မိအေးနှစ်ခါနာ မဖြစ်စေနဲ့နော်
by Htun Aung Gyaw on Monday, September 26, 2011 at 8:30pm
မိအေးနှစ်ခါနာ မဖြစ်စေနဲ့နော်
ခေတ်အဆက်ဆက် အာဏာရှင်များ ပြည်သူကို လိမ်ညာ၊ အတိုက်အခံတွေကို လှည့်စားပြီး၊ သူတို့ရဲ့ တရား မဝင်မှုကိုတရားဝင်မှုဖြစ်လာအောင် တထစ်ပြီးတထစ်၊ တရစ်ပြီးတရစ်လုပ်လာ တတ်ကြတယ်။ မထွေးလေး ပုံပြင်ထဲကလိုမထွေးလေးဟာ မြွေမင်းသားလေးနဲ့ လင်အဖြစ်ပေးစားခံရပြီး ထိုမြွေကြီးဟာ မင်းသားလေးဖြစ်သွားတဲ့အတွက် ကောင်းစားသွားတာကိုမြင်တော့ အမလုပ်သူ မကြီး က အမေနဲ့အဖေကို သူ့ကိုလဲ မြွေနဲ့ပေးစားဘို့ပြောလို့ မြွေကြီးတကောင် ဖမ်းလာပြီး သမီးအိပ်ခန်းထဲမှာ ထားပေးတဲ့အခါ မြွေကြီးက သမီးဖြစ်သူကိုစားဘို့ တကိုယ် လုံးကို ခြေထောက်ကစပြီး ရစ်ပတ်သတဲ့။ သမီးဖြစ်သူက အဖေရေ ခြေထောက်တွေကိုရစ်နေပြီဆိုတဲ့အခါ “အေးအေး ကောင်းတယ်” လို့ မိဘက ပြောသတဲ့၊ နောက် ကိုယ်လုံးကိုရစ်ပတ်နေပြီလို့ဆိုပြန်တော့လဲ အေးအေးနဲ့၊ နောက်ဆုံး လည်ပင်းကိုရစ်ပတ်နေပြီ ဆိုတော့လဲ အေးအေးနဲ့ မြွေကြီးသမီးဖြစ်သူတကိုယ်လုံးကို မြိုထားတာ မနက်ကျမှ တွေ့ရတယ်ဆိုတာလိုမျိုး ကျွန်တော်တို့ မြန်မာနိုင်ငံမှာမဖြစ်ဘို့လိုတယ်။
စစ်အစိုးရ အဆက်ဆက် ပြည်သူကို လိမ်ညာလှည့်စား၊ တိုင်းပြည်သယံဇာတတွေကို လက်ညှိုးထိုး ပြီးသူ့မိဘပိုင်
အမွေအနှစ်များအလား ရောင်းစားပြီး နေလိုက်ကြတာ မဆလခေတ်မှာလဲ လူချမ်းသာတွေကို အရင်းရှင်တွေလို့
လက်ညှိုးထိုးဝေဖန်၊ တဖက်မှာလည်း သူတို့တတွေ ကားကောင်းကြီးတွေစီး၊ အဓမ္မသိမ်းထားတဲ့ သူတွေထံမှ
အိမ်တွေ ခြံတွေကို သူတို့နံမည်ပြောင်းယူပြီး ဒီလူချမ်းသာတွေ နေရာကို သူတို့က ဝင်ယူလိုက်ကြပြန်တယ်။
လူထုကတော့ မွဲမြဲမွဲလျက်ပါဘဲ။
တိုင်းပြည်လူမွဲစာရင်းဝင်လာပြီး လူထုအုံကြွမှုကြီး ၁၉၈၈ မှာ ဖြစ်လာတဲ့တော့မှ ဦးနေဝင်းက ဒီမိုကရေစီစံနစ်နဲ့
သွားမလားပါတီစုံနဲ့ သွားမလားလို့ ပါးစပ်က အမြှုပ်ထွက်မတတ် ဒေါသနဲ့ မေးခဲ့တာ အများအသိ ဖြစ်တယ်။
ဒါပေမယ့် မဆလပါတီက တပါတီစံနစ်နဲ့ဘဲ ဆက်သွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့်လဲ ရှစ်လေးလုံး
ပြည်သူ့ဆန္ဒပြပွဲကြီး မရပ်မနားဖြစ်ခဲ့တာ အများအသိ။ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေတို့
