Photo:George Scott in Burma dress with a fellow footballer in 1878
၁၈၇၈ ခုနှစ် မြန်မာ လက်ရွေးစင်ဘော်လုံးသမားများ နှင့်အမှတ်တရ
-မြတ်စိုး- ၀၉. ၁၇.၂၀၁၁
ဘောလုံးကစားနည်းမှာ
မြန်မာနိုင်ငံတွင်ထွန်းကားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဗြိတိသျှများက
မြန်မာနိုင်ငံကိုသိမ်းပိုက်ခဲ့သည့် ၁၈၈၅ နောက်ပိုင်းတွင် ပြိုင်ပွဲများကို စနစ်တကျ
ကျင်းပနိုင်ခဲ့ ကြောင်း အထောက်အထားများမှာ တွေ့ရှိရတယ်။ ဒါပေမဲ့လည်း ယနေ့ခေတ်မှာ
လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ
မြန်မာဘော်လုံး အသင်းဟာ ကမ္ဘာ့ဖလားဘော်လုံးပွဲစဉ်မပြောနဲ့
အာရှဖလားပွဲမှာတောင် အောင်မြင်မှုတွေနဲ့ ဝေးနေခဲ့ရတယ်။
(အပြည့်အစုံအတွက် ခေါင်းစဉ်ကိုနှိပ်ပါ)
ကမ္ဘာ့ဖလား ဘော်လုံးပွဲ သမိုင်းမှာ မှာ လူဦးရေ ၂ သန်းကျော်သာရှိတဲ့ ဆိုဗေးနီးယား ( Solvenia) ၊ ကို့ထ်ဒီဘွား (Côte d'Ivoire) ၊ ဂါနာ နိုင်ငံ ငယ်တွေဟာ ခြေစစ်ပွဲတွေ အောင်နိုင်ခဲ့ပြီး၊ ကမ္ဘာ့ဖလား ဘော်လုံးပွဲစဉ် အတွင်း နံမည်ကြီးအသင်းကြီးတွေနဲ့ ကစားရာမှာ ခြေစွမ်းပြနိုင်ခဲ့ကြလို့ နိုင်ငံတကာ ဘော်လုံးဝါသနာရှင်တွေ ကတောင် အံသြ စွာ အသိအမှတ်ပြု ခဲ့ကြရတယ်။ လူဦးရေ ၃ သန်းကျော်သာ ရှိတဲ့ ဥရုဂွေး ဘော်လုံးအသင်း ဟာ ကမ္ဘာ့ဖလားပိုင်ရှင်ဖြစ်ခဲ့ ယုံသာမက ကမ္ဘာ့ဖလားခြေစစ်ပွဲ အများဆုံး အောင်နိုင်ခဲ့ တဲ့ နိုင်ငံတွေထဲမှာ ပါဝင်တယ်။
ကမ္ဘာ့ဖလား ဘော်လုံးပွဲ သမိုင်းမှာ မှာ လူဦးရေ ၂ သန်းကျော်သာရှိတဲ့ ဆိုဗေးနီးယား ( Solvenia) ၊ ကို့ထ်ဒီဘွား (Côte d'Ivoire) ၊ ဂါနာ နိုင်ငံ ငယ်တွေဟာ ခြေစစ်ပွဲတွေ အောင်နိုင်ခဲ့ပြီး၊ ကမ္ဘာ့ဖလား ဘော်လုံးပွဲစဉ် အတွင်း နံမည်ကြီးအသင်းကြီးတွေနဲ့ ကစားရာမှာ ခြေစွမ်းပြနိုင်ခဲ့ကြလို့ နိုင်ငံတကာ ဘော်လုံးဝါသနာရှင်တွေ ကတောင် အံသြ စွာ အသိအမှတ်ပြု ခဲ့ကြရတယ်။ လူဦးရေ ၃ သန်းကျော်သာ ရှိတဲ့ ဥရုဂွေး ဘော်လုံးအသင်း ဟာ ကမ္ဘာ့ဖလားပိုင်ရှင်ဖြစ်ခဲ့ ယုံသာမက ကမ္ဘာ့ဖလားခြေစစ်ပွဲ အများဆုံး အောင်နိုင်ခဲ့ တဲ့ နိုင်ငံတွေထဲမှာ ပါဝင်တယ်။
တချိန်က မြန်မာ အားကစား ကမ္ဘာကို လွှမ်းရမယ် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အာရှ မှာ
နာမည်ရ၊ အသိအမှတ်ပြုခံခဲ့ရတဲ့ မြန်မာ့ဘော်လုံး အသင်းဟာ ယနေ့ တော့ အရှေ့တောင်အာရှ
ဘော်လုံးလောက မှာ တောင် အနိမ့်ဆုံး အဆင့် သို့ တဖြေးဖြေး ရောက်ရှိလို့ လာခဲ့ပါပြီ။
မြန်မာဘော်လုံး
သမိုင်း မှတ်တိုင်များ
အချက်အလက်
ပိုင်းဆိုင်ရာ နဲ့ ပြန်လည်သုံးသပ် ကြည့်မယ်ဆိုလျှင် ၁၉၄၇ မှ ၁၉၅၀ အကြားတွင်
မြန်မာ့ဘော်လုံး ဟာ နည်းပညာနှင့် ရွေးချယ်မှု ပိုင်းဆိုင်ရာမှာ စနစ်ကျလာခဲ့ပြီး
၁၉၅၂ ခုနှစ်တွင် ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲများကို
စတင်ကျင်းပနိုင်ခဲ့သည်။ ထို ၁၉၅၂ မှာပင် ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA မှ
မြန်မာနိုင်ငံကိုအဖွဲ့ဝင်အဖြစ်လက်ခံခဲ့သည်။ မြန်မာနိုင်ငံလက်ရွေးစင် ဘောလုံးအသင်း
သည် ၁၉၆၅ မှ ၁၉၇၃ ခုနှစ်အတွင်း အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲများ တွင် ၅
ကြိမ်ဗိုလ်စွဲခဲ့တယ်။ ၁၉၆၆ နှင့် ၁၉၇၀ အာရှအားကစားပြိုင်ပွဲတွင် ပထမရရှိခဲ့ပြီး
၁၉၆၈ အာရှဖလားပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည်။ ၁၉၆၀ နှင့် ၇၀
ပြည့်နှစ်ကျော်ကာလများတွင် အာရှဒေသတွင်း ပြိုင်ပွဲများ ဖြစ်သည့် ပတ်ချုံဟီးဖလား
(တောင်ကိုရီးယား)၊ လွတ်လပ်ရေး ဖလား (အင်ဒိုနီးရှား)၊ မာဒေးကားဖလား
(မလေးရှား)တို့တွင်အောင်မြင်မှုများ ဆက်တိုက်ရရှိ နိုင်ခဲ့သည်။
ယနေ့ခေတ် မြန်မာဘော်လုံး အခြေအနေ
ယနေ့ခေတ်
မြန်မာဘော်လုံးအသင်းအောင်မြင်မှု ဟာ သမိုင်းအချက်အလက်အားဖြင့် မဆလ ခေတ်ကထက် တောင်
အခြေအနေဆိုးရွား နေတာတွေ့ရတယ်။ မြန်မာ့ဘော်လုံး
ဝါသနာ ရှင်များ၊ ဘော်လုံး စိတ်ဝင်စားသူများ အားလုံး ကလည်း ဒီအချက်ကို
လက်ခံထားကြတယ်။ ယခုအခါမှာ နိုင်ငံတကာ ပွဲတွေကို အိမ်ရှင်
