ကျနော်တို့က ကရင်ပြည်နယ်သား ကရင်လူမျိုးပါပဲ။ အခြေအနေရ ထိုင်းမှာ အလုပ်လုပ်တယ်ပေါ့လေ။ ထိုင်းဘက်မှာ ရှာဖွေလုပ်ကိုင်စာသောက်နေတာလဲ ကြာလှပေါ့။ ငွေလေဘာလေ စုစောင့်မိရင်ပဲဖြစ်ဖြစ် ရွာကိုလွမ်းလို့ပဲ ဖြစ်ဖြစ် အမေ့ကို လွမ်းလို့ပဲဖြစ်ဖြစ် မကြာမကြာပြန်လည်တတ်တယ်။ ဖြစ်ပုံက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာ ၁၈) ကပေါ့မှာ ကျနော်တို့ ရွာကိုလွမ်းတာနဲ့ မဲဆောက်ကနေ တဆင့် မြဝတီဘက်ကို ကူးခဲ့ကြတယ်။ မြဝတီဘက်ကို မောင်ချစ်သူ (အရင် ၉၉၉) ဂိတ်ကနေကူးခဲ့ကြတယ်။
ဗမာဘက်ကမ်းကို ရောက်တော့ ဂိတ်စောင့်တဲ့ ရဲဘော်က ဒီဂိတ်မှာပဲ ထိုင်းငွေတွေအားလုံးလဲသွားဖို့ ပြောပါတယ်။ ထိုင်းငွေတွေကို တခြားမှာ တွေ့သွားရင် အဖမ်းခံရနိုင်တယ် ဘာညာနဲ့ သတိလည်း ပေးလိုက်သေးတယ်။ အဲဒါနဲ့ ဂိတ်ကဖြတ်တဲ့သူ အားလုံး သူတို့ ဆီမှာပဲ ငွေတွေ လည်းကြရတော့တာပေါ့။ ဒါပေမယ့် သူတို့ဂိတ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်းကို ပြောပြတော့ အကုန်လုံး ငုတ်တုတ်မေ့ကုန်ကြတယ်။
မြန်မာငွေ တသိန်းကို ဘတ်ငွေ ငါးထောင်တဲ့ဗျာ။ ကျနော်တို့ တခြားမှာလဲရင် ၄၁၀၀ လောက်ဆို မြန်မာငွေ တသိန်းရတယ်။ ခုတော့ ထိုင်းမှာ အသေအလဲ ကုန်းရုန်းရှာဖွေစုဆောင်းထားတဲ့ ငွေကို တရားဝင် နယ်စပ်ဂိတ်ပေါက်စောင့်ပြီး ဓါးပြတိုက်ခံရသလို ခံစားလိုက်ရတယ်။ လုပ်တဲ့ အဖွဲ့ကလည်းကြည့်အုံး ကျနော်တို့ ကရင်လူမျိုးအတွက် လုပ်နေပါတယ်ဆိုတဲ့ စောချစ်သူ အဖွဲ့လေ။ ကျနော်တို့ ထိုင်းမှာ အလုပ်လုပ်ပြီး ပြန်လည်ကြမယ့် မိတ်ဆွေတွေအားလုံး သတိထားနိုင်အောင် ဒီစာကို ရေလိုက်ရခြင်းဖြစ်ပါတယ်။
ကရင်ပြည်နယ်သားတဦး
Thursday, 22 September 2011
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment