သစ်တော၊
တောင်တန်းနဲ့  မိုးကောင်းကင် တို့ စကားပြောခန်း
ကောင်းကင်ရယ်၊
တောင်ကြီးတွေရယ်၊ သစ်တောတွေရယ်၊မြစ်ချောင်းတွေရယ်ဟာ တခုနဲ့ တခု စကားပြောနေကြတယ်။ ဆက်သွယ်နေကြတယ်။ ခင်ဗျားယုံလား။ ကျနော်ယုံတယ်။
တစ်။
သစ်ပင်တွေက စကားပြောသတဲ့။ ဒီစကားကို ကျနော်ငယ်ငယ်က
အဘိုးတွေ၊အဘွားတွေပြောဘူးတယ်။ ကျနော်အလေးနက်မထားခဲ့ပါဘူး။ သူတို့ နည်းသူတို့ ပူဇော်ကြပသကြတယ်။
ကျနော်ဂရုမစိုက်ခဲ့ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီအတွေးအခေါ်တွေဟာခေတ်နောက်ကြတဲ့ရှေးရိုးဆန်တဲ့အတွေးအခေါ်တွေလို
ကျနော်ယုံမိခဲ့တယ်။ ခုတော့ဒါတွေဟာ ခေတ်နောက်ကျတဲ့အတွေးအခေါ်မဟုတ်ပဲ။ခေတ်ကိုအလွန်ရှေ
့ပြေးနေတယ်ဆိုတာကိုကျနော်ကိုယ်တိုင်ကြုံမှပဲ ယုံမိတော့တယ်။
သူတို
ဟာတခုနဲ့ တခုဆက်သွယ်မှုရှိနေတယ်။ စကားပြောနေတယ်ဆိုတာပါပဲ။ ကျနော်ကိုယ်တိုင်ကြုံခဲ့ရတဲ့ဖြစ်ရပ်ကဒီလို
ဗျ။
နှစ်။
၁၉၉၃ ခုနစ်လောက်မှာ ကလလတ ဥက္ကဌ ညဏ်မောင်မဲ ဟာ ကျနော်တို့ အေဘီအက်စ်ဒီအက်ဌာနချုပ် လောကွားလူစခန်းကိုအလည်ရောက်လာတယ်။ ကျနော့်ရုံးမှာတည်းတယ်။ သူက အသားညိုညို ကယားလူမျိုးသဘောကောင်းတယ်။ သူတို့ ကလလတက ဗမာပြည်ကွန်မြူနစ်ပါတီ မပြိုကွဲခင်က ကွန်မြူနစ်ပါတီနဲ့ မဟာမိတ်လုပ်ထားတယ်။ ဒါကြောင့်သူဟာတိုးတက်တဲ့အတွေးအမြင်ရှိသူတယောက်။ရှေးရိုးစွဲဝါဒီတယောက်တော့မဟုတ်ဘူး။ သူတော်လှန်ရေးအတွေ့ အကြုံ တွေကိုပြောပြတယ်။ နှစ်ခုကို ကျနော်ခေါင်းထဲမှာစွဲသွားတယ်။ တခုက မြေယာဝေချမ်းရေးလုပ်တုံးကသူအတွေ့ အကြုံ၊မြေယာတွေကိုသိမ်းပြီးဆင်းရဲသားတွေကိုမြေဝေလိုက်တာ
မအောင်မြင်တဲ့အကြောင်း၊
တခုကတော့ သူတို့ စခန်းချဖို့ အတွက် သစ်ပင်တချို့ ကိုခုတ်လိုက်တဲ့အခါမှာ
နောက်သုံးလေးရက်အတွက်းစမ်းချောင်းလေးတွေရေပျောက်သွားပုံကိုသူရှင်းပြတာဖြစ်တယ်။
ကျနော်တို့ ဒေါနတောကြီးက အလွန်ထူတဲ့တိုးရခက်တဲ့တောကြီးမဟာဖြစ်တော့
