နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်နှုင့် အခြားသောဒီမိုကရေစီအင်အားစုများ ပူးပေါင်းစီစဉ်ပြုလုပ် သော ရွှေဝါရောင်လေးနှစ်ပြည့်လှုပ်ရှားမှု အစီအစဉ်ကို ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့အား လေးစား အလေးထားသောပြည်သူလူထုကြီးအား လေးစားစွာဖြင့် အသိပေး ဖိတ်ကြားအပ်ပါသည်။
ရည်ရွယ်ချက်
- ဒီမိုကရေစီရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး အကျဉ်းချထားခြင်းခံထားရသောနိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေရန်။
- ပြည်တွင်းစစ်ရပ်စဲပြီး လွတ်လပ်၍တန်းတူ တွေ့ဆုံဆွေးနွေးသောနည်းဖြင့် ပြည်တွင်းငြိ မ်း ချမ်းရေး ဖြစ်ထွန်းစေရန်။
- ပြည်သူလူထုဆန္ဒကိုလေးစားအသိအမှတ်ပြုသောအားဖြင့် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းအား လုံးဝဖျက်သိမ်း စေရန်။
- ရွှေဝါရောင်အား (လူထုသင်္ကေတ)အရောင်အဖြစ် သဘောထား၍ လူထုတရပ်လုံးပါဝင်သော လွှတ်တော်ပြင်ပ လူထုအ ခြေခံနိုင်ငံရေး အားကောင်းစေရန်။
အစီအစဉ် ၁။ သံဃာတော်များအားဆွမ်းဆက်ကပ်လှူဒါန်းခြင်း
နေ့စွဲ - ၂၆.၉.၂၀၁၁ ( တနင်္လာ)
အချိန် - ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ
နေရာ - မကွေးပရိယတ္တိစာသင်တိုက် ၊ (၁) ရပ်ကွက်၊ အနော်ရထာလမ်း၊
ဒဂုံအရှေ့ပိုင်းမြို့နယ်
(၅၀) ကွေ့အနီး။ ဇေယျာမင်း-၆၇/ ၆၁ အနီ / ၃၆ BM ကားများစီးပါ။
အစီအစဉ် ၂။ ရွှေဝါရောင် ( လူထုကိုယ်စားပြုအရောင်)
လှုပ်ရှားမှုအစီအစဉ်
နေ့စွဲ - ၂၆.၉.၂၀၁၁ ( တနင်္လာ)
အချိန် - ၁း၀၀ နာရီ မှ ၂း၀၀ နာရီအထိ
နေရာ - ရွှေဝါရောင် အင်္ကျီများဝတ်ဆင်၍ ဆူးလေဘုရားမှတ်တိုင်( ၄၅
ကားဂိတ်) ၊ မြို့တော်ခန်းမအနီး ဧမာနွေလဘုရားကျောင်းရှေ့ နှင့်
ဆူးလေဘုရား၌ဆုတောင်းခြင်း အစီအစဉ်။
သတင်းနှင့်ပြန်ကြားရေးရာဆပ်ကော်မတီ
Saturday, 24 September 2011
ရွှေဝါရောင်လေးနှစ်ပြည့် လှုပ်ရှားမှု အစီအစဉ်
at 23:08
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment