Thursday, 22 September 2011

သန်းရွှေ အာဏာ တနေ့ တခြားမှေးမိန် လာနေခြင်း

အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ဦးသန်းရွှေဟာ အာဏာကနေ တဖြေးတဖြေး မှေးမိန် နေပြီလို့  အမည်မဖေါ်လို တဲ့   သံတမန်တဦးကပြောပါတယ်။ သူဟာ အိုတီအက်စ် အပတ်စဉ် ၉ က ဖြစ်ပြီး မဆလခေတ်က တဦးတည်းသောလက်ကျန် ဖြစ်တယ်။ သူရောမောင်အေးရောပါ အကျပိုင်းကိုတနေထက်တနေ့ ရောက်နေပြီလို့ ကြပ်ပေးစစ်ခေါင်းဆောင်တွေက မြင်နေကြတယ်။
သူတို့ ရဲ့ အနေအထားတွေကိုပိုပြင်ဆင်လာနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသိန်းစိန်ကတွေ့ လာတာ
မက်ဇော်ဇော်က ဒေါ်စုနားကိုကပ်လာတာ၊ ကားဟောင်းရှိသူတွေကိုကားသစ်တင်သွင်းခွင့်ပါမစ်ချပေးတာတွေ
ဟာ လက်ရှိအစိုးရသစ်ဟာ သန်းရွှေနဲ့ ညှိနိင်ဆောင်ရွက်မှုတွေက နေ တဖြးဖြေး ရွေ့ လျားလာနေကြတာဖြစ်
တယ်။  ကားသွင်းခွင့်တွေကို သန်းရွှေသား နဲ့  အောင်သောင်းသားတွေက နှစ်ပေါင်းများစွာလက်ဝါးကြီးချုပ်
လုပ်ကိုင်ခွင့်တွေ ရရှိနေကြတာဖြစ်ပါတယ်။

4 comments :

Anonymous said...

တချိန်တည်းမှာပဲ အဲဒီ အပြောင်းအလဲအတွက် မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိတယ်လို့ ပြောပြီး အခုအချိန်ဟာ အလွန်သိမ်မွေ့တဲ့ အဆင့်တခုမှာ ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ညှိနှိုင်းကြတဲ့ နေရာမှာ ကိုယ့်ဘက်က ရလိုတာသက်သက် မကြည့်ရဘဲ တဘက်ရဲ့ လိုလားချက်ကိုလည်း ပေးရတဲ့အပိုင်း ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
အပြောင်းအလဲတော့မြင်နေပြီ။ ဒေါ်စုက 40% ရလဲရသလောက်ယူမှာပဲ။ ကျန်တဲ့ 60%ကသူတို့လုံခြုံမှု့အတွက်ထွက်ပေါက်ပေးရမယ်။ ဒါတောင်အဖိုးကြီးပေးလို့ရတာ။ မပေးရင်ဒေါ်စုဘာမှမလုပ်တက်တော့ဘူး။ ရှေ့ဆက်ပြီင်္းသေသည့်တိုင်အောင်စကားပြောပါရစေလို့ဆက်အော်နေအုံးမှာပဲ။ ဘာမှမလုပ်တက်တော့လို့သူပြောတဲ့စကားကိုသာကြည့်တော့။
အပြောင်းလဲလိုချင်ရင်ကိုယ်တိုင်လုပ်။
ကျွန်မတစ်ယောက်တည်းလုပ်လို့မရဘူး။
ရှင်ကတော့ဘာလုပ်လို့လဲ။
အခုဒီကိတ်စကိုသူတစ်ယောက်တည်းလုပ်လိမ့်မယ်။ပါတီတွင်းမှာမဲခွဲဆုံးဖြတ်မှာမဟုတ်ဘူး။သူလဲအာဏာရှင်ပဲ။

Anonymous said...

Thats why he is looking for someone who can takecare his family after him.He understood that Daw Su is the only one who can gurantee.
ဆင်းသွားတဲ့အစိုးရကိုလည်း မထိရဘူး၊ တက်သွား တဲ့အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေမပေးရဘူး၊ အားလုံးဟာမျှတတဲ့ အခြေခံအပေါ်မှာတည်ရှိရ
Daw Su

Anonymous said...

ကျမတို့နိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေမှာ ရောက်နေပါတယ်။ တိုင်းပြည်အတွက် ကောင်းအောင်လုပ်ဖို့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မယ်ဆိုတာ လူတိုင်းလူတိုင်းဟာ တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာ ဖြစ်ပါတယ်။ တစ်ချို့ကျတော့ ပုံစံမပြောင်းနိုင်ဘူး။ ဒီပုံစံ ဒီပုံစံပဲ။ ဒီအခြေအနေလည်း ဒီပုံစံပဲ။ ဟိုအခြေအနေလည်း ဒီပုံစံပဲလုပ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဟာ အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည်အချင်း အားနည်းတာလို့ပဲ ပြောရမှာပဲ။ (ဒေါ်အောင်ဆန်းစုကြည်။ ဒီမိုကရေစီနေ့ မိန့်ခွန်း
whatever u say,must do the vote decision in party.Right now,u r dealing alone with goverment and making decision urself.What is democracy.

Anonymous said...

Life it self is letting DASSK know, Deal or no deal,she asked for it,if not,somebody will. Over two decades now. The situation is either do china or associate western. If not Malcolm X, Deal Gandhi(MLK)way, or Obama way,change change change.
We hope it will happen sooner. There are many more years to come to develop the impoverished nation.