Tuesday, 13 September 2011

ဝေါ်လေ၊ ဆုံဆည်းမြိုင်၊ ခို့ခွား တိုက်ပွဲ အခြေအနေများ

စက်တင်ဘာလ ၁၀ ရက်နေ့က သေဘောပိုးအနီး ဆုံဆည်းမြိုင်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ ကြံ့ဖွံ့အစိုးရ စစ်တပ်ဘက်မှ ၁ ယောက်သေဆုံးပြီး ၅ ယောက်ဒဏ်ရာရတယ်လို့ ကြားသိရတယ်။

စက်တင်ဘာ ၁၂ နေ့တုန်းက ကြာအင်ဆိပ်ကြီးအနီးက ခို့ခွားရွာ အနီးမှာ ဒီကေဘီအေ ၉၀၁ က ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်မ ၂၂ လက်အောက်ခံ တပ်တခုကို တိုက်ခိုက်ခဲ့ရာ ကြံ့ဖွံ့အစိုးရ တပ်ဘက်မှ ၁ ယောက်သေးဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်။ အဲဒီနေ့ ည ၇ နာရီလောက်မှာပဲ ထိုင်းမြန်မာနယ်စပ်အနီးက ဥက္ကရေ့ထနဲ့ ဝေါ်လေကြားမှာ ကြံ့ဖွံ့အစိုးရစစ်တပ်ကို DKBA တပ်ဖွဲ့တွေ မိုင်းစစ်ဆင်ရေးနဲ့ တိုက်ခိုက်လိုက်ခဲ့တယ်လို့ ကြားသိရပြီး ဒီတိုက်ပွဲ ထိခိုက်သေဆုံမှုကိုတော့ မသိရှိရသေးပါ။


No comments :