Saturday, 17 September 2011

အကျင့်ပျက်ခြစားပြီးစီးပွားဖြစ်နေသောရွှေပြည်သာ ပြည်ခိုင်ဖြိုးပါတီ


ကြီးပွားပြီးစီးပွားဖြစ်လို.သူတိုင်းရွှေပြည်သာပြည်ခိုင်ဖြိုးပါတီသို့ဝင်ကြပါဟုကြေညာရမလိုဖြစ်နေပါသည်။
သို့သော် ရာထူးတခုခုရှိပြီး မြို.နယ်အဆင့်စီအီးစီ ၀င်မှသာလျှင်ဖြစ်ပါမည်။လောလောဆယ် ပါတီဋ္ဌာနချုပ်မှချပေးထားသောချေးငွေများကို မိမိတို့ ကိုယ်ကျိုးအဖြစ်  မြို့နယ် အတွင်းရေးမှုး
နှင့်စီအီးစီအဖွဲ့မှ အသုံးပြုနေကြပါသည်။ ဗဟိုမှချပေးထားသော ချေးငွေများကို ပထမ တပါတ်လည်စဉ်အချိန်ထိသာပြည်သူလူထုကိုချေးပေးခဲ့ပြီး နောက်ပိုင်းတွင် ပြင်ပတွင်သာ ၁၀တိုး ၁၅ ကျပ်တိုး.များဖြင့် ချေးငှားနေပါသည်။   (အပြည့်အစုံအတွက် ခေါင်းစဉ်ကို နှိပ်ပါ)
ဗဟိုမှချပေးထားသောချေးငွေပေးရမည့်ပုံစံမှာ ချေးငွေ ၃၀၀၀၀ (သုံးသောင်းကျပ်) လျှင် ပထမလအတွက် အရင်း ၁၀၀၀၀ (တစ်သောင်း ) နှင့် အတိုး ၆၀၀ (ခြောက်ရာ) ကျပ် ၊ ဒုတိယလတွင် အရင်း ၁၀၀၀၀ (တစ်သောင်း ) နှင့် အတိုး ၄၀၀ (လေ်းရာ) ကျပ် ၊တတိယလတွင် အရင်း ၁၀၀၀၀ (တစ်သောင်း ) နှင့် အတိုး ၂၀၀ (နှစ်ရာ) ကျပ် ၊ ဟုသတ်မှတ်ပေးထားပါသည်။

သို့သော် ရွှေပြည်သာ ကြံ့ခိုင်ရေး ပါတီ အထွေထွေ အတွင်းရေးမှုး အင်ပို့ (ခ) ဦးကိုလတ်မှ ဗဟိုမှငွေ စထုတ်ကထဲတ၀က်ကို၎င်းမှယူထားပြီး ပြင်ပတွင်၎င်း၏ ကိုယ်ကျိုးအတွက် အတိုးနှုန်း အမြင့်ဖြင့်ချေး ငှားပြီးစီးပွားရှာလျက်ရှိပါသည်။ ကျန်ငွေများကိုလည်း ကျန်ရှိစီအီးစီများဖြစ်ကြသော ကိုလင်းအောင်၊ ကိုသက်ဝေ၊ ဦးထိန်ဝင်း၊ က်ုဋ္ဌေးလှိုင်ဦး၊ ကိုနေမျိုးအောင်၊ မစန်းစန်းမြင့်၊ မေသင်္ကြန်၊ ဦးမင်းဝေ၊ အောင်ကျော်မြင့်၊ နွယ်နွယ်အေး စသူတို.မှ အဆင်ပြေသလို ခွဲဝေယူထားကာ ကိုယ်ကျိုးရှာနေကြပါသည်။

ချေးငွေများပြန်ဆပ်သည့်အခါတွင်လည်းသာရေးနာရေးအတွက်ဟုအမည်ခံကာ လူတစ်ဦးလျှင် တစ်ရာ (100 )ကျပ်နှုန်းဖြင့်ကောက်ခံပြီး တမြို့နယ်လုံအတွက် အဆိုပါကောက် ခံ ရရှိငွေမှာ သိန်း (20 )မှ (28 ) သိန်းကြားတွင်ရှိပါသည်။ သို့သော်အဆိုပါငွေများကို ၄င်း၏ ကိုယ်ကျိုးအတွက်သာ သုံးစွဲပြီး ရပ်ကွက် သာရေးနာရေးများသို့ အျွှန်တကယ်ပေးကမ်းခြင်း မရှိခဲ့ပါ။ ပါတီဝင်များနာရေးဖြစ်သည့်အခါတွင် ရက်လည်ခါနီးမှ ငွေတစ်သိန်းမတည် ပေးသော်လည်း ရက်လည်ပြီးသည်နှင့်ပြန်လည် ပေးဆပ်ရသည့်အတွက်ပါတီဝင်များနှင့် ထို သာရေးနာရေးငွေများမှာ လုံးဝမသက်ဆိုင်သကဲ့သို့ ဖြစ်နေပါသည်။

