အောင်ဆန်းအက်တလီစာချုပ်နဲ့  ဒေါ်စု-သိန်းစိန် ဆွေးနွေးပွဲခြားနားချက်
နေသစ်-
ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးသိန်းစိန်အစိုးရ တို့ တွေ
့ဆုံပြီးတဲ့နောက်ဆက်တွဲအခြေအနေတွေကို ကျနော်တို့ ဆွေးနွေးခြင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့  သိန်းစိန် အစိုးရဆွေးနွေးနေရတဲ့အခြေအနေက
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျအစိုးရဆွေးနွေးနေရတဲ့အခြေအနေနဲ့ တူတယ်တဲ့။
ဟိုတုန်းက သခင်ဗစိန်တို့  ကွန်မြူနစ်ပါတီက
သဘောထားတင်းမာတဲ့သူတွေက လက်မခံခဲ့ကြသလို မဖြစ်မိစေနဲ့ လို
့အကြံပြုထောက်ပြတဲ့သူတွေလည်းပေါ်လာတယ်။ ဆွေးနွေးနေကြတယ်။ ဟိုတုန်းကအခြေအနေနဲ
့ဒီနေ အခြေအနေ တူတာရှိသလား ။ ဒါနဲ့ ပတ်သက်လို့ ကိုမိုးသီးဘယ်လိုမြင်ပါသလဲ။
မိုးသီး- မတူဘူးလို့ ပြောချင်တယ်။
မြန်မာ့ လွတ်လပ်ရေးအတွက်ဗိုလ်ချုပ်အောင်ဆန်းကအင်္ဂလိပ်အစိုးရနဲ့ တွေ
့ဆုံဆွေးနွေးဖို့  အင်္ဂလန်ကိုသွားခဲ့တယ်။ ၁၉၄၇ ခုနစ် ဇန်န၀ါရီလ ၁၂ရက့် နေ။
အက်တလီရုံးရှိရာ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်။
ဒီသဘောတူညီချက်ကို တစ်။ ကြည့်ရင်သိပ်ကောင်းတယ်။ နှစ်-တန်းတူရည်တူရှိတယ်။
သုံး- သိရှိခွင့် ( transparency) and စိတ်ချနိင်မှု (Accountable)
ရှိတယ်။ အောင်ဆန်းအက်တလီ စာချုပ်ကိုလက်မှတ်မထိုးတဲ့ သခင်ဗစိန်တို့ ကန်
့ကွက်တဲ့ ကွန်မြူပါတီကသဘောထားတင်းမာသူတွေဟာအစိုးရိမ်လွန်တယ်လို့  ကျနော်တို
့ခုချိန်မှာသုံးသပ်လို့ ရတယ်။ မှားတယ်လို့ တောင်သုံးသပ်နိင်ပါတယ်။ ဒါပေမဲ့
သူတို့ ကိုအပြစ်တော့မမြင်စေချင်ဘူး။ နိင်ငံရေးဆိုတာက တဆင့်လောက်ပိုပြီး
တောင်းကြရ၊ လိုခြင်ကြတာရှိတာသဘာဝကိုး။
အောင်ဆန်းအက်တလီစာချုပ်ကိုကြည့်ရင် သာမညတောင်ဆရာတော်ဘုရားကြီးစကားနဲ
့ပြောရရင်တော့ မုဆိုးနတ်သမီးရကိန်း ဖြစ်နေလို့ပဲ။ စာချုပ်ထဲမှာ ပထမပုဒ်က
အချက် ၉ ချက်ပါတယ်။ ၉ ချက်စလုံးဟာ
အလွန်အားရကျေနပ်စရာတွေကောင်းတယ်။ စာချုပ်ထဲပါအမှတ် ၁ ကို
ဖတ်လိုက်ရုံနဲ့ လက်ခမှောင်းခတ်နိင်တယ်။ ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းခေါင်း
ဒုတိယဥက္ကဌအဖြစ်ဆောင်ရွက်သောဘုရင်ခံအမှုဆောင်ကောင်စီကိုကြားဖြတ်အစိုးရအဖြစ်အသိမှတ်ပြုသည်တဲ့။
အမှတ် ၂ - ကာကွယ်ရေးနဲ့  နိင်ငံခြားရေးဟာ ဗိုလ်ချုပ်ဦးဆောင်တဲ့ကြားဖြတ်အစိုးရအောက်မှာရှိမယ်တဲ့။
အမှတ်-၃ - မြန်မာနိင်ငံရောက်နေတဲ့ အင်္ဂလိပ်တပ်တွေကိုတော့ကြားဖြတ်အစိုးရက အုပ်ချုပ်မှုအောက်မှာမရှိဘူး။
အမှတ်-၄ - ကိုယ်ပိုင်ဘဏာရေးရှိမယ်။
အမှတ်-၅ - မြန်မာ အစိုးရသံအမတ်ကြီးတဦး အင်္ဂလန်မှာထားခွင့်ရှိမယ်။
အမှတ်-၆- တပေါင်းတည်းလွတ်လပ်ရေးပေးဖို့ တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုရယူမယ်ဆိုတာနစ်ဖက်သဘောတူတယ်။
အမှတ်-၇- အရွယ်ရောက်သူတိုင်းမဲပေးခွင့်ရှိရမယ်။
အမှတ်-၈ - လွတ်လပ်လာတဲ့လွတ်တော်ကအနာဂတ်မြန်မာနိင်ငံအုပ်ချုပ်ရေးပုံစံကိုဆုံးဖြတ်မယ်။
အမှတ်၉- မြန်မာ နိင်ငံကုလသမဂအဖွဲ့ ဝင်ဖြစ်ဖို့ အင်္ဂလိပ်အစိုးရကကူညီမယ်။
ဒါကအောင်ဆန်း-အက်တလီစာချုပ်တခုလုံးရဲ့  အနစ်သာရပဲ။ ကျန်တာက
အသေးစိတ်ပြန်ဆွေးနွေးချက်တွေ။
အောင်ဆန်းအက်တလီစာချုပ်ကိုတခွန်းတည်းပြောရရင်တော့ အာမခံချက် ရှိတယ်။
တိုင်းပြုပြည်ပြုလွတ်တော်၊ခေတ်ပြောင်းချိန်အမျိုးအစားအစိုးရ၊
ကြားဖြတ်ဥပဒေအဖွဲ့ ၊ ကြားဖြတ်အစိုးရ၊ နိင်ငံခြားရေး၊ ကာကွယ်ရေး၊
နယ်ခြားဒေသဘဏာရေး၊ နောက်ဆက်တွဲ ဆိုတဲ့အချက်တွေပါတယ်။ ဒါတွေကိုကြည့်ရင်
အင်္ဂလိပ်အစိုးရက မြန်မာ နိင်ငံကိုလွတ်လပ်ရေးပေးဖို့ သဘောတူနေတယ်။
ကတိပြုတည်နေတာကိုတွေ့ ရတယ်။ သူတို့ ကတခုစိုးရိမ်တယ်။ မြန်မာ ပြည်ကို
သူတို့ရဲ့ မဟာမိတ်နိင်ငံအဖြစ်နဲ့ ဆက်သွားခြင်တယ်။
လိုအပ်တာတွေဆက်ကူညီခြင်တယ်။ ဒ့ါပေမဲ့  ကွန်မြူနစ်တွေယူဆတာကတော့
ဦးနုတာတေစနေသားမှာတော့ သခင်စိုးတို့က လွတ်လပ်ရေးအတု လိုဆိုတယ်။
ဘာဖြစ်လို့ လဲဆိုတော့ စီးပွားရေးအရမလွတ်လပ်ဖူးလို့ သူကစွပ်စွဲတယ်။ တကယ်က
ဓနသဟာရနိင်ငံထဲမှာရှိနေခြင်းဖြင့်မြန်မာ
နိင်ငံဟာခုလောက်အခြေအနေမဆိုးနိင်ဘူးဆိုတာဘယ်သူမှမငြင်းနိင်တော့ပါဘူး။
ဒီတော့အရင်တုံးက ဆွေးနွေးတာနဲ့ အခုဆွေးနွေးတာဘာကွာလဲလို
့မေးခွန်းကိုပြန်ကောက်ရင် ကွာခြားမှုရှိနေတယ်လို့ ကျနော်ပြောရခြင်းဖြစ်တယ်။
ဒေါ်စုနဲ့  စစ်အုပ်စုတွေ့ ဆုံဆွေးနွေးမှုကိုဆိုးရိမ်တဲ့သူတွေရှိတာ
မလွန်ပါဘူး။ ကျနော်ကိုယ်တိုင်လဲစိုးရိမ်တယ်။ ဒါပေမဲ့ ဒီနေ
့စိုးရိမ်နေတဲ့သူတွေ နဲ့  ဟိုတုံးက စိုးရိမ်နေတဲ့သူတွေရဲ့ 
ကွန်မြူနစ်အမာလိုင်းတွေကိုတန်းတူထားလို့ မရဘူး။ ဘာဖြစ်လို့ လဲ-
အခုဒေါ်စုနဲ့ ဦးသိန်းစိန် တနာရီလောက်တွေ့ နိင်ဖို့ ၊ ၂၃ နှစ်ကြာခဲ့တယ်။
ပြီတော့ဘာတွေသဘောတူညီသလဲဆိုတာကို နှစ်ဖက်စလုံးပြောရခက်နေတယ်။ အဲ့ဒါကိုက
ပြသနာရှိနေသေးတယ်လို့ ပြောလို့ ရတယ်။
အင်္ဂလိပ်ဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်တန်းတူရေတူလက်မှတ်ထိုးနိင်တယ်။
သဘောတူညီချက်တွေက ဘာတွေလဲဆိုတာကို တိုင်းပြည်ကိုသူတင်ပြနိင်ခဲ့တယ်။
ဗိုလ်ချုပ် နဲ့ စကားပြောခဲ့တဲ့အစိုးရက ဒီမိုကရေစီအစိုးရအခုဒေါ်စုနဲ
့ပြောနေတာက စစ်အုပ်စု၊ (ဘောင်းဘီချွတ် စစ်အစိုးရ) ၊ ဘာမှသိသာမြင်သာတဲ့
သဘောတူညီချက်မရှိသေးဘူး။ အင်္ဂလိပ်က ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့
ဘုရင်ခံကောင်စီကို ကြားဖြတ်အစိုးရအဖြစ်အသိမှတ်ပြုတယ်။ စစ်အစိုးရကတော့ ၁၉၉၀
