Friday, 16 September 2011

အေးရှားဝေါလ်နဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်း

အေးရှားဝေါလ် ကုမ္ပဏီမှ ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်လျှက် ရှိသော လုပ်ငန်းခွင်များကို ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်တော့ကြောင်း ယင်းကုမ္ပဏီမှအမည်မဖော်လိုသည့် တာဝန်ရှိသူ အကြီးကဲ တစ်ဦးက စက်တင်ဘာလ ၁၅ရက်နေ့ ပြောသည်။ နိုင်ငံမှာ ရှိတဲ့ ပြည်သူတွေ အကုန်လုံး ဒီလောက်ကန့်ကွက်နေတာ ကျွန်တော်တို့ ဆက်ပြီး မလုပ်ရဲတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒီစီမံကိန်းကို သိပ်ပြီး ဘ၀င်မကျဘူး။ အထက်လူကြီးတွေ ခိုင်းလို့ လုပ်နေရတာ။ ဒီစီမံကိန်းကိုလည်း ဖျက်သိမ်းဖို့ လူကြီးတစ်ချို့က ကြိုးစားနေကြပါတယ်..ဟု ၄င်းက ပြောသည်။ မည်ကဲ့သို့ ဖြစ်စေ ဧရာဝတီ မြစ်ဆုံ စီမံကိန်းသည် ရပ်တန့်သင့်သော စီမံကိန်းတစ်ရပ် ဖြစ်ပေသည်


Course, watershed, cities and major tributaries of the Irrawaddy River

4 comments :

khun said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းသည် ကောင်းကျိုးထက် ဆိုးကျိုးပေး နိုင်သည့် စီမံကိန်း ဖြစ်ပါသည်။ ၄င်းစီမံကိန်းအား ဖျက်သိမ်းရန် မြန်မာ အမျိုးသားများ အားလုံး ၀ိုင်းဝန်း ပူးပေါင်း လုပ်ဆောင် ကြရန်လိုပါမည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ထွန်းကားရေးကဲ့သို့ အရေးကြီးသည့် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ပါသည်။

khun said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းသည် ကောင်းကျိုးထက် ဆိုးကျိုးပေးနိုင်သည့် စီမံကိန်းဖြစ်ပါသည်။ ၄င်းစီမံကိန်းအား ဖျက်သိမ်းရန် မြန်မာအမျိုးသားများ အားလုံး ၀ိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြရန် လိုပါ မည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ထွန်းကားရေး ကဲ့သို့ အရေးကြီးသည့် အမျိုးသားရေးတာဝန် တရပ်ဖြစ်ပါသည်။

Anonymous said...

မိုးသီးဇွန် ခင်ဗျားတော့ သမိုင်းရဲ့ တရားခံ ဖြစ်သွားလိမ့်မယ်။ asiaworld ကဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ဘူး။ ဒီစီမံကိန်းနဲ့ ပက်သက်ပြီး သူတို့မှာ အကျိုးမြတ်အများကြီးရမှာ။ဒီစီမံကိန်းစအောင် တရုတ်ကိုလမ်းညွှန်ခဲ့တာလည်း သူတို့ဘဲ။ မြန်မာပြည်ရဲ့ လေဆိပ် ဆိပ်ကမ်း ကားလမ်းအားလုံးကိုလည်း ရှစ်လုံးကြီးက ထွန်းမြင့်နိုင် လက်ထဲ ထည့်ထားပြီးပြီ။ အခုလည်း မီးရထားလမ်း လုပ်မှာလည်း ထွန်းမြင့်နိုင်ဘဲ။ အဲဒီလို လူမျိုးက ကျွှန်တော်တို့ လည်းပြည်သူတွေစကားနားထောင်မယ်ဆိုတာ ဖြစ်နိုင် ပါမလား။ သူအကျိုးတွက်ဆို သားသမိးတောင်ချနင်းရဲတဲ့ သူမျိုးတွေကို ခင်ဗျားမို့ယုံပြီး တင်ပေးရဲတယ်။

Anonymous said...

မြစ်ဆုံ စီမံကိန်းကို တရုတ် ကွန်မျူနစ်ပါတီ ခေါင်းဆောင်တွေ ကိုယ်တိုင် ဗမာပြည်ထဲမှာ လာ ဦးစီးပြီး လုပ်ကိုင်နေတာ ဖြစ်တယ်။ စီမံကိန်းပျက်မယ်ထင်ရင် တပ်နီတော်က မြန်မာပြည် မြောက်ဖျားပိုင်းကို ၀င် သိမ်းဖို့ အထိ စီစဉ်ထားပြီး ဖြစ်တယ်။ ဒါကြောင့် သိလို့ လျှပ်စစ် ၀န်ကြီးက အဖျက် မခံရဲတာ ဖြစ်တယ်။ မြစ်ဆုံဆည်ကို အကြောင်းပြုပြီး ဗမာပြည်နှစ်ခြမ်းကွဲတဲ့ အထိ (ကိုရီးယား၊ ဗီယက်နမ်လို) ဖြစ်စရာ ရှိတယ်။ ဖြစ်ခဲ့ရင် ဧရာဝတီကို ထိန်းချုပ်နိုင်တဲ့ တရုတ်က အပေါ်စီးက ရမယ်။ ဒုတိယ ကမ္ဘာစစ်က အင်္ဂလန်ကို မှာ (If you can control river Thames, you control London. If you can control London, you control the whole England. If you can control England, you control the whole Europe. If you can control Europe, you can control half of the world.) ဆိုခဲ့သလို ဧရာဝတီကို တရုတ် ထိန်းချုပ်နိုင်ရင် ဗမာတပြည်လုံးကို ကိုင်ထားနိုင်ဘို့ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ လုပ်နေတာ ဖြစ်တယ်။