နှစ်ယောက်တက်လာ တော့ တခါ ပါတီစုံရွေးကောက်ပွဲ လုပ်ပေးပါမယ်ဆိုပြီး နိုင်ငံရေးပါတီတွေ
ဖွဲ့စည်းခွင့်ပေးပြီး လူတွေ မျက်စိ နောက်အောင် နိုင်ငံရေးပါတီပေါင်းရာကျော်ကို ဖွဲ့စည်းခွင့်ပေးလိုက်တယ်။
ဒီနိုင်ငံရေးပါတီတွေထဲမှာ အစိုးရရဲ့ နှစ်ယောက်တပိုင်းပါတီတွေ မှိုလိုပေါက်အောင် ဖွဲ့စည်းပြီး
ပြည်သူတွေကို နားမျက်စိလည်အောင် ကြိုးစားခဲ့ပေ မယ့် ပြည်သူတွေက နိုင်ငံရေးလှည့်ကွက်တွေကို
သိနေပြီး မဲမကွဲအောင် NLD ကိုသာ စုပြုံ မဲပေးခဲ့တဲ အတွက် သူတို့လှည့်ကွက်အရ မဲတွေမကွဲသွားဘဲ
NLD လွတ်လွတ်လပ်လပ် နိုင်ခဲ့တာဘဲ။ ဒါပေမယ့် မျက်နှာ ပြောင်တိုက်ပြီး အာဏာလွှဲမပေးခဲ့ဘူး။
နောင်နှစ်ပေါင်း ၂၀ ကြာမှ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပြီး မဲညစ်မဲခိုးမှုတွေ ဗလပွေနဲ့ စစ်ဗိုလ်တဖြစ်လဲ
အစိုးရကို တင်ခဲ့တာ အများအသိဘဲ။ အခု တက်လာတဲ့ ဦးသိန်းစိန် အစိုးရဟာ အမှန်တကယ် ပြောင်းလဲချင်နေ
တဲ့သူတွေ ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ တရားဝင်တွေ့ဆုံပြီးပြီ၊ သူတို့ပြောင်းလဲတာကို
အားပေးသင့် တယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်။ ဒါကြောင့် တကယ်ပြောင်းလဲချင်တာလား မထွေးလေးလို
ကြင်ယာတော်ဟာမြွေကြီးဘဝကနေမင်းသားလေးဖြစ်သွားမှာလား ဒါမှမဟုတ် အမကြီးကိုပေးစားတဲ့ မြွေကြီးလို
တရစ်ပြီးတရစ် ပတ်ပြီး အသေသတ်ဘို့ ကြိုးစားနေတာလားဆိုတာ သေသေချာချာကို လေ့လာနေ ဘို့
လိုတယ်။ တကိုယ်လုံးအမြိုခံပြီးသွားရင်တော့ပြန်မရှင်နိုင်တော့ဘူးဆိုတာသိဘို့လိုတယ်။
ဒီလိုလေ့လာတဲ့အခါမှာ ဒီထင်ရှားတဲ့အချက် သုံးချက်ကို တွေ့ရတယ်။
(၁) အမြင်မတူ ကွဲပြားသူတွေနဲ့ အတူတွဲပြီး လုပ်ချင်ပါတယ်ဆိုတဲ့ ဦးသိန်းစိန်ဟာ တပ်မတော်
ကိုယ်စားလှယ် တွေကပါ လွှတ်တော်မှာ သဘောတူ မဲပေးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်သေးဘူး။
(၂) ဧရာဝတီမြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းမှာနအဖလက်ထက်တွင်သဘောတူညီထားချက်ဖြစ် သည်။
ဦးသိန်းစိန်အစိုးရအနေနှင့်ပြည်သူ့အစိုးရစစ်မှန်လျှင်ပြည်သူလိုလားသည့်အတိုင်းဧရာဝတီမြစ်ဆုံရေ
ကာတာ တည်ဆောက်ရေးစီမံကိန်းကိုသတ္တိရှိရှိရပ်ဆိုင်းပစ်ရဲရမည်။ တရုတ်အကျိုးကိုကြည့်မည်လော?