အဖြစ်ကျင်းပနိုင်ခွင့်တွေကို ပါ ဆုံးရှုံးရတော့မဲ့ အနေအထားသို့ ရောက်ရှိလာနေတာကို
တွေ့ရတယ်။
မဆလ
ခေတ်က ကျောင်းပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံ၊ ပြည်နယ်နှင့်တိုင်း၊ ပထမတန်း၊
ဒုတိယတန်း၊ ကြည်းရေလေ စသဖြင့် အဆင့်ဆင့်
မြန်မာ့လက်ရွှေးစင် ဘော်လုံးသမားတွေကို မွေးထုတ်ပေးခဲ့တယ်။ ပြုစုပျိုးထောင်မှုပိုင်း
မှာ မှန်ကန်မှုရှိတယ်။ နိုင်ငံတကာ
ကလပ်အသင်း တွေ နဲ့ ခြေစမ်းပွဲတွေ ကစားခဲ့ကြတယ်။
မဆလခေတ်မှာ
အဆင့်ဆင့် ရွေးချယ်ခဲ့မှု တွေကြောင့် စိုင်းကက်နက်၊ ခွန်ကျော့ဖေ၊ ရွှေဘော်၊ ပေါက်စီ၊
အောင်စံဖြိုး၊ စိုးမိုးကျော် တို့ဟာ တိုင်းနှင့် ပြည်နယ် အသီးသီးကနေ နိုင်ငံကျော်
လက်ရွှေးစင် အကျော်အမော်တွေဖြစ်လာခဲ့သလို၊
အရှေ့တောင်အာရှ မှာ လူသိများခဲ့တဲ့ စိန်ဝင်ကြီး၊ စိန်ဝင်းလေး၊
အေးမောင်ကြီး၊အေးမောင်လေး၊ မောင်မောင်နု၊ မောင်မောင်တင်၊ တင်ဌေး စတဲ့ ဘော်လုံးသမားတွေ ကြောင့်လည်း မြန်မာနိုင်ငံမှာ ဘော်လုံးအားပေးသူတွေ၊
စိတ်ဝင်စား သူတွေ ပိုမိုများပြားလာခဲ့တယ်။
ဒါပေမဲ့လည်း
မဆလ ခေတ်မှာ အစိုးရ ပိုင်းက လုံလောက်မှုရှိတဲ့ ရင်းနှီးမြုပ်နှံအားပေးမှုတွေ ၊
မက်လုံးပေးမှုတွေ မရှိခဲ့ တာကြောင့် မြန်မာ့ဘော်လုံးဟာ အရှေ့တောင်အာရှ ဘော်လုံးလောက
မှာတင် ရပ်တန့်ခဲ့ရပြန်တယ်။
မြန်မာဘောလုံး
သမိုင်းလောက ကို ပြန်လည်
ဆန်းစစ်ကြည့်လျှင် ဘော်လုံးကစားချင်တဲ့
လူငယ်တွေ အများကြီး တော့ရှိခဲ့တယ်၊ ကစားခွင့် မရခဲ့ဘူး။ အများစု က ကျောင်းသူ
ကျောင်းသား တွေ နဲ့ စားဝတ်နေရေးအဆင်မပြေ ဖြစ်နေကြ တဲ့ လူငယ်တွေပါ။
ထိခိုက်ဒဏ်ရာရလျှင် ဆေးဝါးခ မရှိတာကတကြောင်း၊ အိမ်မှာ ဆန်ဆီမရှိ ၊ ဘော်ကန်
အသုံးအဆောင်ပစ္စည်းများ ၀ယ်ယူဖို့ ငွေကြေးမရှိ၊
ဘော်လုံးလေ့ကျင့်မှု စရိတ် မတက်နိုင်မှု တွေကြောင့် ဘော်လုံးလောက ကို
စွန့်ခွာသွားခဲ့ ရသူတွေ ဒုနဲ့ဒေးပါ။
ယနေ့ခေတ်မှာ
တော့ တောမြို့ ၊နယ်ပယ်တွေထား၊ ရန်ကုန်မြို့ မှာတောင် တချိုနေရာ
တော်တော်များများမှာ ကလေးကစားကွင်းတွေဟာ Night clubs တွေအဖြစ်
ပြောင်းလဲသွားတာတွေ့ရတယ်။ ဘယ်သူက ရောင်းလို့ ၊ ဘယ်သူက ၀ယ်ယူပိုင်ဆိုင်
သွားသလဲတော့မသိဘူး၊
ကလေးတွေ၊လူငယ်တွေ အတွက်တော့ ကစားစရာ၊ လေ့ကျင့်ရာ ကစားကွင်းတွေတောင်မရှိဖြစ်နေတယ်။ မြို့တိုင်း နယ်တိုင်းမှာ ဘော်လုံးကွင်းတွေမှာ မြေကွက်လပ်တွေမှာ
တော်တော်လေး ဆုံးရှုံးကုန်တာ ရှိတယ်။ ဘော်လုံးကွင်းတွေဟာ ရပ်ကွက်၊ အဆောက်အအုံ တွေ
ဖြစ်လာတယ်။ ဘော်လုံးပွဲမရှိပဲ၊ နီးစပ်ရာ ရွေးချယ်တဲ့
ဘော်လုံးရွေးချယ်မှုတွေဖြစ်လာတယ်။ နိုင်ငံတော်က အားကစားအတွက် သုံးစွဲမှုတွေမှာ
နည်းပါးလာခဲ့သည့်အပြင်၊ နဂိုရှိပြီးသား အခြေအနေတွေပါ တနေ့ထက်တနေ့
ဆုံးရှုံးလာနေတာတွေ့ရတယ်။ နည်းပညာဆိုင်ရာ၊ နိုင်ငံကိုယ်စားပြု အားကစားသမားများ ကို
ရွေးချယ်မှုဆိုင်ရာ စံနှုန်းစံထားများ၊ အားကစားသမားများ အား ပညာပေးမှုဆိုင်ရာ
တွေမှာလည်း နိုင်ငံတော်က လုံလောက်စွာ ရင်းနှီးမြုပ်နှံမှု၊ မရှိတာတွေ့ရတယ်။
တနည်းအားဖြင့် စနစ်တကျ
စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင် ရွေးချယ် လေ့ကျင့်သင်ကြား
ပေးမှု အားနည်းနေတာ တွေ့ရတယ်။
ကမ္ဘာ့အဆင့် အတန်းမှာ နိမ့်ကျ
သွားခဲ့တဲ့ မြန်မာ့ဘော်လုံး
နအဖ ခေတ်
ကစပြီး မြန်မာ့ဘော်လုံး ဘာကြောင့် တဖြေးဖြေး
နိမ့်ကျလာခဲ့သလဲ။
၁)
အကျင့်ပျက်ခြစားမှုများရှိနေခြင်း၊
၂)
စနစ်တကျ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ အဆင့်ဆင့် ပြုစုပျိုးထောင်
ရွေးချယ် လေ့ကျင့်သင်ကြား ပေးမှုမရှိခြင်း၊
၃)
အားကစားမှာ အစိုးရပိုင်းက လုံလောက်စွာ ရင်းနှီးမြုပ်နှံမှု မရှိခြင်း၊
လို့ မြန်မာ့ဘော်လုံး
သမိုင်းကြောင်း ကိုလေ့လာနေသူတွေက တညီတညွတ်တည်း ပြောဆိုခဲ့ကြတယ်။
မြန်မာ့ဘော်လုံး
အသင်းကို ၁၉၈၇ ခုနှစ် က ၂၀၀၄ ခုနှစ်ထိ
စီမံအုပ်ချုပ်ခဲ့သူက နအဖ စစ်ဗိုလ်မှူးကြီးတွေပါ။
သူတို့
လက်ထပ်မှာ မြန်မာ့ နိုင်ငံရေး၊စီးပွားရေး သာမက
အားကစား ရေးရာ တွေမှာ ပါ
