Thursday, 29 September 2011
တလှမ်းပြီးတလှမ်းရှေ့တိုးလှမ်းကြရအောင်
ညနေအိမ်ပြန်ရောက်ရောက်ချင်းပဲ DVB ရုပ်မြင်သံကြားအစီအစဉ်ကိုဖွင့်ကြည့်လိုက်တော့ မနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့ တဲ့သူတွေကို အစိုးရက လိုက်ဖမ်းနေကြောင်း၊ စစ်တွေမှာလည်း ရဟန်းသံဃာတချို့ကို ထိန်းသိမ်းလိုက်တယ်လို့ ကြေ ညာသွားတာတွေ့ရတယ်။ တပြိုင်တည်းမှာပဲ နေ့ခင်းကဖတ်လိုက်ရတဲ့ မဇ္ဒ္စ္ဏ္ဈိမသတင်းဌာနက သတင်းတပုဒ်ထဲမှာ KIO ပြောရေးဆိုခွင့်ရှိသူဦးလနန်က မြန်မာစစ်တပ်က အင်အား ၈၀၀ လောက်နဲ့ KIO တပ်မဟာ (၄) တို့ လေးရက်ကြာ တိုက် ပွဲဖြစ်နေကြောင်း၊ နှစ်ဘက်အကျအဆုံးများရှိနေကြောင်း၊ စစ်ရေးနဲ့ ဖိအားပေးပြီး နိုင်ငံရေးအရဆွေးနွေးဖို့ အကြပ်ကိုင် တာဖြစ်တာမို့ ... (အပြည့်အစုံသို့)
at 04:46
Subscribe to:
Post Comments
(
Atom
)
1 comment :
သက်ဆိုင်သူများနှင့် ၀န်ကြီးအား သိစေချင်။မန္တလေးတွင်မော်တော်ကားအပ်ခြင်း။
ဒီမနက် အသိတယောက်ကားအပ်ပြီးလို့ ကားအပ်တဲ့အကြောင်းလေးပြောဖြစ်တယ်။ က.ည.နမှာ ၂၀၀ ကျပ်ပဲကျကြောင်း။ အဲဒီနောက် ကားကို ထုံးဘို ဘက်တွင် စစ်တပ်ယာဉ်အပိုပစ္စည်းကားကွင်းဆိုလား။ အဲဒီမှာ မော်တော်ကားကို သွားရောက်အပ်နှံရပါကြောင်း။ အဲဒီ ကွင်းကြီးထဲမှာ ဂိတ်လေးခုလောက်ကို ဖြတ်ရကြောင်း ။ တဂိတ်ကို ၂၀၀၀ ကျပ်နဲ့ လက်ဖက်ရည်ဖိုးများ အလီလီပေးရကြောင်း။ စုစုပေါင်း ၃၀၀၀၀ ကျပ်လောက် ကုန်ကြရြေ...ကာင်း။ တပ်ကြပ်၊ တပ်သားများ၏ အဆဲအဆိုကိုလည်း ကားအပ်သူပြည်သူများ ခံကြရကြောင်း။ မင်းတို့ ဖုန်းတွေပိတ်ထားလိုက်။ အကုန်လုံးသိမ်းပစ်လိုက်ရမလား။ စသည်ဖြင့် ပြုမူပြောဆိုကြကြောင်း။ (၃၊ ၄)ရက်လောက် ညအိပ်တန်းစီပြီး အပ်ရကြောင်း။ စားစရာဆိုင်များပင်မရှိ။ အခုမှ ဖွင့်ခွင့်ပေးသော စားသောက်ဆိုင်များဖွင့်လာပြီ ဖြစ်ကြောင်း။ တပ်မတော်သားများမှာ ကားအပ်ကိုလက်ခံသော်လည်း ကားမျိုးစုံဖြစ်သည့်အတွက် တချို့ကားများကို ခဲမခြစ်တတ်ကြောင်း။ က.ည.န က ကျွမ်းကျင်ဝန်ထမ်းများလို မဟုတ်သည့်အတွက် နားလည်ပေးရကြောင်း။ ခဲမခြစ်တတ်သည့် အင်ဂျင်အတွက် သံပေတံပေါ်တွင် အုံနာဘွတ် စာအုပ်မှ စာလုံးအတိုင်းတစ်လုံးစီခဲခြစ်ကြောင်း။ ထို့ကြောင့် ခဲခြစ်စာရွက်ပေါ်မှ စာလုံးများမှာ ဖြောင့်တန်း မနေပဲ ကွေ့ကောက်နေကြောင်း။ ထို့ကြောင့် ယာဉ်အပ်သူမှ ဖြစ်ရဲ့လား။ ပြသနာတက်မည်စိုးသည့်အတွက် မေးရာ။ ကိစ္စမရှိပါ။ ကျွန်တော်တို့စစ်တပ်ဆိုတော့ က.ည.န လိုမဟုတ်တဲ့အတွက် အထက်မှ ပြန်မစစ်ကြောင်း။ အထက် စစ်ဗိုလ်မှ လည်း မင်းတို့ ခဲမခြစ်တတ်လည်း “အင်”သာ ထုဟု ပြောထားကြောင်း။ ယာဉ်အပ်လက်ခံရာတွင် ဘာမှ မသိပဲတာယာအမျိုးအစား၊ အော်ရယ်ဂျင်နယ် နတ်တိုင်ဟုတ်မဟုတ်မေးကြောင်း။ မေးသာမေးသည်။ ဘာမျှ မသိကြောင်း။ အချက် (၆၄)ချက်လောက်မေးကြောင်း။ တန်းစီသည့် အချိန်မြန်လိုလျှင် ကိုယ့်ကားမြန်မြန်အပ်ချင်လျှင် ၆ သောင်း ၊ ၇ သောင်းလောက် ဈေးပေါက်နေကြောင်း။ ငွေပေးနိုင်လျှင် ချက်ချင်း မိုက်နဲ့အော်လျှင် တန်းအပ်နိုင်ကြောင်း။ ၀န်ကြီးကတော့ ကားအပ်လျှင် ပိုက်ဆံတောင်းလျှင် တိုင်ကြားပါရန်ပြောကြောင်း။ ခက်သည်က က.ည.နမှ မတောင်းပဲ အအပ်လက်ခံသည့် တပ်မှ တောင်းနေကြောင်း။
ကိုမိုးသီး တင်ပေးပါ။မန္တလေးသားတစ်ဦး
Post a Comment