တိုင်းပြည်နှင့် ပြည်သူ ပြည်သားတို့၏အကျိုးကိုကြည့်မည်လော? စောင့်ကြည့်ရပေမည်။
(၃) ၂၀၀၈ အခြေခံဥပဒေမှာပါတဲ့ လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်၊ စီတန်းလှည့်လည်ခွင့်ဆိုတဲ့အချက်ကိုလည်း
သတ်မှတ်ချက်၊ ပိတ်ပင်ချက် ပုဒ်ထီးပုဒ်မတွေနဲ့ ကိုယ့်အိမ်ကိုယ့်ဝင်းမှာဘဲ ဆန္ဒပြကြ၊ အစိုးရအဆောက်အဦ၊
အလုပ်ရုံတွေမှာတော့ လုပ်လို့မရဘူး၊ ၇ ရက် ကြိုတင်စာတင်ရမယ်၊ ခေါင်းဆောင်လုပ်သူရဲ့ကိုယ်ရေး
ရာဇဝင်တင်ရမယ်၊ နောက်ဆုံးဒေသဆိုင်ရာရဲစခမ်းရဲ့ခွင့်ပြုချက်ယူရမယ်ဆိုတဲ့လှုပ်ရှား လို့မရအောင်ကိုလုပ်
ထား တာဟာ “ လွတ်လပ်စွာဘာတခုမှလုပ်လို့မရဘူး” ဆိုတာကိုအရှက်မရှိ လုပ်လိုက်ပြန်ပြီဖြစ်တယ်။
(၄) အဖွဲ့အစည်းများလွတ်လပ်စွာ ဖွဲ့စည်းခွင့်ဆိုရာမှာလည်း ဘယ်လိုညစ်တီးညစ်ပတ် ဥပဒေတွေနဲ့
ထပ်ပြီး လုပ်ကြအုံးမယ် ဆိုတာ စောင့်ကြည့်ဘို့ လိုလိမ့်အုံးမယ်။ ဖြစ်လာမယ့် ပုံစံ ကတော့
ယခင် လမ်းစဉ်လူငယ်လို၊ အစိုးရဒေါက်တိုင်အလုပ်သမားအဖွဲ့အစည်းတွေလို
ဘဲ ယခုအစိုးရကသူတို့ လက်အောက်ခံအဖွဲ့အစည်းတွေဘဲ တရားဝင် မြေပေါ် မှာရပ်တည်ခွင့်ပြုဘို့များတယ်။
သို့ရာတွင် ကျောင်းသား အလုပ်သမားလယ်သမားများသည် မိမိဘာသာ မိမိ အဖွဲ့အစည်းများကို ဖိနှိပ်မှုများကို
ဆန့်ကျင်၍ ဖွဲ့စည်းရမည်သာဖြစ်သည်။ ရှေ့တိုးလုပ်ဖို့ကလွဲ၍ နောက် ဆုတ်စရာ ကျွန်ုပ်တို့တွင်
မရှိချေ။
ဦးသိန်းစိန် အစိုးရတွင် ပျော့ပြောင်းသူများရှိသည်၊ ပြောင်းလဲလိုသူများ ရှိသည်။ ထိုကြောင့် ၎င်းဦးသိန်းစိန်
အစိုးရတွင်းမှ သဘောထားပျော့ပြောင်းသူ(Moderates) များ အင်အားသာလာအောင် လုပ်ရမည်ဆိုသည့်
အတွေးခေါ် စဉ်းစားချက်သည် လုပ်သင့်သည့် အလုပ်တခုအဖြစ် စဉ်းစားတွေးခေါ်နိုင်သော်လည်း အမှန်တကယ်
သဘော ထားပျော့ပြောင်းသူများ ဖြစ်သလော? တကိုယ်လုံးမြိုရန် တရစ်ပြီးတရစ်တက်ပြီး ပတ်နေခြင်းလောဟု
စဉ်းစားဖို့လိုသည်။ သဘောထား ပျော့ပြောင်းသူများ အားကောင်းလာရန် လုပ်ရန်မှာ ထိုသဘောထားပျော့ပြောင်း