သူပြောပြချက်ပေါ်မှာကျနော်သိပ်ကိုစိတ်ဝင်စားမိတယ်။ သူကိုအသေးစိတ်မေးမိတယ်။ သူက တောင်ပေါ်မှာပေါက်နေတဲ့သစ်ပင်ကိုအရမ်းခုတ်လို
့မရကြောင်း၊ခုတ်မယ်ဆိုရင် တောင်ထိပ်တည့်တည့်ပေါက်နေတဲ့အပင်တွေကိုလုံးဝမခုတ်ရကြောင်း၊
တောင်ဇောင်းကသစ်ပင် တွေကိုပဲ
ခုတ်နိင်ကြောင်း၊အကုန်မခုတ်သင့်ကြောင်း၊
သစ်ပင်အမြစ်ကနေ အနည်းဆုံး ၆ ပေခန့် ချန်ထားပြီးမှခုတ်သင့်ကြောင်းသူကရှင်းပြပါတယ်။ခုတ်မယ်ဆိုရင်လည်း
တဧကစာလောက်သာခုတ်သင့်ကြောင်း ခုတ်လိုက်ပါကချက်ခြင်းရေပျောက်သွားနိင်ကြောင်းကိုရှင်းပြပါတယ်။
တောင်ထပ်ကသစ်ပင်ကိုတော့ချန်ထားရမယ်။ဘာဖြစိလိုလဲဆိုတော့ရေကိုထိမ်းထားတဲ့နေရာဖြစ်နေတယ်။
လူမှာဦးခေါင်းတည့်တည့်ကို ဦးထုတ်ဆောင်းထားသလိုပေါ့လို့ သူကရှင်းပြပါတယ်။ ဦးထုတ်မဆောင်ထားရင်အအေးမိတာ၊နှာဆီးတာ၊နေပူမခံနိင်တာဖြစ်သလိုပေါ့လို
သူရှင်းပြတယ်။
သုံး။
၁၉၉၄ ခုနစ်မှာ မနပုလောတိုက်ပွဲတွေပြင်းထန်လာတယ်။ ဌာနချုပ်မှာကျနော်နဲ့ တပ်စိတ်တစိတ်ခန့် သာကျန်တယ်။ ဌာနချုပ်ကပုံမှန်အားဖြင့်ရဲဘော် နှစ်ရာသုံးရာခန့် ရှိတယ်။ ချက်ဖို့ ပြုတ်ဖို့ ရေချိုးကြဖို့ ကို အုတ်ကန်လုပ်ထားတယ်။ အုပ်ကန် က ရေကတော့ မနပုလော ကွန်မန်ဒို ကုန်း ရှိရာတောင်ကြီး ကရှိုမြောင်ကြီးတခုကစမ်းရေကို သွယ်ပြီး သွင်းထားတာဖြစ်တယ်။ စမ်းချောင်းကြီးကနေ ကျနော်တို့ စခန်းအနိမ့် ပိုင်းအထိကို ကိုက် တထောက်အနည်းဆုံးဝေးမယ်။ စမ်းချောင်းကရေကို ၂ လက်မခွဲလောက်ကျယ်တဲ့ပလစ်စတိတ်ပိုက်ကြီးကနေ သွယ်တန်းပြီးယူထားတာဖြစ်တယ်။ အလွန်ကြည်လင်အေးမြတဲ့ရေက ပိုက်ကနေ ဒလဟောထိုးကျနေတယ်။ ကျနော်တို့ ရဲဘော်တွေအားလုံးသုံးမကုန်ဘူး။ ရေဒလဟောထိုးဆင်းကြနေတာကို ကျန်ာရုံးပြူတင်းပေါက်ကနေကျနော်မြင်နေရတယ်။ ဒါပေမဲ့ တခါကတော့ ထူးဆန်းတဲ့ပြသနာကိုကြုံရတော့တယ်။ရေစီးကအလွန်နှေးသွားခြင်းဖြစ်ပါတယ်။ တခါတရံမှာရေက လုံးဝ မလာတော့တာကိုတွေ့ ရခြင်းဖြစ်တယ်။ ရေမလာတဲ့အခါမှာပါပိုက်ထဲမှအမိုက်တွေများပိတ်နေသလား၊ ရေပိုက်ခေါက်နေသလား ဆိုတာစစ်ဆေးရတယ်။ စစ်ဆေးတဲ့တာဝန်ကို မက်ဒေါ ဆိုတဲ့ ရဲဘော်ကြီးကတာဝန်ယူထားတယ်။ များသောအားဖြင့် ပိတ်နေတာခေါက်နေတာမရှိသလောက်ပါပဲ။ ဒါပေမဲ့ ရေကမလာဘူး။
