ဘာကြောင့်ဖြစ်တာလဲ - အလုပ်လက်မဲပြသနာ၊ ဆင်းရဲချမ်းသာကွာဟမှု၊ လူမှုရေးမညီမျှမှုတွေကအဓိကအကြောင်းအရင်းခံတွေဖြစ်တယ်။အာဏာရကွန်ဆာဗေးတစ်ပါတီက
စီးပွားပျက်ကပ်ဖြစ်လာတော့ လူဖြူ၊လူချမ်းသာတွေကို ဦးပေးကယ်တင်တယ်။ လူဆင်းရဲသားတွေကို ကျမ္မာရေး၊ပညာရေး စောင့်ရှောက်မှုတွေ ထိထိရောက်ရောက်မလုပ်ပေးဘူး။
ဘယ်သူတွေဦးဆောင်လဲ- ဦးဆောင်သူမယ်မယ်ရရမရှိဘူး။ ဒါပေမဲ့ လန်ဒန်မြို့ မှာလူမဲတွေအများစုကပါဝင်တယ်။နယ်မြို့ တွေမှာတော့လူဖြူဆင်းရဲသားတွေပါပါဝင်လာတယ်။
ဘယ်ကစဖြစ်တာလဲ - လူမဲ လူဆိုးဂိုဏ်ဝင်တယောက်ကို ရဲက မဆင်မခြင်ပြစ်သတ်လိုက်ရာက အဓိကရုဏ်းစတင်သွားတယ်။
ဘယ်လိုဆက်သွယ်ကြလဲ - BlackBerry တယ်လီဖုန်းကို အဓိက အားပြုသုံးကြတယ်။ တစ်မက်စ်ဆေ့ခ်ျတွေပို့ ပြီး ဆက်သွယ်မှု၊ ပူးပေါင်းတိုက်ခိုက်မှုတွေကို လုပ်ကြတယ်။
ဖေ့စ်ဘုတ်နဲ့ တွစ်တာကို သိပ်မသုံးကြဘူး။
ဘယ်အချိန်မှာလုပ်ရှားကြလဲ- ညနေ ၆ နာရီကျော်မှာထွက်ပြီးလှုပ်ရှားကြတာက ထူးခြားမှုတခုဖြစ်တယ်။ တညလုံးလှုပ်ရှားတယ်။
ဘာတွေလုပ်လဲ - ကားတွေကိုမီးရှို့ တယ်။ ဆိုင်တွေကိုဖေါက်တယ်။ အိန္ဒယနွယ်ဘွား တွေကချမ်းသာတယ်။ သူတို့ ဆိုင်တွေကို ပြစ်မှတ်ထားပြီ ဖေါက်ထွင်းကြတယ်။
ဘယ်အရွယ်တွေလဲ - အသက် ၁၁ နစ်ကနေ ၂၁ နစ်လူမဲ လူငယ်တွေကအများစုဖြစ်နေတယ်။
သူတို့ အားနည်းချက်ကဘာလဲ- နိင်ငံရေးအာဂျင်နာမတင်နိင်ဘူး။ ပုဂိလိကပစ္စည်းတွေကိုဖျက်ဆီးတာ ။
အဓိက အားနည်းချက်ဘာလဲ - ဘာကင်ဟန် နန်းတော်ကိုမီးမရှို့ နိင်တာ။
8 comments :
ဆရာကြီး ပီးမိုးနင်းက ရေဖူး ပြောဖူးတယ်။ ကမ္ဘာကြီးရဲ့  ပစ္စည်းဥစ္စာများဟာ လူနည်းစု လက်ထဲမှ ရှိနေသမျှ ကာလ ပတ်လုံး လူတွေက စစ်ကိုသာမက ကမ္ဘာပျက်တာကို လိုချင်ကြမယ် တဲ့။ အဲဒီခေတ်ကို ချည်းနင်း ၀င်ရောက်လာတဲ့ အကျိုးဆက်လို့  မြင်တယ်။အရင်းရှင် စနစ် ဈေးကွက်စီးပွားရေး စနစ်ရဲ့  အားနည်းချက်တခု လို့ မြင်တယ်။ ကျနော်တို့ တွေ ကမ္ဘာကြီး အတွက် တတိယ စနစ် တခု ကို စဉ်းစား သင့်ပြီ။ စဉ်းစားရတော့မယ်
I think you really have a terrorist mind.
Instead of writing peace and stability of the civil society, you try to focus on destroying the civil society.
Are you communist or terrorist?
This was a wrong exercise on the civil society where human rights and democracy already existed. If you want to change in the civil society, getting the vote from people, exercising politics within the law and order, not burning houses and community businesses (including Buckingham Palace and White House). Gosh!
ဘာကင်ဟန် နန်းတော်ကိုမီးမရှို့ နိင်တာ။ ???
အစိုးရကို ပုန်ကန်တာနဲ့ သူရဲကောင်းတွေလို ထင်မှတ်နေတာ တော်တော်ဆိုးတယ်။ အခုဖြစ်နေတာတွေက ခိုးဆိုးလုယက် အများပြည်သူပိုင်တွေ မီးရှို့ .. တကယ့်မင်းမဲ့ စရိုက် ဥပဒေမဲ့ လုပ်ရပ်တွေဆိုတာ အသိညဏ်ရှိတဲ့ ၁၀ နှစ်သားကလေးက အစသိတယ်။ ခင်ဗျားရဲ့ အတွေးအခေါ်တွေ လမ်းဘေးရောက်သွားပြီ။
အလကးရတဲ့ လေတွေဖေါဖေါသီသီသုံးပြီး ဗမာပြည်ကို မီးလောင်တိုက်သွင်း နေသလို ခင်ဗျားတို့တတွေအပေါ် (တခါတလေ သူတို့ရဲ့အကျိုးစီးပွားကိုတောင် မငဲ့ကွက်ဘဲ) အစဉ်တစိုက် ထောက်ခံခဲ့တဲ့ ထောက်ခံနေဆဲဖြစ်တဲ့
မိတ်ဆွေနိုင်ငံတနိုင်ငံကိုမီးဟုန်းဟုန်းတောက်စေချင်နေ
ပြန်ပြီလား။ ဒါပြီးရင်ရော ခုခင်ဗျားကို မေတ္တာယိ ခိုလှုံခွင့် ပေးထားတဲ့၊ ဥဒဟိုဝင်ထွက် လှုပ်ရှားခွင့်ပေးနေတဲ့ အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်တို့ ထိုင်းဘုရင့်နန်းတော်တို့ကိုရော မီးရှို့ဘို့ လှုံ့ဆော်ဦးမှာလား ကိုမိုးသီးရယ်။
You are what you think and say Moe Thee.
(ဦးပါလ)
Crazy post just as pointless and mindless as official government news.
သောကြာသား
သောကြာနေ့ 
အမိန့် စာ
မင်းမဲ့စရိုက်ဖြစ်ပါသောကြောင့်
တာဝန် ဝတ္တရား အရ စစ်အာဏာသိမ်းလိုက်သည်
ပုံး
မင်းအောင်းလိုဏ်(ဂူ)
ကားဝယ်ရေးအူဇီးဂျုပ်
ဖာမနေပြီးတော့
မိတ္တူ
ကြိုင်သန်း ဖာခင်ရန် နမ်းတော်
ိသိန်း ရုပ်သေး သဘင် သမ္မတ အနုကြမ်း လျွှတ်တော်
ဂုလသတ်မဂ အထွေထွေ အတင်းရေးမူးဂျုပ်
သနားဒယ် ဆိုးယိမ်ဒယ် ကီမွန်း ၏ ယုမ်းဂျုပ်
အို ဗမာ အဖြူရောင်း ဆန် အိမ် တော်
အပြီပြီ ဆိုင်ရာ ဒေါက်လှမ်းယေး နာယက ဂျုပ်ရုံးတော်
မှတ်ချက်။ ။အေးချမ်းသာယာသော အင်္ဂလန် နိုင်ငံတော်ဖြစ်ပေါ်လာစေရန် ယခု ဆန္ဒပြကြသောသူများ အထူးလေးစားချစ်ခင် ယုံကြည်အားကိုး မျှော်လင့် အသက်ပေး ရိုသေရပါသော မှတပါးအခြားမရှိ ပြီ ခေါင်းဆောင် နှင့် လည်း လူမြင်ကောင်း လူကြားကောင်း ဟန်ပြ
အချိန်ဆွဲ အကြိမ်ကြိမ် တွေ့ ဆုံ ဆွေးနွေးရေး ပြုလုပ်ရေး ကို
၂၆+၂၃ စာတွေ့  ငါတွေ့ ဗမာပြည် အုပ်ချုပ်ရေး သက် ရင့်ကြက်သူ တဦး အဖြစ်ဆောင်ရွက်ဖေါ်ဆောင်သွားမည်ဖြစ်ပါသဖြင့်
အင်္ဂလန်ပြည်သူပြည်သားများ နှင့်တကွ
၃၁ ဘုံ သားများ သာဓုခေါ်ဆိုနိုင်ကြ စေသော်~~~်သြော်သြော်သြော်
အကြမ်းဖက်ဝါဒ က မွတ်ဆလင် တွေမှာပဲ ရှိမယ်ထင်နေတာ ခုတော. ခင်ဗျားမှာလည်း ရှိနေပါလား။ သူတပါးမျက်ရည်ကျရမှ စားဝင်အိပ်ပျော်မယ်ဆို လုပ်ပေါ. ။ တူသောအကျိုး ခံစားရပါစေ အနေးအမြန်ပေါ. ဆုတောင်းပေးနေမယ် ။ခင်ဗျားတို. ယုံကြည်နေတာ ဒီမိုကရေစီဝါဒ မဖြစ်နိုင်တော.ဘူး အကြမ်းဖက် ဝါဒ သာ ဖြစ်နိုင်တယ် ။(ရွှေလူငယ်- မလေးရှား)
Post a Comment