သူများကိုယ်တိုင်စွန့်စား၍ ပြည်သူများ ယုံကြည်လာရန် ထင်သာမြင်သာရှိ သောပြောင်းလဲမှုကို
လုပ်ပြနိုင်ရမည်။ လုပ်ပြရဲရမည်။ စကားနှင့်၎င်း အချိန်ဆွဲ တုံ့ဆိုင်းနေခြင်းဖြင့်၎င်း အလုပ်
မဖြစ်ပေ။ တင်းမာရေး လမ်းစဉ်လိုက်သူများနှင့် လမ်းခွဲ၍
(၁) နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း။
(၂) အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးခြင်း။
(၃) လွတ်လပ်စွာဆန္ဒပြခွင့်၊ သဘောထားထုတ်ဖေါ်ခွင့်များကို ဆန္ဒပြသူများ ပြလိုသည့်နေရာတွင် စည်းကမ်း
တကျ ပြသရန် ခွင့်ပြုခြင်းတို့ကို ပြုလုပ်ပေးရမည်။ အနောက်နိုင်ငံများတွင် ဆန္ဒပြသူများ
ပြလိုသည့် နေရာတွင်ရဲမှနေရာသတ်မှတ်ပေးပြီးထိုသတ်မှတ်ပေးသောနေရာတွင်လွတ်လပ်စွာဆန္ဒပြခွင့်ပြုသည်။အမေရိကတွင်တရက်ကြို၍ပါမစ်ယူရသည်။
(၄) အများပြည်သူ အတိဒုက္ခရောက်မည့် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးကို ရပ်ဆိုင်းခြင်းဖြင့်
ပြည်သူ့ အစိုးရ၊ ပြည်သူ့ဆန္ဒကို လေးစားသော အစိုးရဖြစ်ကြောင်း သက်သေပြခြင်းဆိုသည့် ၎
ချက် သည် ဦးသိန်းစိန်အစိုးရကို ပြည်သူများမှ ထောက်ခံလာနိုင်သည့် အချက်များဖြစ်သည်။
ထိုအချက် (၄) ချက်ကို ချက်ချင်း လက်ငင်း အကောင်အထည်ဖေါ်ခြင်းဖြင့် အာဏာရှင်လမ်းကြောင်းကို
ဆုတ်ကိုင်ထားပြီး ပြည်သူ့ အခွင့်အရေးများကို ၎င်းတို့အကျိုးအတွက် ပိတ်ပင်လိုသည့် တင်းမာရေးလမ်းစဉ်
လိုက်နေသူ (Radicals) များနှင့် လမ်းခွဲပြီး မြန်မာနိုင်ငံကြီးကို ခေတ်မီနိုင်ငံကြီးအဖြစ်
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နိုင်မည်ဖြစ်ပါသည်။
အချုပ်မှာ မြွေအရေခွံကိုခွါချ၍မင်းသားလေးဖြစ်ကြောင်းပြသရန်ဖြစ်ပါကြောင်း။
ထွန်းအောင်ကျော်

1 comment :
ဂျပန်ကနေပဲထိုင်ပြော ထိုင်ဝေဖန်ုနေတော့မှာလား
ပြည်တွင်းပြန်ပြီးမတိုက်ကြတော့ဘူးလား
Post a Comment