Burmese Cat, Burmese Python တွေလိုပဲ Irrawaddy Dolphin ( ဧရာဝတီလင်းပိုင်) ဟာ နိင်ငံခြားသားတွေအတွက် အလွန်စိတ်ဝင်စားခံရတဲ့သတ္တာဝါဖြစ်ပါတယ်။ စစ်အစိုးနဲ လူတွေ ကြောင့် ရော
မျိုးတုန်းလုနီးပါးဖြစ်နေတယ်။ အလွန်ယဉ်တယ်။ လူတွေက ငအူမြင်းဆိုပြီး သတ်ဖြတ် ရောင်းစားကြတာ ကျနော်တို့ ငယ်စဉ်ကတည်းကဖြစ်တယ်။ အလားတူပဲ ဆတ်သားခြောက်ဆိုပြီး ဆတ်တွေကိုသတ်ဖြတ်နေတယ်။ နိင်ငံခြားကိုတင်ပို့ နေကြတာတွေကို ရပ်တန့် သင့်ပြီ။ တကယ်တော့ဧရာဝတီမြစ်ကြီးသေကောင်ပေါင်းလဲဖြစ်တာ အစိုးရအသုံးမကျမှုရော လူတွေရဲ့  မသိသားဆိုးဝါးမှု ( Ignorance ) တွေကြောင့်လဲပါတယ်။ နေ့ လည်က ကျနော် မြန်မာပြည်က နာမည်ကြီး ရော့ ခ် အဆိုတော်တယောက်နဲ့ စကားပြောရတယ်။ ဧရာဝတီမြစ်ကြီးကြောင်း ကိုပြောတော့သူက ဘာမှမသိဘူး။ ဆည်ဆောက်တော့ တိုင်းပြည်အတွက်အကျိုးရှိတာပေါ့ဗျ လို့ ပဲအကြောင်းပြန်တယ်။ နိင်ငံတော်မှာ သာမန် လူတွေထက်ရှေ့ ကိုရောက်လာတဲ့ အနုပညာရှင်တွေ
ပညာရှင်တွေ၊ စီးပွားရေးသမားတွေဟာ ပိုပြီတာဝန်ရှိကြတယ်။ ဘာဖြစ်လို့ လဲဆိုတော့သူတို့ဟာ ဒီတိုင်းပြည်ရဲ့ လူထုတွေရဲ့  အားပေးထောက်ခံမှုနဲ့  အောင်မြင်နေကြလို့ ဖြစ်တယ်။ ဒါကြောင့် အောင်မြင်တဲ့သူတိုင်းဟာ အောင်မြင်မှုနဲ့ အညီတာဝန်ရှိမှု ( Responsibility) လည်းရှိလာ
တယ်။

No comments :
Post a Comment