ထို့ပြင်အထွေထွေ အတွင်းရေးမှုး ဦးကိုလတ်မှ ဦးဆောင်ပြီး ရွှေပြည်သာမြို့နယ်မှ နိုင်ငံတော်ပိုင် ပလပ်မြေများကိုလည်းရောင်းစားကာစီးပွားဖြစ်လျက်ရှိပါသည်။ တိုင်းရုံးမှ တာဝန်ရှိသူများနှင့် ပေါင်းပြီး ရွှေပြည်သာမြို့နယ် VIP ရပ်ကွက် အမှတ်(၄)လမ်းမဘေး (ကားလမ်းမကြီးဘေး) 40x 60 အကွက်များကို တကွက်လျှင် သိန်း 350 ၊ 400 တို.ဖြင့် ရောင်းစားခဲ့ပြီး အတွင်းရေးမှုးဆိုလျှင် ၄င်း၏အိမ်တွင်မည်သည့်စီးပွားရေးမှကိုမလုပ်ကိုင်ပါပဲ တိုက်ဆောက် ပြီး SURF ၃/ဂ (၃၆၈၅) လိုဇိမ်ခံကားမျိုးကို ၀ယ်စီးနိုင်သည်အထိစီးပွားဖြစ်နေကြပါသည်။ ထို့ပြင်ရပ်ကွက် အုပ်ချုပ်ရေးမှုးနေရာများကိုလည်း တနေရာလျှင် (၁၅) သိန်းဖြင့်ံရောင်းစားခဲ့ကြပါသည်။

အထင်၇ှားဆုံးသောရောင်းစားမှုများမှာ ရွှေပြည်သာမြို.နယ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှုး သိန်းနိုင်မှာ ပြည်ခိုင်ဖြိုး ပါတီရပ်ကွက် အီးစီ တစ်ဦးနှင့် ရန်ဖြစ်ကာ တရားရုံးတွင် တရားရင်ဆိုင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုး အဖြစ်မှပြုတ်ပြီးဖြစ်သော်လည်း အုပ်ချုပ်ရေးမှုးနေရာအရောင်းအ၀ယ်ပြုလုပ်ကာ အုပ်ချုပ်ရေးမှုးအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါသည်။ အလားတူ နိုင်င့တော်အစိုးရမှ အုပ်ချုပ်ရေးမှုးများကို အသက်40 မှ 45 ထိဟုကန့်သတ်ထားခဲ့သော်လည်း လက်ရှိနိုင်ငံတော် အစိုးရအပေါ်မလေးစားလို့ပဲလား ၊ ၄င်းကပဲနိုင်င့တော်အစိုးရထက်ပိုပြီးလုပ်ပိုင်ခွင့်ရှိသောကြောင့်လားမသိ။ ဦးကိုလတ်မှ အသက် 60ကျော်နေပြီဖြစ်သောပုဂ္ဂုလ်များကို အခကြေးငွေယူပြီး ရပ်ကွက် အုပ်ချုပ်ရေးမှုးနေရာ များတွင်ခန့်အပ်ခဲ့ပါသည်။

ထို့ပြင် ရပ်ကွက်တွင်းရှိလမ်းများကိုလမ်းခင်းပေးမည်ဆိုပြီး ရပ်ကွက် လမ်းကော်မတီများထံမှ
လမ်းတစ်လမ်းအတွက် 2 သိန်းမှ 5 သိန်းထိ ငွေများကောက်ခံခဲ့သော်လည်း ယခုချိန်ထိ လမ်းမခင်းပေးခဲ့ပါ။ အချို့သောခင်းပေးသည့်လမ်းများမှာလဲ တ၀က်တပျက်သာဖြစ်ပြီး ယခုအချိန်ထိ အပြီးမသတ်သေးပဲ မသိချင်ယောင်ဆောင်နေကြပါသည်။