မက်ဒေါကတက်စစ်ပါတယ်။
အောက်ပါအတိုင်တွေ့ ရှိရတယ်။ နေကလည်းသာနေတယ်။ စမ်းချောင်းထဲမှာရေအပြည့်ရှိတယ်။ စမ်းချောင်းကနေ
သွယ်ထားတဲ့ ရေတိုင်ကီထဲမှာလဲရေအပြည့်ရှိတယ်။ တိုင်ကီကနေ တဆင့် သွယ်ထားတဲပိုက်တွေကလဲ
ပိတ်တာမရှိ၊ ခေါက်တာမရှိ၊ ရဲဘော်တွေက တလမ်းလုံးအသေအချာစစ်ဆေးကြတယ်။ ဒါပေမဲ့ရေက လုံးဝမလာဘူး။
သူက
ရေမလာတဲ့အကြောင်း သူသေချာစွာစစ်ဆေးတဲ့အကြောင်းကျနော်ကိုလာပြောတယ်။ ကျနော်စိတ်ဝင်စားတဲ့အတွက်
ကျနော်သူနဲ့ အတူထလိုက်ပြီးစစ်တယ်။ တောင်ပေါ်ကိုကျန်ာတို့ ပိုက်လိုင်းတလျောက်တက်ခဲ့ကြတယ်။
သူပြောတဲ့အတိုင်းအားလုံးကောင်းနေတယ်။ ဒါပေမဲရေမလာဘူး။
နောက်တရက်နစ်ရက်ကြာတော့မိုးအုံလာတယ်။
ရေပိုက်ကရေတွေ အားကောင်းကောင်းပြန်လာနေတာတွေ့ ရတယ်။ နောက်တော့ မိုးရွာလာတယ်။ ရေပိုက်က
ဒလဟော ပြန်လာနေတာတွေ့ ရတယ်။
မိုးက
၂ ရက် ၃ ရက်ဆက်ရွယ်တယ်။ ရေကပုံမှန်လာနေတယ်။ နောက်တော့ မိုးဆဲပြီးနေပူတယ်။ ရေအားနှေးသွားတတယ်။ နောက်တော့ နေကပူခြစ်လာတယ်။ စိုက်ပျိုးပင်တွေအတွက်
သစ်ပင်တွေအတွက်လူတွေ ချိုးဖို ချက်ဖို အတွက် ရေကိုပိုလိုလာတယ်။ ဒါပေမဲ့ ပိုက်ထဲမှာရေကမရှိဖြစ်နေတယ်။
မိုးရွာ၊ရေမလို၊ ရေလာ။ နေပူ၊ရေလို၊ရေမလာဖြစ်စဉ်မှာ
ကျနော်တို့ ရွာလည်နေကြတယ်။ ရဲဘော်တွေကိုတယောက်ပြီးတယောက်တာဝန်ပေးတယ်။
အဖြေထွက်မလာဘူး။ မက်ဒေါကတော့ တောပိုင်တောင်ပိုင်တွေကို
ပူဇော်ပသဖို့ သူအကြံပေးတယ်။
နောက်ဆုံးမှာ
ကျနော်ကိုယ်တိုင် ပိုက်လိုင်းတွေလိုက်စစ်ဆေးရတော့တယ်။ ပိုက်လိုင်းကိုစစ်တယ်။ စမ်းချောင်းကိုစစ်တယ်။
တောင်ကြားထဲက စမ်းချောင်းကြီးက ၁၀ ပေလောက်ကျယ်တယ်။ တချို့ နေရာမှာ ၂ ပေလောက်နက်တယ်။
ရေစီးကနေပူပူမိုးရွာရွာ မပြတ်ဘူး။ ရေအားကောင်းတယ်။ စမ်ချောင်းကခေံထားတဲ့ရေတိုင်ကီကလည်းအမြဲတန်းပြည့်နေတယ်။
နေပူတယ်ဆိုတာတောင်
