ကျနော် ၊ ကျမတို့  သည် သစ်တောရေးရာဝန်ကြီးဌာန ၊ မြန်မာ့သစ်လုပ်ငန်း ရန်ကုန်(ရုံးချုပ်) ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနတွင် တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းများဖြစ်ပါသည် ။
၂၀၁၀ခုနှစ် ၅ လ ပိုင်းမှစတင်၍ နေပြည်တော်ရှိ သစ်တောရေးရာဝန်ကြီးဌာန ၊ မြန်မာ့သစ်လုပ်ငန်း ရုံးသို့ ၀န်ထမ်းအားလုံးသည် တဦးလျှင် ၂ လ ကြာ ၊ အလှည့်ကျစနစ်ဖြစ် သွားရောက် တာဝန် ထမ်းဆောင် ကြရန် စတင်စေလွှတ်ပါသည်။(အပြည့်အစုံအတွက် ခေါင်းစဉ်ကို နှိပ်ပါ)
ထိုသို့စေလွှတ်ရာတွင် ရန်ကုန်ရုံးချုပ်ရှိ တာဝန်ရှိသူအချို့  မှမျှတစွာတာဝန်ခွဲဝေခြင်း မရှိပဲ အထွေထွေ မန်နေဂျာ(GM)၊ဒုတိယအထွေထွေမန်နေဂျာ(DGM)တို့၏ဆွေမျိုးနီးစပ်တော်စပ်သောာဝန်ထမ်းများနှင့်၎င်းတို့နှင့် အပေးအယူပြုလုပ်ကာတပည့်မွေး ဆရာမွေး ပြုလုပ်နေကြသော ၀န်ထမ်းများအား အခြားဝန်ထမ်းများနည်းတူ နေပြည်တော်သို့တာဝန်ထမ်းဆောင်ရန် စေလွှတ်ခဲ့ခြင်း မရှိပါ ။ ထိုဝန်ထမ်းများအား လာဘ်ပေး၊လာဘ်ယူ ကိစ္စများတွင်သာ အဓိကဆောင်ရွက်ရန် အနီးကပ်တပည့်မွေးမြူထားကြပါသည်။
နေပြည်တော်သို့သွားရောက်တာဝန်ထမ်းဆောင်ြကသော ၀န်ထမ်းများအတွက် ယာယီနေထိုင်ရန် ပေး ထားသောအဆောက်အဦးမှာလုံခြုံမှုမရှိပဲ မိမိတို့ဝန်ထမ်းများ၏ ပစ္စည်းများအားပြင်ပမှမကြာခဏဖောက်ထွင်း ခိုးယူ မှု့များ ခံကြရပါသည် ။ တာဝန်ရှိသူများကိုအကြောင်းကြားတင်ပြခဲ့သော်လည်း မည်သို့  မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းမရှိပါ ။
မိမိတို့ ရရှိသောလစာနှင့်ရန်ကုန်ရုံးမှပေးသောထောက်ပံ့ကြေး တစ်သောင်းခွဲသည် နေပြည်တော်တွင် တာဝန် ထမ်းဆောင်ရန်လုံလောက်ခဲ့ခြင်းမရှိသော်လည်း ဌာနမှ တာဝန်ပေးခဲ့သည့်အတွက် အခက်အခဲများကြားမှ မိမိတို့  အနေဖြင့်သွားရောက် တာဝန်ထမ်းဆောင် ခဲ့ပြီးဖြစ်ပါသည် ။ မိမိတို့သည် ဌာနမှ ထပ်မံတာဝန်ပေးချက်အရ နှစ်ကြိမ်ထက်မနည်း နေပြည်တော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည့် ၀န်ထမ်းများဖြစ်ကြပါသည်။
ယခုအခါတွင်လည်း ထပ်မံစေလွှတ်နေပြန်ပါသည်။ မိမိတို့အနေဖြင့် မိသားစုအခြေအနေ၊ရရှိသောလစာနှင့်ကုန်ကျစရိတ်များအရ အကြိမ်ကြိမ်တာဝန်ထမ်းဆောင်ရန်မဖြစ်နိုင်ပါ။ အထွေထွေ မန်နေဂျာ(GM) ၊ ဒုတိယ အထွေထွေမန်နေဂျာ (DGM) တို့၏ နီးစပ်သူများ သည် နေပြည်တော်သို့ သာမန်ဝန်ထမ်းများနည်းတူ စေလွှတ် တာဝန် ထမ်းဆောင် သင့်သော်လည်း ယခုချိန်ထိ တကြိမ်တခါမျှ စေလွှတ်ခြင်းမရှိပါ ။
ထိုကဲ့သို့ မျှတမှု့မရှိသည် ကိစ္စရပ်များပေါ်ပေါက်နေပါသဖြင့်ပြောင်းလဲလိုက်သော ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန အမည်သစ်နှင့်အတူ ယခင် သစ်တောရေးရာဝန်ကြီးဌာန အမည်ဟောင်းအောက်တွင်ဖြစ်ပေါ်ခဲ့သောဌာနတွင်းဝန်ထမ်းများအပေါ် မမျှတမှုများပါအသစ်ပြုပြင်ပြောင်းလဲ ပေးပါရန်အခြေခံဝန်ထမ်းများမှ အင်တာနက်စာမျက်နှာများမှတဆင့်သက်ဆိုင်ရာတာဝန်ရှိသူများထံသို့တင်ပြ တောင်းဆို လိုက်ရပါသည်။
အခြေခံဝန်ထမ်းများ
ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်မြန်မာ့သစ်လုပ်ငန်း
ပြည်တွင်းရောင်း/စက်ဌာန
ရန်ကုန်ရုံးချုပ်

3 comments :
သစ်တောဝန်ကြီးဌာနကလူတွေအားလုံးသူခိုးကြီးဘဲ..ဒဂုံမြို့သစ်ကသစ်တောရပ်ကွက်ဟာရန်ကုန်မှာအကောင်းဆုံးဘဲ..ဘယ်ကရတဲ့ငွေတွေနဲ့ဆောက်ထားကြတာလဲ.ရှင်းပါတယ် ခိုးရလို့ဘဲ.ခုမှဝေစုမတဲ့ ဂွင်ပျက်မဲ့ကိန်းဆိုက်တော့မှတောင်ရေးမြောက်ရေး.လုပ်မနေနဲ့သူခိုးဌာနရေ..
မင်းတို့ခိုးလို့သစ်တောတွေလဲပြုတ်ပြုတ်ပျုန်း.ရာသီဥတုတွေလဲဖေါက်ပြန်....ရေတွေကြီး.တိုင်:ပြည်ပျက်ရတဲ့အကြောင်ထဲမှာလဲ.မင်းတို့ သစ်တောဝန်ကြီးဌာနအပါအဝင်ဘဲ..
တကယ်ဘဲခုတ်နေကြတာ ဖျက်စီးနေကြတာ ဘယ်သူခွင်.ပြု တာပါလဲ
တကယ်
Post a Comment