံးဝ ယုံကြည်သူဖြစ်သည်။လက်ဝဲနိုင်ငံ မဖြစ်စေရန် လက်ျာ ယာဉ်မောင်းစနစ်သို့ ပြောင်းလဲ ယတြာချေခဲ့သည်။ ၈-လေးလုံး ပူးသောနှစ်တွင် တိုင်းပြည်ပျက်မည်ဆိုသောကြောင့် ၁၉၈၇-တွင် ရွှေတိဂုံ၌ သင်္ကြန်နှစ်ခါလုပ်ပြီး သက္ကရာဇ်ဖြိုခဲ့သည်။ ထိုသို့သက္ကရာဇ်ဖြိုသည့်အကြောင်းကို သမိုင်းဆရာတို့က တိုက်ရိုက်မရေးရဲသဖြင့်၊ သွယ်ဝိုက်ပြီး မြန်မာမင်းများ သက္ကရာဇ်ဖြိုသည့်အကြောင်းများကို ဆောင်းပါးများရေးသားခဲ့သည်။
တိုင်းပြည်သွေးချောင်းစီးမည်။ အိမ်တိုင်းမုန့် ဟင်းခါး ချက်စားလျှင်ဘေးကင်းမည်--ဆို၍ သတင်းဖြန့်ခဲ့ရာ ရွှေတိဂုံရင်ပြင်တွင် စုပေါင်းသွေးလှူပွဲကြီး ကျင်းပခဲ့ပြီး၊ ရန်ကုန်တွင် သံပုရာသီးပင် ရှားပါးခဲ့သည်။
ရှစ်လေးလုံး လူထုအုံကြွမှုကြီး ဖြစ်စေရန် ဦးနေ၀င်း ဖန်တီးရသောအကြောင်းရင်းများမှာ-အောက်ပါတို့ကြောင့်ဖြစ်ပါသည်။
(၁)ပထမအကြောင်းအရင်းမှာ=နှစ် ၂၀-စီမံကိန်းကြီး ပြီးစီးရန် ၃-နှစ်သာ လိုတော့သည်။ စတင်ချိန်ကစပြီး ပထမ= ၄-နှစ်၊ ဒုတိယ=၄-နှစ်၊ တတိယ=၄-နှစ် စီမံကိန်းတို့တွင် တိုးတက်နေပါသည်ဟု မဆလ လွှတ်တော်တွင် တိုင်းပြည်သို့ လိမ်ညာတင်ပြခဲ့ရာ နောက်ဆုံး ၄-နှစ်ကာလတွင် တိုင်းပြည်စီးပွားရေး အောက်ဆုံးသို့ ကျရောက်ပြီး-ကြွေးမြီများကို မဆပ်နိုင်တော့သဖြင့် -ကုလသမဂ္ဂ တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အဖြစ်သတ်မှတ်ပေးရန် တင်ပြခဲ့ရာ- အဆင်းရဲဆုံး စာရင်းဝင်ရန် သတ်မှတ်သော အဆင့်အတန်းနှင့်လည်း ပြည့်စုံသောကြောင့် အဆင်းရဲဆုံးနိုင်ငံ လျှောက်ရာ 1987..may တွင် အသိမှတ်ပြုခံခဲ့ရသည်။
နှစ် ၂၀-စီမံကိန်းကြီး ပြီးစီးသွားလျှင် မူလထက် ၂-ဆမြင့်မားရမည်ဆိုသော စီမံကိန်းကြီးသည် ပြီးစီးခါနီး- မူလ လူနေမှုထက် ၂-ဆ နိမ့်ကျလာသောကြောင့် မဆလပါတီဥက္ကဌကြီးဦးနေ၀င်းသည် ခေါင်းရှောင်ချင်သောကြောင့် စီမံကိန်းကြီး မပြီးစီးမီ- မဆလပါတီကိုဖျက်ကာ တနည်းတဖုံ ဖွဲ့စည်းပုံကို ပြောင်းချင်နေသည်။
http://hittai.net/?show=rm&fileid=17&t=home7&id=7
Dear Ko Moe Tee,
ကျနော်တို့ကိုယ်တိုင်ဆင်နွှဲခဲ့သည့် ရှစ်လေးလုံးတိုက်ပွဲသည် မဆလ တပါတီစနစ်ဆိုးကို အပြီးတိုင်ချေမှုန်းခဲ့ပြီးလည်း ဖြစ်ပေသည်။ ထိုသည်ကိုပင် ဦးအောင်ကြီးမှ ဦးနေဝင်း ကိုယ်တိုင်ကပင် ရိုက်ခွဲဖျက်စီးလိုက်သည်ဟုပင် ပြောခဲ့သေးသည်။ (သူ့အဆိုအရ မဆလ အိုးချမ်းပဲ့ပါတီ) အမှန်မှာ လူထုတော်လှန်ရေးကို သေးသိမ်အောင်ပြောချင်းပင် ဖြစ်ပါသည်။ Its time to find out and tell the truth of 8888.Right now,even the U Aung Gyi confess and U Chit Hlaing,too.young generation r more smart than us.oneday if they find out the truth of 8888 history,they will say 888 people r cheating to us.they will have no impression to 888 people.Truth is truth.By telling the truth,next generation get the lession and they will try the best.young generation tried 9999 but it failed because 888 people cheated the history.U Nay Win allow the people to march on the street but U Than Shwe didnt allow.next generation didnt try 101010 because they got the lession from 9999.Sooner or later ,young generation can find out the truth history of 8888.
Post a Comment