နိုင်ငံတကာနဲ့ ယှဉ်လျှင် ဘာမှ အောင်မြင်မှု မရရှိခဲ့ပါဘူး။
ဒီစစ်ဗိုလ်မှူးကြီး တွေဟာ လက်နက် ကိုင် တိုက်ရတဲ့ တိုက်ပွဲတွေ ကို
အောင်နိုင်ကောင်း အောင်နိုင်ခဲ့ပေမဲ့၊ လက်နက်မပါပဲ တိုက်ရတဲ့ ဘော်လုံးအသင်း
လိုဟာမျိုးကိုတော့ အောင်မြင်မှုတွေ ရရှိအောင်မလုပ်နိုင်ခဲ့ တာ အထင်အရှားတွေ့ရတယ်။ တနည်းအားဖြင့်
ဦးဆောင်မှုပိုင်း ညံ့ဖျင်းမှု၊ တာဝန် ယူမှု
မရှိ ခြင်းကြောင့် မြန်မာ့ဘော်လုံး
အဆင့်အတန်း နိမ့်ကျလာခဲ့တယ်။ ပုဂ္ဂိုလ်ရေး အရ နီးစပ်ရာလူများကိုသာ စီမံခန့်ခွဲ
အုပ်ချုပ်မှုဆိုင်ရာတွေမှာ မှားယွင်းစွာရွေးချယ်ခဲ့မှုများ၊ မြန်မာဘော်လုံး စီမံခန့်ခွဲ
အုပ်ချုပ်မှု ပိုင်း မှာ ပုဂ္ဂိုလ်ရေး ၊နိုင်ငံရေး အရ ၀င်ရောက် ရောထွေးမှုတွေ
ရှိနေမှုများကြောင့် စီမံခန့်ခွဲအုပ်ချုပ်မှု ပိုင်းမှာ အရည်အချင်းရှိသည့် သူများ နည်းပါးလာခြင်း
းဟာလည်း မြန်မာ့ဘော်လုံး မအောင်မြင်ရခြင်းရဲ့
အဓိက အကြောင်းအရင်း ဖြစ်လာခဲ့ရတယ်။
အခုလောလောဆယ်
မှာ မြန်မာ ဘော်လုံးအသင်းဥက္ကဌ ဆိုသူက ၀ိသာမစီးပွားရေးသမား မက်စ်ဇော်ဇော် ၊
နိုင်ငံပိုင် ဘော်လုံးကွင်းတွေ ကို တည်ဆောက်ခွင့် ရနေသူ၊ ဘော်လုံး အသင်းထောင်ခဲ့သူ
ဖြစ်တယ်။ နာယက လုပ်သူတွေက မြို့တော်ဝန်
အောင်သိန်းလင်း၊ ၀ိသာမစီးပွားရေးသမားတွေဖြစ်ကြတဲ့ တေဇ၊ အောင်ကိုဝင်း တို့ဖြစ်တယ်။
သူတို့ အားလုံးဟာ စစ်အစိုးရ နဲ့ နီးစပ်သူ၊ အခွင့်အရေးတွေ ရရှိနေသူတွေ ဖြစ်တယ်။
ဒီအခြေအနေတွေဟာ
မြန်မာ့ဘော်လုံး လောက ကို စီးပွားရေးလိုတွက်ပြီး၊ အာဏာနဲ့ လက်ဝါးကြီးအုပ်
ချယ်လှယ်ဖို့ ကို တွန်းအားပေးပို့နေတာ တွေ့မြင်လာရတယ်။ တကယ်တော့
ဒီနေ့ မြန်မာ့ ဘော်လုံး အနာဂတ် ကို ဦးဆောင် ဖျက်စီးနေတဲ့ တရားခံဟာ ၀ိသာမ စီးပွားရေးသမား များ သာဖြစ်တယ်။ ဒီလို ၀ိသာမစီးပွားရေး သမားတွေ ကို နိုင်ငံ
ကိုယ်စားပြု အသင်းကို စီမံ ခန့်ခွဲ အုပ်ချုပ်ခိုင်းမှုကြောင့် လည်း
မြန်မာ့ဘော်လုံးဟာ အာရှလောက မှာ အဆင့်အောက်ဆုံး ကို ရောက်ခဲ့ရခြင်းဖြစ်တယ်။
ဒီလို နိမ့်ကျလာမှု ကို တာဝန်ယူမှု မရှိပဲ၊ နည်းပြဆရာတွေ ကို သာ အပြစ်ပုံချ၊
ထုတ်ပစ်မှုဟာ မြန်မာ့ဘော်လုံး ရှေ့ရေးအတွက် မှန်ကန်တဲ့ အဖြေဖြစ်လာမှာတော့ မဟုတ်ပါဘူး။
ဘော်လုံး နှင့် နိုင်ငံရေး
ပြီးခဲ့တဲ့
မတ်လပိုင်း က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)
ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့
ပထမဆုံးအကြိမ် အဖြစ် မတ်လ ၁၅ ရက်နေ့က သွားရောက်ခဲ့ကာ မြန်မာ ဘော်လုံးအသင်းဥက္ကဌ မက်စ် ဇော်ဇော်၏
စီစဉ်ပေးမှုဖြင့် နေပြည်တော်သို့ သွားရောက်၍ အစိုးရသစ်တွင် သမ္မတ ဖြစ်လာမည့် လက်ရှိ
ဝန်ကြီးချုပ် ဦးသိန်းစိန်ကိုလည်း တွေ့ဆုံခဲ့သည်။
ဒီခရီးစဉ်ဟာ
မြန်မာနိုင်ငံမှာ နိုင်ငံတကာ အားကစားပွဲတွေကို
ကျင်းပလာနိုင်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ
တိုးတက်ပြောင်းလဲမှုတွေရှိလာနေပြီဖြစ်ကြောင်း မြန်မာဘော်လုံးကို နိုင်ငံရေးအရ လက်နက်သဖွယ်
အသုံးချဖို့ ပြသရန်ရည်ရွယ်ခဲ့တယ်။
ဒါပေမဲ့လည်း နိုင်ငံရေးပြဿနာတွေ၊ စီးပွားရေးရေးဖွံ့ဖြိုးတိုးတက်မှုမရှိသေးတဲ့
မြန်မာနိုင်ငံမှာ နိုင်ငံတကာ အဆင့်မှီ အားကစားပွဲတွေ ကို ကျင်းပနိုင်တဲ့
စံချိန်စံနှုန်းအဆင့် တကယ်တော့ မရှိသေးပါဘူး။ ဒါကို သိသိနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌ
မစ္စတာ ဆတ် ဘလတ္တာ ကို အသုံးချခဲ့တာ တွေ့ရတယ်။ မြန်မာ-အိုမန် ပွဲ ဖြစ်စဉ်ကို ဆန်းဆစ်
ကြည့်ခြင်းအားဖြင့် လက်ရှိ
နိုင်ငံရေးပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ မှာ နိုင်ငံတကာ
အားကစားပွဲတွေ ကျင်းပရန် မသင့်တော် သေးကြောင်း၊ နိုင်ငံတကာ အဆင့်မှီဖို့
အခင်းအကျင်းနှင့် စီမံခန့်ခွဲ အုပ်ချုပ်မှု ပိုင်ဆိုင်ရာတွေမှာ ညံ့ဖျင်းမှုတွေရှိနေကြောင်း
နိုင်ငံတကာ သတိထား မိလာကြတယ်။
တကယ်တော့
မြန်မာ့ဘော်လုံးအနာဂတ် ကို ၀ိသာမစီးပွားရေးသမား တွေက ငွေကြေး အင်အား သုံးပြီး ပြည့်တန်ဆာရုံ လို အပန်းဖြေ