ရွေးကောက်ပွဲကိုလက်ခံဖို့ နေနေသာသာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အသိမှတ်တောင်မပြုသေးဘူးလေ။
အခုသူတို့ ချင်းဘာတွေသဘောတူညီထားတယ်ဆိုတာကျနော်တို့ မသိသေးဘူးပေါ့။ အကောင်းဆုံးကိုမျော်လင့်ထားတယ်။ အဆိုးဆုံးအတွက်လည်းပြင်ဆင်ထားတယ်။
2 comments :
ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ် နိုင်ငံရေး အကျဉ်းသားတွေ အရေးနှောင့်နှေးသွားမယ်။ ဒါကို ဘယ်သူတွေက လုပ်ချင်နေကြတာလဲ။ သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှ ကျွန်တော် မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ နောက်ကွယ်က အကြောင်းကို ဖော်ထုတ်ရမယ်။ ဘယ်သူတွေက လုပ်နေကြတာလဲ။ ဒါကို အကြောင်းပြပြီး နိုင်ငံတိုးတက်ရေး၊ အမျိုးသားပြည်လည် ရင်ကြားစေ့ရေးကို နစ်နာအောင် လုပ်မယ် ဆိုရင်တော့ လွဲသွားလိမ့်မယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
ဗကပသည် သူတို့ဖြစ်ချင်သည်များကို တိုက်ရိုက် အမည်မခံဘဲ ငယ်ရွယ်ကြွတက်ပြီး တိုင်းပြည် အတွက်ဆိုလျှင် အသက်ပင် စွံ့ ရဲသော်လည်း နိုင်ငံရေး အတွေ့အကြုံ နုနယ် သေးသည့် ကျောင်းသားထု တွင်း သို့ထိုးဖေါက်ပြီး ၀ါဒရေးရာများနှင့် မစည်းရုံးဘဲ ဖြစ်စေချင် သည်များကို ကျောင်းသားသမဂ္ဂ အမည်နှင့် ကြေငြာချက်များ ထုတ်ခဲ့သည်။
ဗကပသည် ဦးနေ၀င်း လုပ်မည့်ရွေးကောက်ပွဲကို သူတို့မပါဝင်ရ၍ ရွေးကောက်ပွဲသည် အတုအယောင်ကြီး သာဖြစ်ကြောင်း စစ်မှန်သော ရွေးကောက်ပွဲ ရရန် ကြားဖြတ် အစိုးရဖွဲ့ပြီး ထိုအစိုးရက တရားမျှတသော ရွေးကောက်ပွဲကို ဆောင်ရွက်ပေးပြီး အနိုင်ရ ပါတီကိုလွှဲပေးရမည် ဖြစ်ကြောင်း ကြားဖြတ်အစိုးရ ကို တောင်းဆိုရန် လူထုကို မြောက်ပင့်ပေး လေတော့သည်။
ကြားဖြတ်အစိုးရကို ဦးနေ၀င်းလက်ခံလျှင် ကြိုးစင်တက်ရမည် ဖြစ်ရု လက်မခံနိုင်သည်ကို လူတိုင်းအသိဖြစ်သည်။
ဦးနေ၀င်းထံတွင် စစ်တပ်ရှိ၍ မိမိထံတွင် အပ်တို တစ်ချောင်းမရှိဘဲ ဗကပ သွေးထိုးမှု့ကြောင့် ဦးနေ၀င်း ကိုထွက်ပေါက် မပေးဘဲ ဂျောင်ပိတ် တိုက်ခြင်းသည် မိမိအမှားဖြစ်သည်။
ိကိုမိုးသီးခင်များ
ကိုမိုးသီးရဲ.ထင်မြင်ယူဆချက်တွေဟာရှေ့နောက်မညီဘူးလို.ထင်ပါတယ် ၊ ကိုမိုးသီးကအစပိုဒ်မှာ အခြေအနေတူသလားလို.မေးတော့... မတူဘူးလို. ဖြေပါတယ် ၊ အခြေအနေမတူတဲ့အတွက်ကြောင့် ဆက်ပြီးနှိုင်းယှဉ်စရာမလိုဘူးလို.ထင်ပါတယ် ... အခြေအနေအလားသဏန်တူတဲ့ဖြစ်ရပ်များကိုသာနှိုင်းယှဉ်ရမှာပါ ... မေးခွန်းကရှင်းပါတယ် .... လူအခွင့်အရေးတွေ၊ဒီမိုကရေစီတွေအကြောင်းပြောလွန်းတဲ့ကိုမိုးသီးကျွန်တော့်ကွန်မန်.ကိုဒီတစ်ခါဖော်ပြပေးလိမ့်မယ်လို.ထင်ပါတယ်၊
ခင်မင်လျှက်
Post a Comment