Wednesday, 14 September 2011
ကုန်းပိုးခေါ်တဲ့နည်း
 ကျနော်တို့ ၈၈ ကာလတုံးက တချို့  ၀ါနုတဲ့ရဲဘော်တွေဟာ ရန်သူ ရို က်နက်ခြိမ်းခြောက်နေတုံးက 
မပျော့ကြဘူး ။ ချောလိုက်မော့မေးတဲ့အခါမှာ ပျော့သွားကြတယ်။ တချို့  ခေါင်းဆောင်တွေက သေနပ်နဲ့ နောက်ကြောကိုထောက်ထားတုံးက ရန်သူနဲ့ မပူးပေါင်းကြဘူး။ 
ဒါပေမဲ့ရန်သူက ကုန်းပိုးခေါ်တဲ့အတွက်လိုက်သွားတဲ့သူတွေရှိလာတယ်။  ဒီနည်းက ဗိုလ်ချုပ်ခင်ညွန့် ထွင်ခဲ့တဲ့နည်းပေါ့။  ဥကဌ နိင်ရွှေကျင်နဲ့  ဥကဌ ဘရန်ဆိုင်းတို့  ကို ရန်သူက သေနပ်နဲ့ ထောက်ပြီးခေါ်သွားတာမဟုတ်။ ကုန်းပိုးခေါ်သွားတာ။  
ရန်သူကို ငါပြောရင်ရတယ်လို့ သူတို့ ထင်ခဲ့ကြတယ်။ ငါ ကိုသူတို့ လေးစားတယ် လို့ ထင်အောင်ကို ရန်သူက 
ဟန်ဆောင်ကောင်းကြတာကိုး။
ခင်ဗျားတို့ အသိတွေထဲမှာ ရန်သူက ကုန်းပိုးခေါ်လို့ လိုက်သွားတဲ့သူတွေရှိရင်သတိပေးလိုက်ကြပါ။ ရှေ့ မှာ 
့ပြန်တက်လို့ မရတဲ့ဂျောက်ကမ်းပါးရှိတယ်ဆိုတာ။  
- မိုးသီးဇွန် -
3 comments :
Anonymous said...
ဘယ်လိုခေါ်ခေါ်။လိုက်ချင်သူတွေလိုက်သွား။တိုက်ပွဲ
အလီလီတိုက်ခဲ့ပြီးမှ။ရန်သူကမြှောက်ပင့်ပေး၊ချော့ပြော
လို့  လည်းစင်းပေးလဲ။၈၈မျိုးဆက်တွေ (စစ်စစ် )
တွေ မတွေဝေဘူး။
၈၈တွေက အကျဉ်းချုပ်ခံနေရတယ်။အကျယ်ချုပ်မဟုတ်ခဲ့ဘူး
Anonymous said...
သိပ်ကို မှန်ပါတယ် ကိုမိုးသီး။ ရှေ့ က comment လဲ သွေးထွက်အောင် မှန်တယ်။ စကားကျွံတာ နှုတ်လို့ မရသလို နိုင်ငံရေးခြေလှမ်း တခါမှားပြီဆိုရင်တော့ ရာဇ၀င်မှာ ပြင်လို့ ရမှာ မဟုတ်တော့ဘူး။
Anonymous said...
ပြည်တော်ပြန်သွားတဲ့ ဂေါ်ဇီလာ က ချင်းမိုင်မှာအိမ်ကြီးရခိုင်နဲ့နေ ကိုယ်ပိုင်ကားစီးပြီး စိန်သီး ခယ်မတွေနဲ့ပေါင်းပြီး ဖဲဝိုင်းထောင်တဲ့အပြင် မြန်မာမလေးတွေကို အဖြူကောင်တွေနဲ့ချိတ်ပေးတဲ့ ကီပင်ဂေါင်းလုပ်စားတယ်လို့ ပြောသံကြားတယ်ဗျ