Wednesday 3 August 2011

သန်းရွှေ အခြေအနေဆိုး နေခြင်း

သန်းရွှေကျမာရေးအခြေအနေ အတော့ကိုယိုယွင်းနေတယ်လို့ သတင်းရရှိပါတယ်။ လေဖြတ်ခြင်သလိုဖြစ်နေတဲ့အတွက် ပါးစပ်ရွဲ့ သွားတယ်လို့ သိရတယ်။ ခေတ်မှီဆေးဝါးများအပြင် မြန်မာ့တိုင်းရင်းဆေးတွေနဲ့ ကြပ်ပူထိုးကုသနေရ
ပါတယ်။ နဂိုကမသန်တဲ့ခြေထောက်ဟာ ထရွတ်သီပြီး လမ်းတောင်မလျောင်နိင်တော့ဘူး လို့ ဆိုပါတယ်။ 
သူနဲ့ ပတ်သက်တဲ့နောက်သတင်းကတော့ လွန်ခဲ့တဲ့ ၂ ပတ်ခန့် က တရုပ်ထောက်လှမ်းရေးတွေက မြန်မာ ဒီမိုကရေစီအင်အားစု က ခေါင်းဆောင်တဦးကိုဆက်သွယ်ပြီး သန်းရွှေကိုသူတို့ အလွန်စိတ်ဆိုးနေတယ်လို့ ဆိုပါတယ်။ ပရောဂျက်တွေအတွက် သန်းရွှေကို ငွေအလုံးအရင်းနဲ့  ထောက်ကူခဲ့သော်လည်း သန်းရွှေက အကုန်စားသွားတဲ့အပေါ် ဗမာပြည်ဟာတိုးတက်မှုမရလာမှု၊ လူထုမကျေနပ်မှုများဆက်လက်တိုးပွားနေမှုများကြောင့်သူတို့ ရင်းနှီးမြုပ်နှံမှု
တွေ ပျက်ဆီးဆုံးရှုံးမှာကိုစိုးရိမ်လာမှုရှိနေကြောင်းထုတ်ဖေါ်ပြောလာပါတယ်။ သန်းရွှေက လူထုအုံကြွမှုဖြစ်ရင် 
ထွက်ပြေးနိင်ဖို့ တရုပ်-မြန်မာ နယ်စပ်ခွန်းမိန်မြို့မှာ အိမ်ကြီးတဆောင်ဆောက်လုပ်နေထိုင်ဖို့ စီစဉ်ထားတယ်။ 
ဒါပေမဲ့ သန်းရွှေကို တရုပ်အစိုးရကလက်ခံ ဖွက်ပေးထားဖို့ ဆိုတာ ၁၀၀ရာခိုင်နှုန်း က မသေချာပါဘူးလို့  
အဆိုပါတရုပ်ထောက်လှမ်းရေးက ဆိုပါတယ်။ နောက်တက်လာမဲ့အစိုးရနဲ့ သာဆက်ဆံရေးကောင်းအောင်ကြိုးပန်းသွားမယ်။ သန်းရွေကိုသစ္စာရှိရှိ
ကာကွယ်မှုမပေးမှာသေချာနေသလောက်ဖြစ်နေပါတယ်။ တရုပ်က ယူဂိုစလားဗီးယားခေါင်းဆောင်ရဲ့ သား
တရုပ်ပြည်ကိုထွက်ပြေးခိုလှုံစဉ်က ပြန်အပ်ခဲ့ပေးတဲ့ သာဓကရှိနေပါတယ်။

5 comments :

Anonymous said...

China,

You will encounter the same problem if you try to contact new government (that is the new generation of military gangsters) because none of them still can establish/set-up the foundation of democracy in Burma during last 50 years.

INTERNATIONAL LONG TERM ECONOMIC FOUNDATION CAN BE ESTABLISHED /SET-UP only UNDER DENMOCRACY ROOF. (That is for the good living standard of 60 millions of Burmese Human Beings as well as of china for 50 to 100 years)

Anonymous said...

ဒီဘဲကြီး အခု လိုမြန်မြန် ဖြစ်တာ စိတ်မကောင်းဘူး။ ဘာလို့လဲဆိုတော့ သူ ယုတ်မာထားတာတွေ ကမနဲ ဘူး။ သူ့ကို ကျမ်းမာစွာနဲ့ ပဲ သူ နဲ့ သူ့မိသားစု ဆွေမျိုး အားလုံး
ဝတ်လည် တာကိုခံစား စေချင်သေးတယ်။ မြန်မြန် သေတော့ သူမြန်မြန်ဝတ်ကျွတ် တာနာတယ်။

Anonymous said...

သူသေသွားလဲ သူချန်ထားခဲ့တဲ့ အာဏာရှင်စနစ်ကြီးက ဗမာပြည်မှာ အမြစ်တွယ်နေပြီ။

နတ်မင်းကြီး said...

အခြေအမြစ်မရှိတဲ့သတင်းတွေဝင်ဖတ်မိတာကို
ကငါ့အမှားပါလား...စိတ်လေတယ်ဘာတွေမှန်း
မသိ။

Anonymous said...

မိုးသီးရာ မင်းမလဲ ထင်ရာမြင်ရာတွေအကုန်လုပ်နေတုန်းပါလားကွ နိင်ငံရေးသမားဆိုတာ သူများယုံကြည်အောင်နေထိုင်ပြောဆိုရမယ် 88ကာလကတည်းက ငါမင်းကိုဆုံးမဘူးတယ်မင်းပြန်စဉ်းစားလိုက်နိုင်ငံရေးခါင်းဆောင်ဆိုတာ လမ်းဘေးစကားတွေ လမ်းဘေးအတွေးနဲ့မလုပ်ရဘူး၊မင်းက ခေါင်းဆောင်နေရာတော့ရတတ်ပါရဲ့ မဆင်မခြင်လုပ်တာတွေကြောင့် လူ့ဘောင်ဆိုလဲကွဲ အေဘီဆိုလဲကွဲ ကုန်တယ် အခုတယောက်တည်း ၀ဒ်ဆိုက်လုပ်တော့လည်း ထင်ရာမြင်ရာတွေရေးလိုက် ပြောလိုက်နဲ့ ဘယ်သူမှမင်းအနားမှာမရှိတော့ပါလား မင်းနဲ့တွဲဖက်တွေဖြစ်တဲ့ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ကို နမူနာယူစမ်းပါကွာ သူတို့က သိန်းစိန်ကိုဖိနပ်နဲ့ ပေါက်မှာမဟုတ်ဘူး နိုင်ငံရေးနဲ့ သတ်မှာ မင်းမှာတော့ဖိနပ်တောင်ကြော်ငြာဝင်သွားလိုက်ရနဲ့