နိုင်ငံတော်ကို အုပ်ချုပ်နေသော မဏ္ဍိုင်ကြီး
သုံးရပ်တည့်မှတ်စေရေးအတွက် စာပေနှင့်စာနယ်ဇင်းဟူသော
စတ္ထုထ မဏ္ဍိုင်က ထိန်းကျောင်းပေးရမည်ဟု ဆိုကြပါသည်။
သို့ရာတွင် စတုတ်ထမဏ္ဍိုင်ဖြစ်သော နိုင်ငံပိုင်ကြေးမုံနှင့် မြန်မာ့အလင်းဟူသော သတင်းစာကြီးများသည် လုံးဝယိမ်းယိုင် ကာ တိမ်းစောင်းနေပါသည်။ (အပြည့်အစုံအတွက် ခေါင်းစဉ်ကို နှိပ်ပါ)
၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ မြို့နယ် သတင်းထောက်များကို နေပြည်တော် တပ်ကုန်းရှိ
သတင်းစာတိုက်များသို့ ကိုယ့်စာရိတ်ကိုယ်စားကာ
လာရောက်စေပြီး သတင်းထောက်ကပ်နှင့် ရင်ထိုးပေးအပ် ကာ နန်းကြီးသုတ် တပွဲ ကျွေးလွှတ်ပါသည်။ ကျွန်တော်တို့ ဘ၀တွင် ဈေးအကြီးဆုံး နန်းကြီးသုတ် ပင်ဖြစ်ပါသည်။ ခရီးစာရိတ် တသိန်းကျော် အကုန်အကျခံကာ သွားရောက်စားသောက်ရခြင်းဖြစ်ပါသည်။
အခမ်းအနားတွင် စာတည်းမှူးချုပ်က ပြန်ဆက်သတင်းစာ၊ စည်ပင်သတင်းစာဟု ပြောနေကြကြောင်း ၀န်ခံပြောကြားခဲ့ ပါသည်။ ပိုက်ဆံပေးထည့်သော ပြန်ဆက်နှင့်စည်ပင် သတင်းများသာ ပါဝင်ပါသည်။ လိုင်းကြေးဖြင့် ဆက်သွယ်ထား သော မြို့နယ် သတင်းထောက် အချို့၏ သတင်းများ ပုံမှန် ပါဝင်ပါသည်။ အဆိုပါ ပုဂိုလ်များကလည်း နယ်တွင် သတင်း တစ်ပုဒ်ကို ငွေကျပ် တသောင်းခွဲမှ သုံးသောင်းအထိ ယူပြီး သတင်းရေးသားနေကြပါသည်။ ထို့ကြောင့် စာတည်းမှူးချုပ် တယောက်၏ ပိတ်ရက် မရှိ နေ့စဉ်ဝင်ငွေမှာ ကျပ်တသိန်းအထက် ရှိပါသည်။ ရှေ့က အငြိမ်းစားယူသွားသော စာ တည်းမှူးချုပ် တယောက်ဆိုလျှင် သမီးကို စင်ကာပူတွင် ကျောင်းထားနိုင်ခဲ့ပါသည်။
နိုင်ငံတော် မူဝါဒ တည့်မှတ် မှန်ကန်အောင် ထိန်းကျောင်းရမည့် ယိမ်းယိုင်နေသော စတုတ်ထမဏ္ဍိုင် သတင်းစာတိုက် ကြီးများ၏ အဂတိ လိုက်စားနေမှုများကို အရင်တည့်မှတ်အောင် အရေးယူဆောင်ရွက်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကို နိုင်ငံခြားသတင်းဌာနများမှတစ်ဆင့် တင်ပြအပ်ပါသည်။
ငွေမပေးနိုင်သော မြို့နယ်သတင်းထောက်များ
ငွေမပေးနိုင်သော မြို့နယ်သတင်းထောက်များ
No comments :
Post a Comment