စမ်းချောင်းနေရာကစိမ်းအေးနေတဲ့
တောကြီးပါ။နေပျောက်မထိုးပါဘူး။ ပိုပြီးခေါင်းစားတာကတော့ နေပူနေတာတောင်စမ်းရေကသွယ်ထားတဲ့
ရေတိုင်ကီက ရေအမြဲပြည့်နေတာပါ။
ကျနော်ထိုင်စဉ်းစားနေတယ်။
နောက်တော့အဖြေကိုတွေ့ ပါတယ်။ တောင်ကြီးရယ်၊သစ်တောရယ်၊မိုးတိမ်တွေရယ်ဟာ ဆက်သွယ်မှုရှိနေတယ်လို
့ကျနော်ကောက်ချချပါတယ်။ လူဦးဏောက်လိုဖြစ်နေပုံရတယ်။ ဦးဏောက်မှာအလင်နလွင်ဆိုတဲ့ဓါတ်ရည်တမျိုးရှိတယ်။
တကယ်လို့ ခင်ဗျားအနီးမှာဗုံးပေါက်ကွဲတဲ့အခါမှာ
တချို့  လူတွေက ကြောက်လှန့့်ပြီး မစင်တွေ။ကျင်ငယ်ရေတွေပါထွက်ကုန်တယ်။ ဒါကအလင်နလွင်ကြောင့်ဖြစ်တာပါ။
ခင်ဗျားဟာသွေးထွက်သံယိုဖြစ်တော့မယ်။ ဗိုက်ပေါက်သွားနိင်တယ်လို
့မျော်လင့်ထားပြီးပြင်ဆင်မှုဇီဝကမလှုံ့ ဆော်မှု လုပ်လိုက်တယ်။ ဗိုက်ထဲကအစာဟောင်းတွေကိုထုတ်ပြစ်ပြီးအညစ်အကျေးကိုရှင်းထားပေးခြင်းဖြစ်ပါတယ်။
အညစ်အကြေးတွေရှိခြင်းအားဖြင့် ကူးစက်ရောဂါပိုးတွေထပ်ဝင်ပြီး ပိုပြီးခက်ခဲလာစေနိင်တယ်လို
့ဦးဏောက်ကအသိပေးလိုက်တဲ့အတွက် အစာအိမ်က အစာဟောင်းတွေကိုထုတ်ပြစ်လိုက်ခြင်းဖြစ်တယ်။
သစ်ပင်တွေရယ်တောင်ကြီးရယ်၊
၊ မိုးကောင်းကင်ရယ်ဆက်သွယ်ချက်ကလဲဒီလိုပဲဖြစ်ပါတယ်။
နေပူနေတဲ့အခါမှာ
ရေခန်းနိင်တယ်လို့ သစ်ပင်တွေကယူဆတယ်။ ဒီတော့တောင်ကြီးထဲကရေတွေကိုသူတို့ အလိုအလျောက်သိမ်းနိင်သမျှသိမ်းလိုက်ကြတယ်။ ဒီတော့
ရေစီးနှေးသွားတယ်။ ပိုက်လုံးထဲမှာ ရေအားကျလာတယ်။ နေကျစ်ကျစ်တောက်ပူလာတဲ့အခါမှာတော့ရေလုံးဝပြတ်သွားနိင်သလား
လို့ သစ်ပင်တွေကယူဆတယ်။ ဒီတော့ ရေကိုလုံးဝမထုတ်ပေးတော့ပဲနေလိုက်တယ်။ ဒီတော့ ပိုက်ထဲမှာရေလုံးဝမလာတော့ခြင်းဖြစ်တယ်။
တခါမ
ိုးအုံ့ လာတယ်။ သစ်ပင်တွေက မိုးရွာတော့မယ်။ရေတွေထပ်ရမယ်။ တောင်ထဲမှာသူတို သိမ်းထားတဲ့ရေတွေကိုထုတ်ပေးလိုက်ပြီး
နောက်လာမဲ့ရေသစ်တွေအတွက် နေရာတွေကိုပြင်ဆင်လိုက်ကြပုံရတယ်။ ဒီတော့ စမ်းရေမှာရေစီးမြန်လာတယ်။
ရေများလာတယ်။ ပိုက်ထဲမှာရေအားကောင်းလာတယ်။ ကျနော်အဖြေရလာတဲ့အတွက် ပါလာတဲ့ရဲဘော်တွေကိုရှင်းပြတယ်။
ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ ကျနော်တို့ တောင်အောက်ကိုပြန်ဆင်းလာတယ်။
မိုးအုံရုံ၊
ရွာရုံ၊နေပူရုံနဲ့ တောင်သဘ၀တရားက တောမပြန်းတီးနိင်အောင်ရေအရင်းအမြစ်တွေကိုမပျောက်သွားအောင်ထမ်းသိမ်းပေးထားတာကိုကျနော်တွေ
့ခဲ့ရတဲ့အတွက်အလွန် အံသြနေမိတယ်။
သဘာဝတရားကြီးဟာမဆန်းကျယ်ပေဘူးလား။
သူတို့ ဆက်သွယ်ချက်ဟာ ဘယ်လောက်ထူးဆန်းဖို့ ကောင်းပါသလဲ။ သစ်ပင်၊ တောတောင်၊ မိုးကောင်းကင်ဆက်သွယ်မှုဟာ
မနေ တနေ့ မဟုတ်။ ကျနော်မမွေးခင်ကတည်းက၊ ကျနော်အဖိုးရဲ့ အဖိုး-အဖိုး- တွေမမွေးခင်ကတည်းက
ပြောကြကြေးဆိုရင်တော့ ကမ္ဘာကြီးဖြစ်တည်ခဲ့တဲ့လွန်ခဲ့တဲ့နစ်ပေါင်း နှစ် ထောင်ပေါင်း ၄ထောင့်
၅ရာကျော်ကတည်း က သူတို့ ချင်းဆက်သွယ်နေကြတာဖြစ်ပါတယ်။
သဘာဝကြီးကလှပသလို၊
သဘာဝတရားကြီးဟာဆန်းကျယ်တယ်။ ရှေးက လူကြီးတွေကသစ်ပင်တွကိုမခုတ်နိင်အောင်သူတို
့နည်းသူတို့ ဟန်နဲ့  ထိမ်းသိမ်းခဲ့တယ်။ သစ်ပင်မှာဘုရားစင်၊နတ်စင်တွေကိုထားပြီး မခုတ်နိင်အောင်ကာကွယ်ပေးခဲ့ကြတယ်။
ဒီအယူဆတွေကရှေးဟောင်းအယူဆတွေ၊ ရှေးဟောင်းအယူဆပေမဲ့ သဘ၀ပတ်ဝန်ကျင်တွေရှင်သန်ဖို့ အတွက်
ထိရောက်တဲ့နည်းလမ်းတခုဖြစ်နေတော့ဒါကို မမှန်ဘူး။ မှားတယ်။ ခေတ်နောက်ကျတယ်လို့ ပြောလို
့မရဘူး။ သစ်ပင်ခုတ်တဲ့သူသာခေတ်နောက်ကျတဲ့သူမက၊ လောကကိုဖျက်ဆီးသူဖြစ်တယ်။
၁၉၈၈ခုနစ်နောက်ပိုင်းမှာ စစ်အစိုးရက သစ်တောကြီးတွေကို လက်ညိုးထိုးပြီးရောင်းစားခဲ့တယ်။ တေဇပိုင်တဲ့ထူးသစ်ကုမဏီက သစ်တောမှန်သမျှရောင်းစားခဲ့တဲ့အတွက် နယ်စပ်ဒေသတလျောက်မှာသစ်တွေကုန်သွားတယ်။ ဂူဂဲလ်မြေပုံပေါ်မှာမြန်မာပြည်ကိုကြည့်ရင်လုံးပါးပါးသွားတဲ့ မုန်သုန်သစ်တောကြီးဟာ မြန်မာ ပြည်မှာ ကင်းမဲ့သွားတာကိုတွေ့ နိင်ပါတယ်။ အင်္ဂလိပ်ခေတ်ကလည်းသစ်ကိုခုတ်ပါတယ်။ ဒါပေမဲ့စည်းနဲ့ကမ်းနဲ့ ခုတ်ခဲ့ကြတယ်လို့ သစ်တောမှာတာဝန်ယူခဲ့တဲ့အကြီးတန်း အရာရှိတယောက်ကပြောဘူးတယ်။ အင်္ဂလိပ်က နယ်စပ်သစ်တောတွေကို မြန်မာ ပြည်တလျောက် အကွက်ပေါင်း ၄၀ ရိုက်လိုက်တယ်။ တကွက်ကိုတနစ်ခုတ်တယ်။ ပြန်စိုက်ထားတဲ့တယ်။ နောက်ဆုံးခုတ်ထားတဲ့အကွက်ကိုရောက်ရင် လွန်ခဲ့တဲ့နစ် ၄၀ က စိုက်ခဲ့တဲ့သစ်ပင်က ပြန်ပြီး ပေါက်နေပြီးသား စနစ်နဲ့ ခုတ်ခဲ့တယ်။ တကွက်လုံးကိုလည်း အကုန်မခုတ်ပဲ အရွယ်ရောက်တဲ့သစ်ပိုပဲခုတ်ရတယ်။ တပင်ကိုခုတ်ရင်လည်း အနည်းဆုံး ၄ ပေလောက်ချန်ခဲ့ပြီးမြေလွာပြုံးတီးမှုကိုကာကွယ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုတယ်။ သဘ၀တရားက နေပူရုံနဲ ရေထွက်နည်းသွားရင်သစ်ပင်တွေကိုအမြစ်ကပါတူးခုတ်လိုက်တဲ့၊ပြန်လည်စိုက်ပျိုးမှုတွေမလုပ်ခဲ့တဲ့ စစ်အစိုးရနဲ့  တေဇရဲ့  ထူးသစ်ကုမဏီ ကိုကျနော်တို့ ဘယ်လိုသဘောထားရမလဲ။ ဒီအတွက်တာဝန်ရှိသူတွေကိုအရေးယူခံရမှာပါ။ သမိုင်းတရာခံတွေအဖြစ် လူထုခုံရုံးမှာ အပြစ်ပေးသင့်တဲ့သူတွေပါ။
ငါး။
အခုစစ်အစိုးရက ဧရာဝတီမြစ်ဆုံမှာ ရေကာတာတည်ဆောက်တော့မယ်။ နယူယောက်မြို့ နီးပါး မြေဧရိယပေါင်းများစွာရှိသစ်ပင်တွေကိုခုတ်လဲပြီး ရေလှောင်ကန်ဆောက်မယ်ဆိုတာမိုက်မဲမှုပါ။ သစ်တပင်ခုတ်တာနဲ့ တောင်ရေထွက်နှုန်းကျဆင်းသွားရင် ဒီလောက်ကြီးမားတဲ့ဧရိယာကိုခုတ်လိုက်ခြင်းဟာ တွက်ဆလို မရတဲ့ဆိုးကျိုးတွေဖြစ်လာမှာသေချာပဲဖြစ်ပါတော့တယ်။ ခုလောက်ဆိုရင်- သစ်ပင်တွေရယ်၊တောင်တန်းတွေရယ်၊ မိုးကောင်းကင်ရယ် စကားပြောနေကြပါပြီ။
သစ်ပင်တွေမရှိတော့ရင်၊
အပူလွန်လာမယ်။ အပူလွန်လာရင်ကောင်းကင်ကသူရေမပေးနိင်တော့တဲ့အကြောင်းရေမပေးနိင်ရင် မြစ်ထဲမှာရေစီးနှေးလာမယ်ဆိုတဲ့အကြောင်း
ကို ကိုသူတို့ ပြောနေကြပြီဖြစ်တယ်။ တောင်နံရံကိုထိမှန်ပြီးပဲတင်ပြန်လာတဲ့သူတို့စကားသံတွေ
ကျနော်ကြားနေရပြီ။
မိုးသီးဇွန်
2 comments :
အရမ်းကောင်းတယ် ကိုမိုးသီးရေးတဲ့ စကားပြောခန်းလေးက .. ကျေးဇူးတင်ပါတယ် ..
Good post KMT! It's possible to think in this way...
Post a Comment