ထိုသို့သောဖြစ်ရပ်များကို သိနေသော ရွှေပြည်သာမှ SB ညီညီထွေးအား ဦးကိုလတ်မှ
သိန်း (50) လာဘ်ထိုးပေးခဲ့ပြီး ညီညီထွေးမှ အဆိုပါလာဘ်ငွေများဖြင့် ရွှေပြည်သာမြို့နယ် (၁၃) ရပ်ကွက် စစ်တောင်းလမ်းမပေါ်တွင် (၄၂ ) သိန်းဖြင့်အိမ်တစ်လံ့ု့းဝယ်ယူခဲ့ပါသည်။

ထိုခြစားမှုနှင့်အလွဲသုံးစားလုပ်မှုများကိုသိနေသော (၆)၇ပ်ကွက်ဈေးတာဝန်ခံ အေးမြင့် (ခ) မောင်ပါနှင့် လှော်ကားဈေးတာဝန်ခံ နေ၀င်း တို.မှာ ဈေးငွေများကို အလွဲသုံးစား ပြုလုပ်ခဲ့သော်လည်း ၄င်းတို.အကြောင်းကိုဖော်ထုတ်မည် စိုးသဖြင့် အရေးယူခြင်းတစုံတရာ မပြုပဲ မသိချင်ယောင်ဆောင်ပြီး ယခင်အတိုင်းဆက်လက် ငေါထုတ်ခွင့်များပေးအပ်ကာ အသီးသီး စီးပွားရှာနေကြပါသည်။

အေးမြင့်(ခ)မောင်ပါမှ ဈေးငွေ (၃၁ )သိန်းကို ယခုနှစ်ဖေဖော်ဝါရီလတွင် ၄င်း၏ကိုယ်ကျိုးအတွက် ယူသုံးပြီးထွက်ပြေးတိမ်းရှောင်ခဲ့ပါသည်။

နေ၀င်းမှာ ယခုနှစ် မေလပိုင်းတွင် (၈၆)သိန်းကို ၄င်း၏ ကိုယ်ကျိုးအတွက် သုံးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေပါသည်။

အဆိုပါလူနှစ်ယောက် ပြန်ေ၇ာက်နေသော်လည်း ပါတီခေါင်းဆောင်သီးကိုလတ်နှင့် အဖွဲ့မှ ၄င်းတို.အကြောင်း(ငွေကြေးအလွဲသုံးစားမှု) ကို ဖော်ထုတ်မည်စိုးသောကြောင့်မသိချင်ယောင်ဆောင်ကာ အရေးမယူရဲပဲရှိနေပါသည်။

ထိုသို့အကျင့်ပျက်ခြစားနေသော ပါတီ တာဝန်၇ှိသူများအပေါ် ပြည်သူလူထုက မည်သို့မှယုံကြည်ကိုးစားမှုမပြုနိုင်သည်မှာအသေအချာပင် ဖြစ်ပါသည်။ ထို့ထက်ပိုပြီး နိုင်ငံတော် သမတ ကြီးမှ ယုံကြည်စွာရည်ရွယ်ထားသော Clean Government နှင့် Good Governance ရရှိဖို့ဆိုသည်ကား ပိုပြီးအလှမ်းဝေးနေပါတော့မည်။ ယခုလိုနိုင်ငံတော် တည်ဆောက်ဆဲံကာလတွင် ယခုလိုအကျင့်ပျက်မှု လာဘ်စားမှု အလွဲသုံးစားလုပ်မှုများဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် တစိတ်တဒေသပါဝင်လာမည်ဆိုပါက အဆိပ်ပင်ရေလောင်း သကဲ့သို့သာဖြစ်နေပေတော့မည်။ ထိုကဲ့သို့သော ဖြစ်စဉ်များမှာ နိုင်ငံတော် တည်ဆောက်ဆဲကာလတွင် ခလုပ်ကန်သင်းများပင်ဖြစ်ပြီး ထိုခလုပ်ကန်သင်းများကို မရှင်းလင်းပဲ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သို့ မည်သို့မည်ပုံ သွားကမည်ဆိုတာကို စဉ်းစာမရနိုင်အောင်ပင် ဖြစ်ရပါတော့သည်။

ထို.ကြောင့် စီးပွားဖြစ်လိုပြီး အကျင့်ပျက်ခြစားလိုသောသူတိုင်း ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ပြီး ခေါင်းဆောင်ပိုင်းနေရာကိုရအောင် ကြိုးစားကြပါဟုသာ တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။
ရွှေပြည်သာမြို့နယ်မှ ဆင်းရဲသားနှင့် အလုပ်သမားများ

No comments :