Tuesday, 13 September 2011

ကြံ့ဖွတ်အစိုးရ မြန်မာ တွေကိုအလိုမရှိ

ဟောင်ကောင်၊ မကာအို နှင့်တိုင်ဝမ် နိင်ငံတွေမှာရှိတဲ့ တရုပ်အမျိုးသားများ ( မြန်မာ နိင်ငံမှထွက်ခွာသွားတဲ့တရုပ်အမျိုးသားများ)ကို မြန်မာ ပစ်စပို့ များထုတ်ပေးနေတယ်။ဒါဟာ  နှစ်နိင်ငံသားအဖြစ်အသိမှတ်ပြုလိုက်တဲ့သဘောရှိတယ်။
အမည်မဖေါ်လိုတဲ့ တိုင်ဝမ်မှာတရုပ်အမျိုးသမီးကြီးတဦးက သူဟာနှစ်ပေါင်း ၂၅ နှစ်နီးပါ တိုင်ဝမ်မှာနေထိုင်ခဲ့တဲ့အတွက် သံရုံးကို အခွန် ၁၂၀၀ ဒေါ်လာ ပေးခဲ့ရတယ်။ သူကိုမြန်မာပစ်စပို့  ထုတ်ပေးခဲ့တယ်။ 
ဂျပန်နိင်ငံမှာနိင်ငံရေးခိုလှုံထားတဲ့ မြန်မာနိင်ငံသားတဦး၊အမေရိကန်နိင်ငံသားဖြစ်လာတဲ့မြန်မာတဦးတို့ ကိုတော့   ဘန်ကောက်ရှိ မြန်မာသံရုံမှာဗီဇာလျောက်ခဲ့ကြပေမဲ့  ဗီဇာမပေးပဲငြင်းလိုက်တယ်လို့ သိရပါတယ်။ 

No comments :