အသုံးတော်ခံဖို့ ဖြစ်အောင် လုပ်နေတဲ့ လုပ်ရပ်မျိုးလို ဖြစ်နေတယ်။
ဒီလို ဖြစ်ရပ်မျိုးရောက်ရှိလာအောင်လည်း ၀ိသာမစီးပွားရေးသမား လက်ဝေခံဖြစ်နေကြတဲ့
ဗိုလ်ချုပ်ကြီးတွေ ဆိုသူတွေက လိုင်စင်ပေး ခွင့်ပြုထား တာဖြစ်တယ်။
ဒီနေရာမှာ
လိုင်စင်ရ ၀ိသာမစီးပွားရေးသမားဆိုတာကတော့ဈေးကွက်တခုလုံးကို အာဏာပိုင်နဲ့
ပေါင်းပြီးကိုယ်ကျိုးရှာသူ ကို ဆိုလိုတာဖြစ်တယ်။ သူတို့ဟာ မြန်မာ့ဘော်လုံး အပြင်
စီးပွားရေးလောက တခုလုံး၊ ဈေးကွက်
တခုလုံးကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရလာတဲ့အတွက် အဆမတန် ကြွယ်ဝချမ်းသာ လာတဲ့
ခေတ်ပျက်သဌေး တွေမျှ သာဖြစ်ပါတယ်။ လူတယောက်ဟာ
စီးပွားရေးလုပ်တာ ဟာ ကောင်းပါတယ်။ မကောင်းတာကတော့ လူတယောက် တည်းကို
အခွင့်အရေးတွေပေး ပြီးကျန်တဲ့သူတွေကို ညီမျှတဲ့အခွင့်အလန်းတွေ မပေး
ခြင်းဖြစ်ပါတယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ် (Monopoly ) ထားခြင်းသာဖြစ်တယ်။ ဒီလိုဖြစ်ရပ်တွေကြောင့်လည်း
မြန်မာပြည်သူ တွေ က ဒီလိုမညီမျှတဲ့၊ တရားမျှတမှုမရှိတဲ့ စနစ်ကို တိုက်နေခြင်း
ဖြစ်ပါတယ်။ ဒီအခြေအနေတွေ ကြောင့်
မြန်မာဘော်လုံးလောက မှာ အကျင့်ပျက်ခြစားမှုများရှိတယ်လို့ မြန်မာ့ဘော်လုံး
ကို လေ့လာ သုံးသပ်သူတွေ က ပြောဆိုနေကြတယ်။
နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ မြန်မာဘော်လုံး အသင်း တကယ် အောင်မြင်မှုတွေ
ရယူ လိုချင်သလား? ၀ိသာမစီးပွားရေးသမား ခိုးသားငါးရာတွေ ငွေကြေး အင်အား သုံးပြီး
မြန်မာ့ဘော်လုံး လောက ကို ပြည့်တန်ဆာရုံ လို အပန်းဖြေ အသုံးတော်ခံ စီမံခန့်ခွဲမှုပြုလုပ်နေမှုကို အစိုးရ တရပ်အနေဖြင့် ဆက်လက် ခွင့်
မပြုသင့်ပါလို့ ပဲ အကြံပေးပါရစေ။ တိုင်းပြည် မှာ အဆင့်အတန်း နိမ့်ကျလာရခြင်းဟာ တိုင်းပြည်ကို
အုပ်ချုပ်သူ၊ ဦးဆောင်နေသူတွေ ရဲ့ ညံ့ဖျင်းမှုကြောင့် သာလျှင် ဖြစ်တယ် ဆိုတဲ့ တာဝန်
ယူရဲတဲ့ စိတ်ရှိဖို့တော့လိုတယ်။
No comments :
Post a Comment