Saturday 27 August 2011

NLD လူငယ် ကိုဘမောင် ကွယ်လွန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးမှ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ကိုဘမောင် အသက် (၅၁) နှစ်သည် သြဂုတ်လ ၂၆ ရက်နေ့ ညနေ (၅) နာရီမှာ ကင်ဆာရောဂါဖြင့် အင်ယားရိပ်သာ လမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။
(အပြည့်အစုံဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ)
ကိုဘမောင်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစပြီး နိုင်ငံရေးလောကကိုစတင် ၀င်ရောက်ခဲ့ကာ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် မရမ်းကုန်လူငယ်လုပ်ငန်းအဖွဲ့၊ မရမ်းကုန်းမြို့နယ်စည်းရုံးရေးအဖွဲ့ ရန်ကုန်တိုင်း လူငယ်အကူအညီ ပေးရေးအဖွဲ့နှင့် ဗဟိုလူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဖွဲ့ချုပ်မှ ပေးအပ်တဲ့ တာဝန် တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။

အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်ရင်း ဒီမိုကရေစီလှုပ်ရှားမှုများနှင့် လူမှုရေးလုပ်ငန်းများ လှုပ်ရှား ဆောင်ရွက်သော ကြောင့် (၃) ကြိမ်တိုင်တိုင် အာဏာပိုင်တွေရဲ့ ထိမ်းသိမ်းတာကို ခံခဲ့ရပါတယ်။

မကွယ်လွန်မီ နောက်ဆုံးအချိန်အထိ အဖွဲ့ချုပ်ရဲ့ ဗဟိုလူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးမှာ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး တာဝန်ယူပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးလူငယ် တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ကွယ် လွန်ချိန်တွင် သား (၁) ယောက်၊ သမီး (၃) ယောက် ကျန်ရစ်ခဲ့ပါတယ်။

No comments :